ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, March 31, 2011

သမ္မတသစ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်က ဒီမိုကရေစီစနစ် စတင်ကူးပြောင်း ကျင့်သုံးတော့မည်


သမ္မတသစ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်က ဒီမိုကရေစီစနစ် စတင်ကူးပြောင်း ကျင့်သုံးတော့မည်ဟု ပြည်သူလူထုသို့ ရုပ်သံမှတဆင့် ပြောဆိုလိုက်သည်။

ဦးသိန်းစိန်သည် နအဖ အစိုးရထံမှ အာဏာ တရားဝင် လွှဲပြောင်းရယူပြီး ပြည်သူလူထုသို့ သမ္မတသစ် တဦးအနေဖြင့် ပထမဆုံး ပြောဆိုသော မိန့်ခွန်းတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း ပေါ်ပေါက်လာသော အစိုးရသစ်ကို လက်ခံစေလိုကြောင်း၊ ဒီမိုကရေစီရေးအပြင် လူ့အခွင့်အရေး၊ အလုပ်သမား၊ လယ်သမား အရေးများကို ဖွဲ့စည်းပုံ ဥပဒေအရ ဆောင်ရွက်သွားမည် ဟုလည်း ပြောဆိုသွားသည်။

နအဖ စစ်အစိုးရက အတည်ပြုထားပြီး လက်ရှိအချိန်ထိ အငြင်းပွားနေဆဲဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံပါ အားနည်းချက်များကို ပြန်လည် ပြုပြင်နိုင်ရန် အချက်တချို့ကို ဖွဲ့စည်းပုံတွင်ရေးဆွဲထားသည့်အတိုင်း ပြင်ဆင်သွားမည်ဟုလည်း ဦးသိန်းစိန်က ဆိုသည်။

နိုင်ငံတော်အားကာကွယ်ရန်အတွက် ကမ္ဘာ့အဆင့်မီ တပ်မတော်တခုရှိရန် လိုအပ်၍ စစ်တပ်ကိုအင်အား တိုးချဲ့သွားမည်ဟု လည်း သမ္မတသစ် က ဆိုသည်။(ကမ္ဘာ့အဆင့်မီ လေယာဉ်တင်သင်္ဘောံ၊ရေငုပ်သင်္ဘောံ ဝယ်မည်နေပြည်တော်တွင်ရပ်နားမည်။အဏုမြူဗုံး နယူကလီးယား ပိုင်ဆိုင်ပြီး နေပြည်တော်တွင်တည်ဆောက် မည်)

သေချာတာကတော့ စစ်တပ်ကနေ အရပ်သားအစိုးရကို အာဏာ လွှဲပေးလိုက်သည်။(ဘောင်းဘီချွတ် အစိုးရသစ်)(ဘောင်းဘီချွတ် အစိုးရသစ် ကို ဘောင်းဘီ ကျွတ် အစိုးရ ဖြစ်လာဖို့ ကတော့ ပြည်သူတွေ က တဖြည်းဖြည်းလုပ်ယူရပေမည်)
(ဘောင်းဘီချွတ် ဖို့ အထိသာသူတာဝန် ယူပေမည်။ )

အစိုးရသစ်သည် ပြည်သူများအား လုပ်ဆောင်ပေးသွားမည်ဟု ကတိပေးပြောဆိုသည့်အတိုင်း လုပ်ပေးမည်ဆိုပါက မြန်မြန် အကောင်အထည် ဖော်ပေးလျှင်ကောင်းပေမည်။(မြန်ပြည်က ဆိုင်းဘုတ် များ အတိုင်းလုပ်နေသည်မှာ နှစ်များစွာကြာနေပါပြီ)

သမ္မတသစ် ဦးသိန်းစိန်၏ မိန့်ခွန်းတွင် နိုင်ငံရေးပါတီ အများစုကတောင်းဆိုနေသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးကို ပြောဆိုမသွားသည့်အပြင် လွှတ်တော်အစည်းအဝေးများမှလည်း ပယ်ချခံခဲ့ရသည်။

လွှတ်တော် အစည်းအဝေး တက်ရောက်ခဲ့ကြသော ကိုယ်စားလှယ်များကမူ ပြည်သူများကိုယ်စား တင်ပြ ဆွေးနွေးခဲ့သော အဆိုများကို လွှတ်တော်က ပယ်ချခံခဲ့ရ၍ အားရကျေနပ်မှု မရှိခဲ့ကြကြောင်း၊ အစိုးရသစ်သည်လည်း ပြည်သူများအတွက်
ထူးခြားသော ပြောင်းလဲမှုကို လုပ်ပေးနိုင်မည်ဟု မထင်ကြောင်း ပြောဆိုကြသည်။

နအဖ မှ ပြည်ထောင်စု သမ္မတ နိုင်ငံတော်သို့ ပြောင်းလဲ၍ အစိုးရသစ် ပေါ်ပေါက်လာခြင်းကို ကမ္ဘာ့ကုလသမဂ္ဂက ကြိုဆိုလိုက်ပြီး အများလက်ခံနိုင်သော အပြောင်းအလဲများအတွက် အစပြုရန် တိုက်တွန်းသည်ဟု ဆိုသည်။

အမေရိကန်အစိုးရကမူ အရပ်သားအစိုးရသစ်ဖွဲ့လိုက်သော်လည်း စစ်ယူနီဖောင်းချွတ် ဗိုလ်ချုပ် ဟောင်းများက အရေးကြီး သည့် နေရာများကို ဆက်လက်ယူထားသည့်အတွက် ကြီးမားသော အပြောင်းအလဲ မဟုတ်ကြောင်း၊ အဓိကကျသည့် ဆုံးဖြတ် ချက်များနှင့်ပတ်သက်ပြီး စစ်အုပ်စု သြဇာ သက်ရောက်နေဆဲဖြစ်သည်ဟု ယူဆကြောင်း၊ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု မူဝါဒကို ဆက်လက်ကိုင်စွဲကျင့်သုံးသွားမည်ဖြစ်ပြီး အစိုးရသစ်နှင့်ထိတွေ့ဆက်ဆံရေးကိုလည်း ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

No comments:

Post a Comment