ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, July 5, 2011

သတင်းတိုထွာ..

စာမရေးဖြစ်တာ တော်တော်ကြာသွားတယ်...

ပင်စင်စားတွေ အတွက် မုဒိသာပွားစရာ...ဝမ်းသာစရာ သတင်းစကားနောက်က အဆင်မပြေစရာတွေ ကြားရတော့ မရေးချင်တာရယ် မှားနေတာ တစ်ချို့ ကို တွေ့ ရတာ မပြောချင်တာလည်းပါတယ် အခုတော့ သိသင့်တာတွေ ထင်လို့ ရေးမှာပါ။

တစ်ချို့ ပင်စင်စားတွေ ကို မူရင်းစာရွက်တွေ တောင်းတော့ အဆင်မပြေတာတွေ ပြောကြတော့ တကယ်တော့
တစ်ချို့ က သူတို့ ရဲ့ ပင်စင်လစာကို စိတ်မကောင်းစွာနဲ့ ရောင်းထားကြတာတွေ ရှိတယ်။ပေါင်ထားတာတွေ ရှိပါတယ်။

အဲလိုဖြစ်နေတဲ့သူတွေ မနစ်နာရလေအောင်လို့ ထင်တာပဲ..မူရင်းစာရွက်တွေပါမှ ရမယ်လို့ ထင်ပါတယ်။
အမှန်တကယ် ပင်စင်စားတွေ လက်ထဲကိုပဲ ထည့်ချင်လို့ ထင်ပါတယ်။

တကယ်တော့ ခရီးစရိတ်အတွက် အဆင်မပြေတာတွေ တော့ ရှိမှာပါ ထောင်မြင် ရာစွန့် ရမှာပေါ့။

အပေါင်ခံထားတဲ့သူတွေ ဝယ်ထားတဲ့သူတွေ ဆီမှာတော့ မူရင်း တွေ ရှာဖို့ ခက်တာကို ဟိုပြောဒီပြော ပြီးဒီအတိုင်းထုတ်လို့ ရဖို့ ကြိုးစားနေမှာပါ...

သတင်းတစ်ခုမှာပါလာတော့ သတင်းသမားတွေ ဒီအဖြစ်အပျက်မျိုးမကြားဘူး မတွေ့ ဘူးလို့ ဖြစ်မယ်ထင်လို့ ရေးလိုက်တာပါ။

....နောက်တစ်ခုက မြန်ပြည် လူငယ်တစ်ချို့ ဂျပန်ကို လေ့လာရေးလာမှာပါ။

ပါတီစုံက လူငယ်တွေ လာမှာ ဆိုတော့ တစ်ဦးတည်းမူပိုင်ဖြစ်စေချင်တဲ့ လက်ပါးစေ တွေ ကလည်း သတင်းမရေးတာတွေ့ ရတယ်
ဒီမိုကရေစီ လိုလားသူတွေ ကလည်း တစ်ဦးတည်းမူပိုင်ချင်တဲ့ လူငယ်တွေ ပါမှာဆိုတော့ မရေးတာတွေ့ ရတယ်။

ဘာလိုပဲဖြစ်ဖြစ် မြန်မာလူငယ်တွေ နိုင်ငံတကာ ကို လာလေ့လာမှာဝမ်းသာစရာပါ အကျိုးပြုသောပါတီဖြစ်စေ အကျိုးမပြုသောပါတီဖြစ်စေ..
လူငယ်တွေ လက်ထဲကို အတွေးသစ် အမြင်သစ်တွေ ရမှာ ဝမ်းသာစရာပါ။ ချက်ချင်းပြန်ရောက်လို့ လုပ်လို့ မရနိုင်ပေမဲ့ တစ်ချိန်ချိန်တော့ လုပ်ခွင့်ရတဲ့တစ်နေ့ တော့ရှိလာမှာပါ။

သဘောထားကွဲလွဲသူတွေ တစ်ခရီးထဲသွားရမှာပါ...ဘာတွေ အဆင်ပြေလာမလဲတော့မသိပေမဲ့...အတွေ့ အကြုံကောင်းတွေ ရနိုင်ပါစေလို့ ရည်သန်ရင်း...

နောက်တစ်ခုကတော့ နိုင်ငံတကာ သတင်းလေးပါ...ထိုင်းရွေးကောက်ပွဲ မှာ အတိုက်အခံပါတီ အနိုင်ရသွားတာပါ။
တကယ်တော့ ကိုယ့်ပြည်သူကို သတ်တဲ့ ဝန်ကြီးချုပ်ဟောင်းကို အလိုမရှိတာသိသာသွားတာပါ...နှစ်နိုင်ငံသားခံယူထားတဲ့သူက အုပ်ချုပ်တာကို အလိုမရှိတာပါ သိသာသွားပါတယ်

အရွေးချယ်ခံရတဲ့ ဝန်ကြီးချုပ်သစ်ဖြစ်မဲ့ သူက မဲဆွယ်တုန်းက လယ်သမားတွေ ကို ခရက်စ်ဒစ် ကဒ်တွေ လုပ်ပေးမယ်လို့ မဲဆွယ်ခဲ့တာ တကယ်ဖြစ်လာမှာလား ကြည့်ရမှာပါ။

မြန်မာပြည်မှာရော မြန်မာပြည်သား တွေ စောင့်ကြည့်နေရင်းပေါ့...

ရက်တစ်ရာ မကျော်ခင် နှစ်ခုတော့ ထူးပါတယ်
ဒေါ်လာဈေးကျသွားတာရယ် ပင်စင်စားတွေ ဝင်ငွေတိုးလာမှာကိုပါ...

အဆင်မပြေသေးတာကတော့ ဒေါ်လာဈေးကျသောလည်း အစိုးရသစ် ဒီဇယ်ဓာတ်ဆီဈေး ချမပေးနိုင်သေးတာပါ...
ဒီဇယ်ဓာတ်ဆီရောင်းချခွင့်ရသူတွေ က အခွင့်ထူးခံတွေ မို့ လို့  သမ္မတ အထက်ကနေ အာဏာ ရှိနေသေးတာကို မသိမသာပြနေတာတွေ့ နေရတာပါ...
ဒီဇယ်ဓာတ်ဆီဈေး ကျလာရင်တော့ အစိုးရသစ် အခွင့်ထူးခံတွေ ကို ထိန်းချုပ်လာနိုင်လို့ ပေါ့...

မထိန်းချုပ်ပဲ မှောင်ခိုတင်သွင်းခွင့်ကို မသိမသာ ခွင့်ပြုလိုက်ရင် အခွင့်ထူးခံတွေ ကို ပြောစရာမလိုပဲ ဈေးကျလာမှာပါ။

တစ်ချို့ ဝန်ထမ်းတွေလည်း အဆင်ပြေ..သမ္မတလည်း ဂုဏ်တတ်လာမှာပေါ့...

No comments:

Post a Comment