ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, March 20, 2011

နျူကလီးယားဓာတ်ပေါင်းဖို နောက်ဆက်တွဲ အကျိုးဆက်များ

ဂျပန်နိုင်ငံ ဖူကူရှီးမားရှိ နျူကလီးယား စွမ်းအင်သုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ (၂)ရုံ ပေါက်ကွဲမှုဖြစ်လာတော့ နောက်ဆက်တွဲ ဖြစ်လာမှာကတော့


နျူကလီးယား ဓါတ်ရောင်ခြည် နှင့် ရေဒီယို ဓါတ်သတ္တိကြွ ပစ္စည်းယိုစိမ့်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်

စက်ရုံကနေ မိုင် ၁၀၀ ခန့် အကွာမှာရှိတဲ့ အမေရိကန် စစ်သင်္ဘော USS Ronald Reagan က ဓါတ်ရောင်ခြည် ပမာဏ အနည်းငယ် တိုင်းတာရရှိကြောင်း ထုတ်ပြန် ကြေငြာထားပါတယ်။


စီဇီယမ် နှင့် အိုင်အိုဒင်း ရေဒီယိုဓါတ် သတ္တိကြွ အိုက်ဆိုတုပ်များ စက်ရုံ ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေနိုင်ကြောင်း
့ အာဂွန်နှင့် နိုက်ထရိုဂျင် များလည်း ပျံ့နှံ့နေနိုင်ပါတယ်။
ယူရေနီယမ်နှင့် ပလူတိုနီယမ်များ ပျံ့နှံ့တတ်ပါတယ်။ပျံနှံတာ မတွေ့ရကြောင်း ဆိုပါတယ်။

လူတွေကို ဘယ်လို အန္တရာယ် ပေးနိုင်တာလဲဆိုတော့

ရေဒီယိုဓါတ်သတ္တိကြွ အိုင်အိုဒင်းတွေကြောင့် သိုင်းရွိုက်ကင်ဆာ ရောဂါ ဖြစ်နိုင်ပါတယ်။

ရေဒီယိုဓါတ် သတ္တိကြွနေတဲ့ စီဇီယမ်တွေဟာ လူခန္တာကိုယ်ရဲ့ ပျော့ပျောင်းတဲ့ တစ်သျှူးမျှင်များတွင် တွယ်ကပ်နေတတ်ပါတယ်။

ပလူတိုနီယမ် တွေကတော့ အရိုးနှင့် အသည်းမှာ နေနိုင်ပါတယ်။

ရေဒီယိုဓါတ်သတ္တိကြွနေတဲ့ နိုက်ထရိုဂျင် တွေကတော့ စက္ကန့်ပိုင်းအတွင်း ပျက်စီးသွားနိုင်ပါတယ်။

အာဂွန်တွေကတော့ ကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး။

ယူရေနီယမ်ချောင်းတွေကတော့ အရည်ပျော်မှတ် မြင့်တဲ့အတွက် အရည်ပျော်နိုင်ခဲ။အငွေ့ပျံနိုင်ခဲ ပါတယ်။


ဇာကိုနီယမ် သတ္တုကို နျူလောင်စာချောင်းတွေ ထည့်တဲ့ Casing အနေနဲ့ အသုံးပြုတာပါ။
အပူချိန် သိပ်မြင့်မားတဲ့အခါ ဇာကိုနီယမ်ထဲက ရေနွေးငွေ့တွေဟာ ဟိုက်ဒရိုဂျင် နှင့် အောင်ဆီဂျင် အဖြစ် ကွဲထွက်သွားစေပါတယ်။ ဇာကိုနီယမ် နှင့် ဟိုက်ဒရိုဂျင် ၊ အောက်ဆီဂျင်တို့ အရောအနှောဟာ ပြင်းထန်စွာ ပေါက်ကွဲပါတယ်။

အဆုပ်ကင်ဆာ၊ သွေးကင်ဆာကဲ့သို့ ရောဂါများဖြစ်ပွားနိုင်ပါသည်။ နို့စို့အရွယ်ကလေး သေဆုံးမှုဖြစ်တတ်ပါသည်။

အိုင်အိုဒင်း ဆေးပြားများ လုံလောက်စွာ စားသုံးခြင်းဖြင့် ၄င်းသိုင်းရွိုက်ကင်ဆာရောဂါမှ ကာကွယ်နိုင်ပါတယ်။

အိုင်အိုဒင်း ဆေးပြား သောက်ထားလို့ လူခန္ဓာကိုယ်ထဲမှာ လိုအပ်တဲ့ အိုင်အိုဒင်း အပြည့်အဝရှိနေရင် လေထုထဲမှာရှိတဲ့ အခြား အိုင်အိုဒင်းကို မစုပ်ယူနိုင်တော့ပါဘူး။

ခန္ဓာကိုယ်ထဲမှာ ရေဒီယို သတ္တိကြွခြင်း မရှိတဲ့ အိုင်အိုဒင်းတွေနဲ့ ပြည့်နေတဲ့အတွက် ရေဒီယိုသတ္တိကြွနေတဲ့ အိုင်အိုဒင်းတွေ စုပ်ယူနိုင်ခြင်း မရှိအောင် ကာကွယ် ပေးနိုင်ပါတယ်။

ရေဒီယို သတ္တိကြွနေတဲ့ အိုင်အိုဒင်းတွေကတော့ ပျက်စီးလွယ်ပါတယ်။

တစ်လအတွင်းမှာပဲ အိုင်အိုဒင်းတွေ ပျောက်ကွယ်သွားမှာပါ။

ရေဒီယို သတ္တိကြွနေတဲ့ စီဇီယမ်တွေကတော့ ခန္ဓာကိုယ် ထဲမှာ အကြာကြီးမနေနိုင်ပါဘူး။ တစ်နှစ်အတွင်း ခန္ဓာကိုယ် ထဲက ထွက်သွားမှာပါ။

ဒါပေမဲ့ နျူစက်ရုံ ပေါက်ကွဲရာ ပတ်ဝန်းကျင်မှာတော့ နှစ်ပေါင်း များစွာ ပြဿနာ တစ်ရပ် အသွင်အနေနဲ့ ဆက်လက် တည်ရှိနိုင်ပါတယ်။

No comments:

Post a Comment