ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, March 15, 2011

ရေဒီယိုသတ္တိကြွမှု ကို ကာကွယ်ရန်

တိုကျို မှာ ရေဒီယိုသတ္တိကြွမှု ရှိနေပြီလို့ သိရပါတယ်။ရှင်ဂျီကု မှာ ၀.၈ လို့ ဆိုထားပါတယ် အခုဘယ်လောက်ထိရှိသလဲ တော့ မသိပေမဲ့
ဘယ်လိုကာကွယ်မလဲ ဆိုတာ သိသလောက်ရေးမှာပါ

အဲဆော့ပန်ကာတွေ မဖွင့်တာကောင်းပါတယ်
အဲကွန်းပါ မဖွင့်ရပါဘူး
အိမ်တံခါးတွေ လုံခြုံအောင်ပိတ်ထားရပါမယ်

အိုင်အိုဒင်းဆေးသောက်ရမယ်လို့ ဆိုထားပါတယ်

အပြင်သွားရရင်
ပြန်လာတဲ့ အဝတ်အစားတွေကို ပလပ်စတစ်အိတ်ထဲထည့်ပြီးသီးသန့် ထားရပါမယ်
ခေါင်းကနေ ရေလောင်းပြီးချိုးရပါမယ် ၅မိနစ်လောက် ချိုးရပါမယ်။
အပြင်သွားရင် လက်အိတ် နှာခေါင်းစည်း လည်ပင်းစည်း (လည်ပင်းဂလင်းကပိုမိုစုပ်ယူတတ်လို့ )ခေါင်းစွပ် တကိုယ်လုံးလုံလုံ ခြုံခြုံ သွားရပါမယ်။

ဂျပန်မှာ အမြင့်ဆုံးရေဒီယိုသတ္တိကြွမှု က ၂၃ အထက်မှာရှိနေပါတယ်။
စိုင်တမကမ်မှာ ၁.၂ လို့ ဆိုပါတယ်
အမြဲတမ်းပြောင်းနေပါတယ် တိုးလာမှာလား နည်းသွားမှာလား မသိနိုင်ပါဘူး

မနက်ဖြန် ၁၆-၃-၂၀၁၁ မှာ အမေရိကန်က ကျွမ်းကျင်ပညာရှင်တွေ ရောက်လာမှာပါ။

4 comments:

  1. ကိုငဝန်နဒီ နဲ့ တခြားသော ဂျပန်ကလူတွေ ဘေးရန်ကင်းရှင်းကြပါစေလို့ မေတ္တာပို့ ဆုတောင်းပေးနေပါတယ်။

    ReplyDelete
  2. ကျေးဇူးပါခင်ဗျာ ငလျှင်ထက်ကို ရေဒီယိုသတ္တိကြွတာကိုကြောက်နေတာပါ။
    အမြဲစောင့်ဖတ်နေပါတယ်။ဂျပန်ရောက်နေပေမယ့် စာမဖတ်တက်
    စကားမပြောတက်နဲ့ ဒီလိုဘလော့ဂ်မျိုးတွေပဲ အာသာငမ်းငမ်းလိုက်ဖတ်နေရပါတယ်။
    သေစရာရှိ ရင်ဂျပန်ရောက်ပြီးဂျပန်စာနားမလည်တဲ့ဗမာတွေက အရင်သေမှာပါ။ဆက်လက်ပြီးဝေမျှနိုင်ပါစေ။

    ReplyDelete
  3. ဘရိုရေ
    နေကောင်းလားအဆင်ပြေလားဗျ...
    အခြေအနေဘယ်လိုလဲဗျ...
    မတွေ့တာကြာပြီနော်....ဂျီတော့မှာ...

    ReplyDelete
  4. ရွှေပြည်သူ ကျေးဇူးတင်ပါတယ်ခင်ဗျာ...

    ReplyDelete