ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, May 28, 2011

တရုတ် စစ်သင်္ဘောတွေ မြန်ပြည်ရေ ပိုင်နက်မှာ လာ ကြီးစိုးတော့မှာလား...

ရေနံ ပိုက်လိုင်းအကြောင်းပြုပြီး တရုတ်စစ်သင်္ဘောတွေ မြန်မာရေပိုင်နက် ထဲမကြာမှီ ရောက်လာတော့မယ်လို့ ဖြစ်လာတော့မှ အမေရိကန် က မြန်မာ အရေး အလေးထားသရောင် လုပ်လာကြပါတယ်...

တကယ်တော့ ဘယ်နိုင်ငံ ကပဲလာလာ ဘာမှ ထူးမလာ တာ နှစ် ၂၀ကျော်ကြာပြီပဲ...

တရုတ်ကလည်း ငွေတွေ ခဏခဏပေးနေရတော့ မြန်မာက လာမှာ ကိုကြောက်နေပါပြီ။

လူတွေသာ ပြောင်းတယ် ငွေလာတောင်းတာ တော့နည်းအမျိုးမျိုးပဲ...

ဝ တွေ ကို တိုက်တော့မယ်ပြောပြီး မတိုက်သေးပဲ တရုတ်ဆီသွားငွေ ယူ အကြံယူမလိုနဲ့  သွားနေလေရဲ့ ...

တရုတ်ကလည်း စစ်အင်အားတိုးချဲ့ ချင်နေတာဆိုတော့ အတော်ပဲ ဖြစ်နေတာပေါ့...

တကယ်တော့ မြန်မာကို ထောက်ပံနိုင်သရွှေ့ ထောက်ပံပါမှ မပေးနိုင်တဲ့ တစ်နေ့ တော့ တရုတ်အမျိုးအနွယ် ဝ တွေ ကို အကြောင်းတစ်ခုခု ပြပြီးတိုက်မှာပဲ...

မသိမသာနဲ့  မူးယစ်ဆေးဝါးတွေ ကို ခွင့်ပြုထားတာ အချိန်မရွှေး တိုက်လို့ ရအောင်လို့ လေ..

ဖုန်ကျားရှင် တုန်းကလည်း ရန်ကုန်မှာ အထိ နေရာ ချဲ့ လာပြီး တော်တော်လေး အခြေထိုင်တော့မှ တိုက်တာ အကြောင်းပြချက်က လက်နက်ထုတ်တာ ဘာညာပေါ့ ...တကယ်တော့ ဒီလိုမျိုးလုပ်ဖို့ က ချက်ချင်းလုပ်လို့ ရတာမှ မဟုတ်တာ သိရဲ့ သားနဲ့ ...

အမြစ် လှန်စနစ် ကို သုံးသွားတာ..

အခုလည်း ဝ တွေ ရန်ကုန်ကို အိမ်ယာဈေးကွက် ကို ဝင်ရောက်လာတာ ခဏလွတ်ပေးအုံး မှာ...

အိမ်ကြီး အိမ်ကောင်းတွေ ဆောက်ပြီးမှ တဖြည်းဖြည်းချင်း ရင်းနှီးမြုပ်နှံ မှုတွေ ခွင့်ပြုသလိုထားမှာပါ...

အဲလို လုပ်တာ အမေရိကန် စနစ် ကို စနစ်တကျလုပ်တာပါ...

အာဖကန်နစ္စကန် ကို စမ်းချင်ရာစမ်း လုပ်ချင်တာတွေ ကုန်ခါနီးလောက်ပြီဆိုတော့မှ ဘင်လာဒင်အကြောင်းပြထားတာ ဆိုတော့ ဘင်လာဒင် အဖမ်းပြပြီး အဆုံးသတ်သရောင် လုပ်လိုက်တာပါ.။

အခုလစ်ဗျား လည်းအရင်က တရုတ်ရင်းနှီးမြုပ်နှံ မှုတွေ လုပ်ထားတော့ တဖြည်းဖြည်းချင်းတိုက်နေတာ..အီရတ်တုန်း ကလို မြန်မြန်တိုက်ရင် မကောင်းတာတွေ ချက်ချင်းပေါ်မှာ စိုးလို့ 

ဖမ်းလို့ ရရင်တောင်မဖမ်းသေးဘူး ဖြည်းဖြည်းချင်း လုပ်နေမှာ...

မြန်မာကလည်း ဘယ်နိုင်ငံနဲ့ မဆို လိုသလိုဖြည်းဖြည်းချင်း လုပ်နေတာ...ထိုင်းဆိုနယ်စပ်ပိတ်ရင်ရတယ်...

တရုတ်ဆို ဝ ကို တိုက်မယ်ပြောလိုက်...အိန္ဒိယ ဆို နယ်စပ်က အိန္ဒိယ ကို တိုက်နေတဲ့ အဖွဲ့ တွေကို ခိုလှုံခွင့်ပေး လက်နက် မသိမသာရောင်းတာနဲ့ ရတယ်...

တကယ်တော့ မြန်မာ က အမြဲတမ်း တစ်ခုမဟုတ်တစ်ခု နဲ့  လုပ်နေမှာပါ..

2 comments:

  1. ဖာသည် လုပ်စားမှ တော့ xီး ကြောက်နေ လို့ ဖြစ်တော့ဘူး လေဗျာ ...
    ထူး ပါဘူးဗျာ .. ကျုပ် တို့ နိုင်ငံ ကြီးလည်း ခွေးသေ .. လဒ ဆွဲ .. ဒီထဲ မှာ အတွင်း က လောက်ကောင် တွေ လှိုက်စားတော့ .. သစ်တောတွေ ပြုန်း .. သယံဇာတတွေ ခန်း ... လုပ်စား ကိုင်စားလောက်တဲ့ နည်းပညာ မရှိ ...
    ကြာတော့ မယ် မထင်ဘူး ဗျို့ ... ( ဆောရီးဗျာ .. ရေးတာ ရိုင်းသွားရင်)

    သွပ်ချောင်

    ReplyDelete
  2. ယောကျာ်းတို့ ရဲ့ အချင်း ယဉ်ကျေးခြင်း တဲ့ ဒီမှာတော့ လွတ်လပ်စွာရေးသားပိုင်ခွင့်ရှိပါတယ်...မိမိရဲ့ ကိုယ်ပိုင်အခွင့်အရေး ကိုး...ဘာပဲဖြစ်ဖြစ်လေ comment လာရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ..

    ReplyDelete