ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, April 6, 2011

အိုင်ဗရီကို့စ်မှာ ဒီမိုကရေစီ ရဖို့ နီးစပ်လာပါပြီ

အောင်ပွဲရ ဒီမိုကရေစီ အင်အားစု များ

လော့ရင့် ဘက်ဘို ၏ စစ်ဘက် အဆင့် မြင့် ပုဂ္ဂိုလ် နှစ်ဦးက ပြင်သစ် တပ်များ ထံ လက်နက် ချပြီး
နောက် လော့ရင့် ဘက်ဘို သည် သမ္မတ နန်းတော် အနီး ရှိ ဘန်ကာ တစ်ခု ထဲ တွင် ပုန်းအောင်နေ
သည် ဟု ပြင်သစ် ရုပ် သံ France 24 မှကြေငြာ သွားသည်။



ပြင်သစ် ကာကွယ်ရေး ၀န်ကြီး ဂါရက် လောင်းနေး က” တိုက်ပွဲ တွေ အားလုံး ပြီးသွားပြီး ဘက်ဘို တပ်
တွေ အညံခံ တယ် သူ့ ကို ရှာတွေ ဖို့ ပဲ လိုတယ် ” ဟု ပြောသည်။

၎င်း ထွက်ပြေး ရန် စီစဉ် ထား သည့် ရဟတ်ယာဉ် သည့် ပြင်သစ်တပ် များ ၏ ဒုံးကျဉ် များ ကြောင့် မီး
လောင် ပျက် စီး သွားပြီ ဖြစ်သည်။

ကုလ သမဂ္ဂ နှင့် ပြင်သစ် ငြိမ်းချမ်းရေး ထိန်းသိမ်း ရေး အဖွဲ့ ရဟတ်ယာဉ် များ က လော့ရင် ဘက်ဘို ၏
သမ္မတ နန်းတော် နှင့် အစောင့် စစ်တပ် ကို ၀ိုင်းဝန်း တိုက် ခိုက်မှု ကြောင့် သမ္မတ လော့ရင့် ဘက်ဘို မှာ ကုလ
သမဂ္ဂတပ် များ နှင့် နှုတ်ထွက် ပေးရေး စတင် ဆွေး နွေး နေပြီ ဖြစ်သည်။

ရွေး ကောက်ပွဲ အနိုင်ရ အလက်ဆန် ၀တ်တရာ ကို ထောက် ခံသည့် တပ်များ က သမ္မတ အိမ်တော် ကို သိမ်းပိုက်လိုက်
ပြီ ဖြစ်သည်။ နောက် ဆုံး ရ သတင်း များ အရ ဘက်ဘို သည် ကာသိုလစ် ဘုရား ကျောင်း တစ်ခု ထဲ တွင် ၀င်
ရောက် ပုန်းအောင်း နေပြီ ဖြစ်ပြီး ၊ အစိုးရ ပိုင် ရုပ် သံ ဌာန ကြေငြာ သူများ သည် လည်း ရုပ်ဖျက်ပြီး ထွက်ပြေး
ကြပြီ ဖြစ်သည်။

No comments:

Post a Comment