ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, May 18, 2011

ရန်ကုန်-မန္တလေးရထား ဗုံးကွဲ ၂ ဦးသေ ၇ ဦး ဒဏ်ရာရ

ရန်ကုန်မှ မန္တလေးသို့ သွားသော စာပို့ရထားတစီးပေါ်၌ ဗုဒ္ဓဟူးနေ့ ညနေ၄ နာရီခန့် တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ခရီးသည်နှစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားသည်ဟု မျက်မြင်သက်သေများက ပြောသည်။

အမှတ် ၃ အဆန် ရထားသည် မန္တလေးတိုင်း ပျဉ်းမနားခရိုင် တပ်ကုန်းမြို့နယ်အတွင်းရှိ ရွှေမြို့နှင့် ဆင်သေဘူတာအနီးတွင် ရိုးရိုးတန်းခရီးသည်တွဲ၌ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးသွားပြီး ဒဏ်ရာရသူ ၇ ဦးကို တပ်ကုန်းမြို့ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု ဆိုသည်။

No comments:

Post a Comment