ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, March 25, 2011

အနည်းဆုံး ၇၅ ဦးသေဆုံးပြီး တစ်ရာကျော် အိုးမဲ့ အိမ်မဲ့ ဖြစ် သော ငလျင်

မြန်မာ၊ လာအို၊ ထိုင်း သုံးနိုင်ငံထိစပ်ဒေသတွင် အင်အားပြင်း ငလျင်လှုပ်

မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံမြောက်ပိုင်း အနီးတွင် မတ် (၂၄) ရက် ည မြန်မာစံတော်ချိန် (၈) နာရီခွဲတွင် ရစ်ခ်ျတာစကေး (၇) ပြင်းအားရှိသည့် ငလျင် (၂)ခု လှုပ်ခဲ့ကြောင်း အမေရိကန် မြေငလျင်လေ့လာရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ငလျင်သည် မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံတို့ ထိစပ်နေသည့် ရွှေတြိဂံနယ်မြေတွင် ဗဟိုပြုလှုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုငလျင်ကြောင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် မြန်မာနိုင်ငံအတွင်းပိုင်း စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်းများအထိ လှုပ်ခတ်ခဲ့ပြီး။ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက် အပါအ၀င် ချင်းရိုင်၊ ချင်းမိုင် မြို့များထိ ရိုက်ခတ်ကာ ချင်းရိုင်မြို့ မြောက်ပိုင်းတွင် အမျိုးသမီးတဦး အုတ်တံတိုင်းပိ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်။ ဗီယက်နိုင်ငံ ဟနွိုင်းမြို့ အထပ်မြင့်အဆောက်အဦးများမှ လူများပြောင်းရွေ့ခဲ့ရကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြခဲ့သည်။

No comments:

Post a Comment