ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, May 14, 2011

ပုသိမ်သား ငဝန်နဒီ နဲ့  ကန်သုံးဆင့်

ကန်သာယာ လို့ ပဲခေါ်ခေါ် ကန်သုံးဆင့် လို့ ပုသိမ်သူ ပုသိမ်သားတိုင်းသိကြပါတယ်

ငယ်စဉ် ကတည်း က ညနေ ဖခင် အလုပ်စော လို့ ပဲဖြစ်ဖြစ် စနေ တနင်္ဂနွေ ညနေစောင်းပဲ ဖြစဖြစ် လမ်းလျှောက်ထွက်ဖြစ်ကြတယ်

မိသားစု စုံလင်စွာ လျှောက်ဖြစ်တဲ့ နေရာ လေးပေါ့။

အခုတော့လည်း ပြန်လိုချင်လို့ မရနိုင်တော့ပြီပဲ။ဖခင်ကတော့ ၁၉၉၆ မတ်လ ၁၅ ရက်နေ့ မှာ ထာဝရ အိပ်စက်သွားလို့ ဆိုပေမဲ့

ကျန်သူတွေ ကရောဆိုရင် နိုင်ငံတွေ တောင်ခြားနေကြပြီလေ။အစ်ကို ကဆို မြန်ပြည်မှာ၊ ညီမ က စင်ကာပူမှာ၊ အခုစာရေးနေတော့ ဂျပန်မှာ ။မိခင်လည်း မြန်ပြည်ကို ဒီနှစ်ဆန်းကမှ စင်ကာပူ ကနေပြန်သွားတာ။

ခုလို အချိန် မှာ ပြန်ဆုံဖို့ တော်တော် မလွယ်ပေမဲ့

တချိန်တုန်းကတော့ ကန်သုံးဆင့် ကို အညောင်းအညာပြေ အတူတစ်ကွ လမ်းလျှောက်ဖြစ်ခဲ့တယ်....

အတန်းနည်းနည်းရလာတော့ ပြည်ထောင်စုနေ့ တို့ ပျော်ပွဲ ရွှင်ပွဲတွေ သွားရတာပျော်စရာပါ။

လွတ်လပ်ရေးနေ့  ကတော့ အလယ်တန်းကျောင်းသားဘဝမှာ မှတ်မှတ်ရရပေါ့

ကျောင်းပေါင်းစုံ လွတ်လပ်ရေးနေ့  စာစီစာကုံး ပြိုင်ပွဲ မှာ အလယ်တန်းအဆင့် ပထမ ရတုန်းက ကန်သာယာ ဝင်းအထဲ မှာ ဆုပေးတော့ ကန်သာယာ မှာ ဆုသွား ယူရတာ တော်တော်လေး ကြည်နူးစရာပါ။

အခြေခံပညာ အထက်တန်းကျောင်းပြီးတော့ စနေ တနင်္ဂနွေ တွေ မှာ စတိတ်ရှိုးပွဲ တွေ လုပ်ပေးတာ လူငယ်ဘဝဖြတ်သန်းရတာ ပျော်စရာလေ။

ငွေကြေး မကုန်ပဲ ဖြတ်သန်းရတာ အချိန်တွေ ကျော်လာလို့  ငွေကြေးပေးပြီး ဝင်ရချိန် မှာ လည်း ကန်သာယာကြီး ကတော့ မပြောင်းလဲပါဘူး တိုးတတ်မူလေး တစ်ချို့ တစ်လေ နဲ့ ပေါ့။

ကန်ဝင်းထဲ မှာ မီးရထားလမ်းလေး တိရိစ္ဆာန် ရုံ ဝင်းလေးတွေ သစ်ပင်ပန်းမာန် တွေ ကလေးကစားစရာတွေ။ငန်းရုပ်တွေ ဆင်ထားတဲ့ ကန်အသေးလေး ဖြစ်အောင် ကျောင်းတွေ လုပ်အားပေးသွားပြီး ဖို့ ပေးရတာတွေ က ပုသိမ်သူ ပုသိမ်သားတွေ ရဲ့ စည်းရုံးမှု တွေ လုပ်အားတွေ ကန်သုံးဆင့်ထဲမှာ အမြဲ ရှိနေမှာပါ။

ကန်အပြင်မှာ ကန်ပတ်လမ်းတွေ ဖြစ်လာတာ ဝမ်းသာစရာပါ။

ပုသိမ်ကိုတောင် ၁၉၉၀ ကျော်လောက်ကတည်းက ခဏခဏ ခွာနေရတာ အခုတော့ တကယ်ကို အဝေးကြီးမှာ လေ...

တစ်ချိန်ချိန်တော့ ကန်ပတ်လမ်းလေးကို ပတ်ပြီး သစ်သားတံတားလေးပေါ် ကနေ ကန်ဝင်းထဲကို လမ်းလျှောက်ပြီးဝင်ချင်သေးတယ်...မွေးရပ်မြေ.ဇာတိမြေ အလှ က ရင်ကို အေးစေတာ ဘာနဲ့  မှ မတူဘူးဆို တာ တိုးတတ်မှုတွေ မရှိလည်း အေးမြမှု ကို ထာဝရ ရင်ကိုပေးနေမှာပါ။

No comments:

Post a Comment