ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, April 29, 2011

ဇာတိ သစ္စာ

ကတိ မပါ
အရာရာ နတ္ထိ ဗလာ

မေ့မရတာ မရှိ
သတိရ စရာ မလို

သူ မခွာ ပါ
မွေးဌာနေ ကိုသာ

ကာရန် မလို
ဘေးရန် ရှိလဲ မသိသလို

ဒီနေရာ မှာ
ပြည့်စုံ ကြီးပြင်းလာ

အရာရာ ကို ရင်ဆိုင်
တုနှိုင်း လို့ သာ ယှဉ်ပြိုင်

ဆူနာမီ ကို ဖြတ်ကျော်လာခဲ့
ဘာတွေလာလာ သတ္တိ မာန်မဲ့

ဘဝ လမ်းဆုံး
နေရာ သစ်မှာ စာစီမကုံး

ဒီမြေ ဒီရေ ဒီလေ
ဘာတွေ ဖြစ်ဖြစ် မျက်ရည်တွေဝေ

နောက်နေ့  ရက်တွေ ခရီးတို
နေညိုချိန် ချိန်ခါနှောင်းကို

မီးမလာ လို့ ရတယ်
ရေမလာ လို့ လဲ နေတယ်

လွမ်းစရာ မလို
တမ်းတကာ မဆို

ဖော်ဆွေ မပါ ဇာတိမြေ မှာ
တစ်ဖဝါး မခွာ သစ္စာ ရှိနေ သူပါ။ ။


( ဆူနာမီ ခံရပြီး အသက် ရှင် ကျန်ခဲ့ပြီး နယူကလီးယား ပလန့်  အန္တရာယ် ရေဒီယိုသတ္တိကြွ တို့ ကို အမှုမထား ပဲ မွေးရာ ဇာတိ မြေကနေ တစ်ဖဝါး မှ မခွာ ပဲ သစ္စာရှိစွာ ဆက်လက် နေထိုင်သော ဇာတိမြေ မခွာသူ ဘဝ များအတွက်)

No comments:

Post a Comment