ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, April 16, 2011

မနက်ဖြန် ဆို မြန်မာ နှစ်သစ် ဆန်း ၁ ရက် နေ့  နှစ်ဟောင်း ဘာ တွေ ထားခဲ့မှာလဲ နှစ်သစ်မှာ ဘာ လုပ်မှာလဲ

မြန်မာ နှစ်ဆန်း ၁ ရက်နေ့ မရောက်ခင် နှစ်ဟောင်းမှာ ဘာတွေ ချန်ခဲ့ မှာလဲ နှစ်သစ်မှာ ဘာတွေ ယူဆောင်သွားမှာလဲ။

တကယ်တော့ နှစ်ဟောင်းကုန် နှစ်သစ်ကူး မှာ အကောင်းတွေ ဘဲ ဘယ်သူမဆို သယ်ဆောင်သွားချင်တာပါ။မကောင်းတာတွေ ကို မတွေး ပဲ အသစ် တွေ မှာ အကောင်းတွေ စဉ်းစား ရင်း လုပ်စရာရှိတာ လုပ်ရမှာ ပါ။

နှစ်ဟောင်းမှာ ဘာတွေ လုပ်ခဲ့သလဲ။

အရင်က ငဝန်နဒီ ကို လာကြည့် တဲ့ သူတွေ ၄ ယောက် ၅ယောက် ကျော်ပြီး ၁၀ ယောက်လောက်ဆို ပိုစ့် တွေ ထပ်မတင်ပဲ ထား တာပါ

ဒါပေမဲ့ အခုတော့ အများအတွက် ကောင်းတာတွေ နောက်ကျဖို့  မသင့်တာတွေ ရှိလာ တော့ တစ် နာရီပဲ စော သိသိ အဆင်ပြေတာနဲ့  တင်ပေးတတ်လာတယ်။

တစ်ယောက်ယောက်ကို အကျိုးပြုမှု ပဲ ရှိရှိ ရေးတင်တာပါ။

အရင်ကဆို တစ်ချို့  အယူအဆတွေ အများအတွက် မသင့်တော်တာ တွေ ယူသွားမှာ စိုးလို့ မတင်တာပါ။

အခု ငလျင်တွေ ဖြစ် ဘာတွေ ဖြစ် ဆိုတော့ ဘယ်ဟာကို ဘယ်လို ရှိတယ် ဆိုတာ သတင်း နောက်ကျ တာတွေ ထိမ်ချန်တာတွေ သိပေမဲ့ တိုက် ရိုက် မရေးသင့် တာတွေ ကို တစ်မျိုးမျိုး နဲ့ လှည့်ပတ်ရေး တင်နေရတာပါ။

ဒီအတွက် ရအတဲ့ အချိန်မှာ သတင်းတွေ ဖတ် စာတွေ ဖတ်တင် တာပါ။

သူတစ်ပါးကို အပြစ် မပြောချင်တာထက် သူအယူအဆနဲ့ သူ လို့ သတ်မှတ်တာပါ။နစ်နာတဲ့ သူတွေ မည်သူကိုမှ မဖြစ်စေချင်တာပါ။

နှစ်ဟောင်းမှာ တွေ့ လိုက်တာက လူတွေ ကြောက် တော့ ကြောက် တတ်တယ် ။
ကာကွယ်ဖို့  ငွေ ကုန်မှာ အခြေအနေ ဘယ်လို ဆိုတာ မစဉ်းစား မဆင်ချင်ကြတာပါ။

ငလျင် ကြောက်တယ် ဆိုပြီး နေတာ တစ်ထပ် နှစ်ထပ် အိမ် ယက်မ သေးသေးနဲ့  အိမ် ပိစရာ သိပ်မရှိသောအိမ် ငလျင်လာတော့ ကြောက်လို့  ဆိုပြီး အထပ်မြင့် တိုက်တွေ ကြား ကနေ ၅ မိနစ်ကျော် ကြာပြေး ရတဲ့ ကွင်းပြင် ကို ရှာ တာ မဆင်ချင် တတ်တာ ကိုယ် နေတဲ့ အိမ်ပြိုလို့  ဘာမှ မဖြစ်ဖူး တိုက်ပိမှ တကယ် အတိဒုက္ခ။

စားပွဲ ကောင်းကောင်း တစ်လုံး ရယ် ကိုယ့် အရပ်ထက် မမြင့်အောင် ပစ္စည်းတွေထားရမှာ ကို လဲ ဂရုမထားပဲ ကြောက်တယ်အော် နေလို့  မရ။

အဲလိုမျိုးတွေ တွေ့ ရတော့ စိတ်မကောင်းရုံကလွဲလို့ ဘာမှ မတတ်နိုင်။

နှစ်ဟောင်းမှာ မသိသလို နေရသလို တတ်နိုင်တာတွေ ကူညီဖြစ်တာတွေ အတွက် စိတ်ချမ်းသာ ရပါတယ်။

ပြဿနာတွေ ဂျပန်မှာ ဖြစ်တော့ လိုသူ မလိုသူ ဆိုတာတွေ သူသမိုင်းသူရေးတာတွေ တွေ့ ရခဲ့ရတယ်။

မြန်ပြည်က သူငယ်ချင်း ပုသိမ်သား တစ်ယောက်ဆို အခြေအနေ သိဖို့  ခရီးသွားနေတဲ့ ကျွန်တာ် မိခင်ဆီ ဖုန်းမရရအောင်ဆက်ပြီး သတင်းမေးတာ တွေ တစ်ခြား နိုင်ငံတွေ ရောက် နေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ မေးတာ တွေ က ကျေးဇူးတင်ရပါတယ်။

နဂိုထဲ က အပေါင်းအသင်းနည်း တဲ့ သူ အခုတော့ အများအကျိုး အတွက် ပို အချိန်ရတာကို သိလာရတယ်။

ကောင်း မှုတွေ လုပ် နိုင်သရွှေ့  လုပ် နိုင်ဖို့  ဒီ မှာ နေတာ ပို အဆင်ပြေမှာသိလို့  အန္တရာယ် ရှိမယ် မှန်း သိရဲ့ နဲ့  တစ်စုံ တစ်ခုခု ကို အကျိုး ပြု နိုင်ရင် ကျေနပ်စရာပါ။

ဒီမှာ ပြဿနာတွေ ရှိချိန် မှာ မြန်ပြည် ဆရာမ တစ်ယောက် အတွက် လွယ်လွယ်ကူကူ ကူညီနိုင်တာ ဒီမှာ မို့ လို့ ကူညီနိုင်တာ အန္တရာယ် ကြားမှာ နေရကျိုး နပ်ပါတယ်။

နှစ်သစ်မှာ တော့ အကောင်း တွေ လုပ်နိုင်အောင်ကြိုးစားရင်း.... မြန်မာ နှစ်သစ်ကို ကြိုဆို လိုက်ပါတယ်။

No comments:

Post a Comment