ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Monday, August 29, 2011

လွတ်လပ်ပါစေ ဧရာဝတီ

မြစ်ဆုံ မှာ ဆည်ဆောက်မယ် ဆိုတော့ ဧရာဝတီ ရင်ဘတ်ကို ကျပ်ထုတ်တော့မှာပေါ့...
ရင်ပြည့်ရင်ကယ် နေတဲ့ ယမ်စီ ကို ကြည့်ပြီး ဧရာဝတီ မျက်ရည်စို့ တော့မယ် တစ်ခါတစ်ရံ လည်း ရင်ဘတ်စည်တီး ငိုကြီးချက်မ ဖြစ်ရတော့ မယ်ထင်ရဲ့ 

ရာဇဝင်တွင်လာစေတာ ဧရာဝတီ
သတို့ သမီး အဖြစ် မြန်ပြည်ကို ကိုယ်စားပြုတာ ဧရာဝတီ
ဘာပဲဖြစ်ဖြစ် ဧရာဝတီ လွတ်လပ်မှုတွေ မဆုံးရှုံးစေချင်တာပါ...


ဧရာဝတီ ပေါ် ကုန်းကျောင်းလျှောက်ရမယ်ဆိုရင် တံတားတွေ ပျောက် ဒီရေတော တွေ ဖြစ် ဧရာဝတီ တိုင်းမှာ ရေငံတွေ ဝင် အကြံတွေ ကုန် ဂဠုန် ဆားချက် ရမှာ သေချာနေလေရဲ့ ။

ဘာတွေပဲ လုပ်လုပ်ပေါ့ ဧရာဝတီ လည်း ဒီမိုကရေ စီ ရပါစေ မရရင်တောင် ဧရာဝတီ ညင်သာစွာဖြတ်သန်း လွတ်လပ်ခွင့် မဆုံးရှုံးစေချင်တာပါ

ကောင်းတာနဲ့ မကောင်းတာနဲ့  အကျိုးဆက်တွေ တွက်တတ် နိုင်ကြပါစေ...

2 comments:

  1. ဘာမှ ပြောမထွက်ဘူး ဖြစ်နေတယ်... ရင်ဆို့တယ်ဆိုတာ ဒါမျိုး ဖြစ်မယ် ကိုငဝန်ရေ...

    ReplyDelete
  2. ဧရာဝတီ ကတော့ အများအကျိုးပြုတာရယ် အေးချမ်းမှု ပေးစွမ်းနိုင်တာတွေ က ဧရာဝတီ ဆိုတာနဲ့  ရင် ကို ထိရှစေတာ အမှန်ပါ...
    ရွှေပြည်သူ လာလည်စာရေးသွားတာ ကျေးဇူးပါခင်ဗျာ...

    ReplyDelete