ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, May 19, 2011

အငွေ့  မစားဘူးကွ

သတင်းတွေ ရေးရင်း ဟာသ လေးတွေ ပြန်ရေးပါရစေ။
တစ်ခါက လူငယ်တွေ တစ်စု လှည်းတန်းက လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း လမ်းသွားလမ်းလာများငေးမော တွေးတော စိတ်ကူးယဉ်ရေလျင်ကြော မှာ မျှော်ပါနေကြတာပေါ့...

ဒီလိုနဲ့  လူငယ်တွေ ရဲ့  အသိ အန်ကယ်ကြီးတစ် ယောက် ဖြတ်သန်းသွားတော့
ဟာ အန်ကယ်ကြီး စိတ်ပျို ကိုယ်နုအောင် ကျွန်တော်တို့ နဲ့  လက်ဖက်ရည် အတူတူသောက် ရင်း ဟိုငေး ဒီငေး လုပ်ရအောင် ခေါ်သတဲ့

ဒီတော့ မင်းတို့ ဟာက မျက်စိ အစာကျွေးနေကြတာကိုး

အေးအေး မင်းတို့ ဟာ မင်းတို့  မျက်စိ အစာပဲ စားကြ...

ငါ ကတော့ မင်းတို့ လို အငွေ့  မစားဘူးကွ။ ။

No comments:

Post a Comment