ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, March 1, 2011

လေယာဉ်တင်သင်္ဘော USS Kearsarge အုပ်စု ဟာ စူးအက်တူးမြောင်းကို ဖြတ်ကျော်ပြီး၊ မယ်ဒီတေးရီးယန်း ပင်လယ်ကို ဦးတည်ခုတ်မောင်းလာနေပါပြီ။



လစ်ဗျား နိုင်ငံ မြို့ တော် ထရီပို ၏ အရှေ့ ဘက် မိုင် ၂၀ ခန့် အကွာ မှာ မြို့ စောင့် တပ် တစ်ခု ကို ရေနံတွင်းစောင့်တပ်(နယ်တပ်) များ နှင့် ပြည်သူများက ယနေ့ စီးနင်းထားစဉ် Photo : Aljazerra ဂျက်ဖရီ၊ ၊ခောတ်မှီ လက်နက် တွေ တပ်ဆင်ထားပြီး စစ်သား ဦးရေ ခြောက်သိန်း ကျော်ရှိကာကဒါဖီကငှားရမ်း ထားသည့် ကြေးစားတပ်အင်အား ငါးသောင်းကျော် ရှိသည့် လစ်ဗျားအာဏာရှင်ကို အံတုနေ သည့် လစ်ဗျား ပြည်သူများ ကို ကူညီရန် အလို့ ငှာ အမေရိကန် ရေတပ်မတော်လက်အောက် ခံ လေတပ် နှင့် အခြားတပ်ရင်း တပ် ဖွဲ့ များသည် ၎င်း သို့ စခန်းချရာ နေရာတစ်ခု မှမြေထဲ ပင်လယ်ရှိ လစ်ဗျား နိုင်ငံ ရေနက် ဆိပ်ကမ်း နေရာ သို့ ခုတ် မောင်းနေပြီ ဖြစ်သည်။ထိုစစ်ရေယာဉ် အုပ်စု တွင် တိုက်ခိုက်ရေး ရဟတ် ယာဉ် ၁၄ စီး နှင့် တိုက်လေယာဉ် ၁၀ စီးပါဝင်သည်။
လစ်ဗျား နိုင်ငံ တွင် အာဏာရှင် ဘက်မှ ပါဝင် တိုက်ခိုက် နေသည့် ကြေးစားစစ်သား များ ကိုလည်း ထွက် ခွာသွားရန် အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီး ဟီလာရီ ကလင်တန် က ပြောကြားထားသည်။ယခုထွက်ခွာသွား သည့် စစ်သင်္ဘော အုပ် စု သည် ယခု သီတင်း တစ်ပတ် အတွင်းပင်တဂွန်စစ်ဌာနချုပ် မှ ရေး ဆွဲ လိုက်သည့်  စစ်ရေး စီမံ ချက် တစ်ခု အောက် မှ လှုပ်ရှား အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
လစ်ဗျား ခေါင်းဆောင် ကဒါဖီ သည် ၁၉၆၉ ခု နှစ် နိုင်ငံအာဏာကို သိမ်းပိုက် ပြီးချိန် မှ စ၍အတိုက်အခံ များကို ရက်ရက် စက်စက် နှိပ် ကွပ်ကာ ၎င်း ၏ အာဏာစက် ကို ထူထောင်ခဲ့သည်။
ကဒါဖီ သည် အာဏာရှင် နိုင်ငံ များ အနက် အတောင့်တင်းဆုံး နှင့် တိုက်စွမ်း ရည် အကောင်းဆုံးသောစစ်တပ် ကို ပိုင်ဆိုင် ထားသူ ဖြစ်သည်။
ဖေဖ်ာဝါရီလ ၁၅ ရက်နေ့  လစ်ဗျား တော်လှန်ရေး စတင် ချိန်မှ ယခု အချိန် ထိ လစ်ဗျားပြည်သူ အနည်း ဆုံး၁၀၀၀ ကျော်ခန့် ကို ကဒါဖီ က သတ် ဖြတ် ပြီး ဖြစ်သည်။

လစ်ဗျား အာဏာရှင် ကဒါဗီ ရဲ့ လက်ကိုင်ဒုတ် တပ်ဖွဲ့ဝင်များက လစ်ဗျားပြည်သူများ ကို လေကြောင်းမှ ဗုံးကြဲပြီး သတ်ဖြတ် တိုက်ခိုက်နေမှုကို ရပ်တန့်အောင် ဆောင်ရွက်ဖို့ အသင့်အနေအထားရှိစေရန် ပင်လယ်နီ မှာ အခြေစိုက်ထားတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော USS Kearsarge အုပ်စု ဟာ စူးအက်တူးမြောင်းကို ဖြတ်ကျော်ပြီး၊ မယ်ဒီတေးရီးယန်း ပင်လယ်ကို ဦးတည်ခုတ်မောင်းလာနေပါပြီ။ ဒီလေယာဉ်တင်သင်္ဘောမှာ ဟယ်လီကော်ပါတာ များ၊ ဟယ်ရီယာ တိုက်ခိုက်ရေး ဂျက်တိုက်လေယာဉ်များနဲ့ အတူ မရိမ်းအထူးစစ်သည် ၇၀၀ ကျော်ပါရှိတယ်လို့ သိရှိရပါသည်။ ဒီ လေယာဉ် တင်သင်္ဘော USS Kearsarge အုပ်စု ဟာ လစ်ဗျား လေပိုင်နက်မှာ လေယာဉ် မပျံသန်းရ (No Fly Zone) ကို အရေးယူစောင့်ကြည့်ဖို့ ဖြစ်လာနိုင်ကြောင်း သတင်းများတွင်ဖော်ပြထားပါသည်။

No comments:

Post a Comment