ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, September 14, 2011

တိုတိုထွာထွာ သတင်း များ

ထိုင်း​-မြန်မာနယ်စပ် မဲ​ဆောက်-မြဝတီမှာ ​သောင်ရင်း​မြစ် ​ရေကြီး​နေလို့​ မြန်မာဘက်ပို့​ဖို့​ ထိုင်း​ ဘက်မှာစုထား​တဲ့​ ကား​စီး​ရေ ၅,၀၀၀ ​လောက် ​ရေနစ်မြုပ်​နေပြီး​ ချစ်ကြည်​ရေး​တံတား​လည်း​ ထိခိုက်ပျက်စီး​သွားပါတယ်။

ကား​အစီး​ ၆၀ ​လောက် ​သောင်ရင်း​မြစ်​ရေထဲ ​မျောပါသွား​တယ်လို့​ သိရ​သည်။အဝေးကြီးတော့ မဟုတ်ပါဘူး။

၂၀၀၈ ခုနှစ်တုန်း​က မြန်မာတနိုင်ငံလုံး​ လိုအပ်ချက်က မဂ္ဂါဝပ် ၁၅၀၀၀ ရှိ​ပေမယ့်​ ​နေ့​စဉ် ၆၂၀၀ မဂ္ဂါဝပ်ပဲ ​ပေး​နိုင်တယ်လို့​ အမှတ် ၁ လျှပ်စစ်စွမ်း​အား​ဝန်ကြီး​ဌာနရဲ့​ အချက်အလက်​တွေကိုလည်း​ ​ဖော်ပြထား​ပါတယ်။

မြန်မာပြည်မှာ လျှပ်စစ်ဓာတ်အား​ပေး​စက်ရုံ​ပေါင်း​ ​ရေအား​လျှပ်စစ်စက်ရုံ ၉ ရုံ၊​ ဓာတ်​ငွေ့​ဓာတ်အား​ပေး​စက်ရုံ ၈ ရုံ၊​ ​ရေ​နွေး​ငွေစက်ရုံ ၆ ရုံနဲ့​ ဓာတ်အား​ခွဲစက်ရုံ ၅၂ ရုံ ရှိ​နေ​ပေမယ့်​ အများ​စု ​တွေနယ်ကလူတွေက​တော့​ ဖ​ယောင်း​တိုင်နဲ့​ ဘက်ထရီကိုပဲ အား​ကိုး​နေရတယ်လို့​ ​ဖော်ပြထား​ပါတယ်။

တရုတ်၊​ ထိုင်း​၊​ ဂျပန်နှင့်​ အိန္ဒိယ ကုမ္ပဏီ​တွေနဲ့​ စာချုပ်​တွေအရ စီမံကိန်း​က​နေ လျှပ်စစ်ဓာတ်အား​ အများ​ဆုံး​ ၂၅ရာခိုင်နှုန်း​သာ မြန်မာပြည်က ရမှာဖြစ်ပြီး​ ကျန်တဲ့​ဓာတ်အား​ကို ကုမ္ပဏီ​တွေရဲ့​ အကျိုး​စီး​ပွား​နဲ့​ နိုင်ငံခြား​ကို ​ရောင်း​စား​ဖို့​ ဖြစ်တယ်လို့​ ဆိုပါတယ်။

၂၀၀၈ ​အောက်တိုဘာလ ၂၀ ​နေ့​စွဲနဲ့​ ဝီကီလိခ်ကတဆင့်​ ​ပေါက်ကြား​တဲ့​ ​ကြေး​နန်း​စာထဲမှာ ဧရာဝတီ၊​ သံလွင်၊​ ချင်း​တွင်း​မြစ်ကြီး​တွေ​ပေါ်မှာ ၂၀၀၈ ခုနှစ်တုန်း​က ပြည်တွင်း​ပြည်ပကုမ္ပဏီ​တွေနဲ့​ ​ရေအား​လျှပ်စစ်စက်ရုံ​ပေါင်း​ ၁၉ခု ​ဆောက်လုပ်​နေပြီး​ ​နေ့​စဉ်မဂ္ဂါဝပ် ၃၀ မှ ၇၀၀၀ အထိ ထုတ်လုပ်မယ့်​ ​ရေကာ​တွေလို့​ ဆိုပါတယ်။

နောက်ထပ် စီမံကိန်း​ပေါင်း​ ၂၀ ကိုလည်း​ နိုင်ငံခြား​ကုမ္ပဏီ​တွေနဲ့​ နား​လည်မှု စာချုပ်ချုပ်ထား​တယ်လို့​ ဆိုပါတယ်။

လာမယ့်​ နှစ် ၂၀ အတွင်း​မှာ ​ရေကာ​ပေါင်း​ ၂၅၀ ခန့်​ဆောက်ဖို့​ အစိုး​ရက ​မျှော်မှန်း​ထား​ပြီး​ ​နေ့​စဉ် လျှပ်စစ်ဓာတ်အား​ မဂ္ဂါဝပ်​ပေါင်း​ ၄ ​သောင်း​လောက် ထုတ်လုပ်ဖို့​ လျာထား​တယ်လို့​ ​ကြေး​နန်း​စာထဲမှာ ​ဖော်ပြထား​ပါတယ်။

လောလော ဆယ်တော့ တောင်ငူနား က ဆည်တွေ ရေကာတာတွေ ကျိုးပေါက် မှာ စိုးလို့  ဆည်တွေ ရေကာတာတွေ ဖောက်ချနေရပါတယ်။

ဆွာချောင်းရေလှောင်တာမံ ၊ ပသိဆည် တို့ ဖောက်ချလိုက်တာကြောင့် တောင်ငူ မြို့ မှာ ရေကြီးနေပါတယ်။ မြို့ အရှေ့ ဘက် ရပ်ကွက်တွေ မှာ ဖြစ်နေတာပါ ရပ်ကွက် ၁၉။ ရပ်ကွက် ၂၀။ ရပ်ကွက် ၈။ ရပ်ကွက် ၉။ ရပ်ကွက် ၁၀ နဲ့ တော်တော် များများ မှာ ရေကြီးနေပါတယ်။

မြန်မာ့ ပင်လယ်ပြင် မှာ လှိုင်းကြီး နိုင်ပါတယ် အမြင့်ပေ ၆ ပေလောက်လို့ ခန့်မှန်းထားပါတယ်။

Monday, September 12, 2011

မြန်မာပြည် ကား Show Room ဖွင့်တော့မည်။ ကားဟောင်းဖျက်ပြီး ကားသစ် ဝယ်ခွင့်ပေးမည်။

ကားဟောင်းတွေ ဖျက် ကားသစ်တွေ သွင်းခွင့်ပေးတော့မည်။ ကားဟောင်း အဖျက်ခံရမည့်သူ များက ဒေါ်လာ ၃၅၀၀ ထက် မကျော်သော ၁၉၉၅ အထက် မော်ဒယ် ကား များ ကို ပြန်တင်သွင်းခွင့်ပြုမည်။

နှစ် ၄၀ ကျော် ကား က တစ်သောင်း ကျော် နှစ် ၃၀ ကျော်ကား က ရှစ်ထောင်ကျော် နှစ် ၂၀ ကျော် ကား က ၃ သောင်း ကျော် စုစုပေါင်း ၅ သောင်းခွဲ ကျော် သွင်းခွင့်ပေးမည်။

ဂျပန် ကိုရီးယား တရုတ် မလေးရှား ထိုင်း အန္ဒိယ ကနေ Show Room တွေ ကားအရောင်းပြခန်းတွေ လာရောက်ဖွင့်ခွင့်ပေးမှာပါ။

အခွန်ကတော့ နဂို အခွန်ပေးဆောင်ရသလို ပေးရမှာပါ။

ထိုင်း မှာ ပိတ်မိနေ သော ကား က ငါးထောင်ကျော်လောက်ပဲ ရှိပါတယ်။

နိုင်ငံခြားဝင်ငွေ ရှိသူတွေ က ဘဏ် အကောင့် ဒေါ်လာ သုံးသောင်း နဲ့  လုပ်ငန်း ရှင်တွေ ကတော့ အကောင့် မှာ ဒေါ်လာ တစ်သိန်းပြ နိုင်ရပါမယ်။ အဲလို သူတွေကိုတော့ ကားသွင်းခွင့်ပေးပါမယ်။

မြန်မာတွေ ဘာကားတွေ စီးမလဲတော့ မသိဘူး ကား ကောင်းတာတွေတော့ ဝင်လာမှာပါ။

WEEKLY ELEVEN ဖတ်ပြီးရေးသားပါသည်။

တရုတ် ကားတွေ ဈေးပေါပေါနဲ့  ရောင်းလာမှာ မလွဲပါဘူး။ စင်ကာပူက ကားဈေးလောက်တော့ မကြီးလောက်ဖူးထင်ပါတယ် အခွန်တွေ တအားမြှင့် ပြီး ကားတွေ ဈေးမကြီးရင်ကောင်းမှာပါ။

ဂျပန် မှာတော့ ဒေါ်လာ ၃၅၀၀ အောက် ကားတွေ တော်တော် ရောင်းကောင်း မှာပါ ။ဆူနာမီ ကားတွေ မြန်မာပြည်လာတော့မည်။

ပုသိမ် မှာ ၁၁ ရက်နေ့  ည ၇ နာရီ ခန့် က မီးလောင်

Weekly ELEVEN မှဓာတ်ပုံ ဖြစ်ပါသည်။
ပုသိမ် မှာ ၁၁ ရက်နေ့  က မြေနုလမ်း နဲ့  ရွှေဆိုင်တန်း ကြား ကုန်သည်လမ်း မှာ မီးလောင်တာပါ။ ဖန်စီ ပစ္စည်းရောင်း ဆိုင်က နေ စလောင်တာပါ။ မီးပျက်သွားလို့  မီးစက်ထဲ ဆီထည့် ရင်း မီးခြစ် ခြစ် လိုက်တာကြောင့် ဖြစ်တာလို့ ပြောပါသည်။

ရွှေဆိုင် လေးဆိုင်..ဇင်မျိုးအေး၊ ပြည့်ဝ၊ သရဝဏ်နှင့် ရွှေသမင် အပါအဝင် လူနေဆိုင်ခန်း ဆိုင် ၁၂ ဆိုင်လောက် မီးလောင်သွားသည် လို့ ပြောပါသည်။မိသားစု ၁၀ စု အိုးအိမ် မဲ့ ဖြစ်သွားပါတယ်။ လောလော ဆယ် အမျိုးတွေ အိမ် လိုက်နေ နေကြပါတယ်။

ည ရ နာရီင်္ လောက် ကလောင်တဲ့ မီး ဟာ ည ၁၀ ခန့် တွင် ငြိမ်းသတ် နိုင်ခဲ့ ပါသည်။

Sunday, September 11, 2011

လွန်ခဲ့ သော ၁၀ နှစ် က အဖြစ်အပျက် မှတ်မှတ်ရရ

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် ရဲ့  လွန်ခဲ့သော ၁၀ နှစ် က ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ နေ့  က မန်းရေနံမြေ ဝင်းထဲ ကို အလုပ် ပြန်ဝင်ရန် အခန်းထဲ သို့  မဝင်ရောက် မှီ စလောင်းကြည့်ရသော အခန်း ကို ခဏ ကြည့် လိုက်စဉ် လေယာဉ် က အဆောက်အဦးထဲ ကို ဝင်တိုက်လိုက်သည် ကို...

ရုပ်ရှင် ရိုက်တာလားမသိ ထင်ယောင်ထင်မှားဖြစ်နေသောလည်း ကြည့်လိုက်တော့ BBC ဆိုတာ ထိုးထားတာတွေ့ ရတော့ သတင်း မှန်းသိရတော့သည်။အကြိမ်ကြိမ် ပြတာ တော်တော် ကို ကြာပါတယ်...

လုံးဝမထင်မှတ်ထားသော အဖြစ်အပျက် ...မယုံနိုင်စရာ သတင်း သို့ သော် တစ်ကယ်ဖြစ်ပျက်ခဲ့တာ ကတော့ အခုဆို ၁၀ နှစ် တင်းတင်းပြည့်ခဲ့သလို ......မန်းရေနံမြေ ကနေ အဝေးက နိုင်ငံ တစ်ခုမှာ ရောက်ရှိနေပေမဲ့...

မကြာသေးသလိုတောင် ထင်မှတ်မိတယ် ...ဘာပဲဖြစ်ဖြစ် ဒီလို အဖြစ်အပျက်မျိုး နောက်ထပ်မတွေ့ ရ မကြားရလိုပါ။.... အေးချမ်းသော ငြိမ်းအေးသော အရာရာ ဖြစ်စေရန် ရည်သန်လျှက်...

Thursday, September 8, 2011

ဂျပန် က ပျော်ရွှင်ဖွယ် ပွဲနှင့် ပွဲဈေးတန်း

ဒီနေ့  ဆံသ ဆိုင်သွားရင်း အိုဂီဂူဘို မှာ ပွဲ နှင့် ပွဲဈေးတန်း ရှိတယ် ဆိုလို့  သွားကြည့် ရင်း ဖုန်းနဲ့  ရိုက်လာတာလေးတွေ ပါ။

ကလေးငယ် လေးတွေ နဲ့  ဆယ်ကျော်သက် လူငယ်တွေ တော်တော် များများတွေ့ ရပြီး မီးသတ်တွေ ကတော့ လှည့်ပေးနေတာတွေ့ ရပါတယ်။

တစ်ခုကောင်းတာတွေ့ ရတာကတော့ ဆယ်ကျော်သက်လေးတွေ သေရည်သေရက် သောက်ခွင့် မပြုတာကို လေးစားလိုက်နာတာရယ် ဥပဒေ ကလည်းတားမြစ်ပေးတာလည်းပါမှာပေါ့။

ဘာလိုပဲဖြစ်ဖြစ် သူတို့  ကိုယ်တိုင် လိုက်နာတာရယ် ရောင်းတဲ့သူတွေ ကလည်း ငွေရတိုင်းမရောင်းတာပါ။


















ဂျပန် က ပျော်ရွှင်ဖွယ် ပွဲနှင့် ပွဲဈေးတန်း ....OGIKUBO Station ကနေ သွားရင် နီးနီးလေးပါ။

Wednesday, September 7, 2011

အီးမေးလ် ကို အဝေးက ပရင့်တာကနေ ထုတ်ရအောင်

တစ်လောက ပရင့်စ်တာတွေ ဈေးကျတာတွေ့ တော့ ဝယ်မလို့ သွားတာ HP printer B110 ကို သွားကြည့်တာ 4480 ယန်းလောက်ပဲ ဆို လို့ လေ...

တစ်ကယ်ဝယ်ဖြစ်တာက HP ENVY 100 printer..အရောင်း ပိတ်တော့မယ်ပြောတာပဲ ...

အိုင်ဖုန်းနဲ့  ဝိုင်ဖိုင်ပရင့်စ်တာတွေ ရှာတော့ D410 ကိုတွေ့ တော့ မေးကြည့်တော့ HP ENVY 100 တဲ့...အဲဒါနဲ့  အဲဒီ ပုံစံလေး ကြိုက်လို့ ဝယ်ဖြစ်တာ နေရာ အစားသက်သာမယ်ထင်တာရယ် မင်ဗူး နှစ်ဗူး ပဲ သုံးတာရယ် ဝယ်ဖြစ်တာ ဈေးကတော့ ၁၉၀၀၀ ယန်း ပို့ ခ က ယန်း ၁၀၀၀ ထပ်ကျတော့ စုစုပေါင်း ၂၀၀၀၀ ယန်းတော့ ကျပေမဲ့ ကွန်ပျူတာ အဖွင့်အပိတ် မလုပ်လိုပဲ အီးမေးလ် ဖတ်လိုသူအတွက် ကောင်းမယ်ထင်လို့ ရေးတင်လိုက်တာပါ။

နောက်ပြီး မီးအား က 100V ကနေ 240V အထိ သုံးလို့ ရတယ်ဆိုတော့ မြန်မာပြည်အတွက်လည်း အသုံးဝင်ပါတယ်။

ံHP printer B110 ကို စမ်းကြည့်ပြီးရင်လည်း ထပ်ရေးတင်ပါ့မယ် ။ ငွေကုန်သက်သာပြီး အသုံးဝင်စေချင်လို့ ပါ။

အခုစမ်းထားတာကတော့ HP ENVY 100 ကိုပါ။

အရင်ကတော့ ကွန်ပျူတာကနေ ဖက်စ် ပို့ လို့ ရလို့  စာရွက် အကုန် သက်သာပေမဲ့ ကွန်ပျူတာဖွင့်ရ စောင့်ရတာ ကြာပါတယ်။အဆင်ပြေပြေ ရောက်တာလည်း ရှိရဲ့  ဘယ်ရောက်သွားမှန်း မသိတာလည်း ရှိရဲ့  နိုင်ငံကျော် ပြီး ဖက်စ် ပို့ ရင် အခက်အခဲ အနည်းငယ် ရှိတာကို တွေ့ ရပါတယ်။

အခုတော့ ကွန်ပျူတာ မကိုင်ချင်တဲ့ လူကြီးတွေ အတွက်တော့ အဆင်ပြေစရာတွေ့ ရပါတယ်။
ပရင့်စ်တာ ကို အင်တာနက် ဝိုင်ဖိုင်လေးနဲ့ သာ တွဲထားလိုက်ရင် အဲဒီ ပရင့်စ်တာ မှာ ပါလာတဲ့ အီးမေးလ် ဖြစ်ဖြစ် ကိုယ်ပိုင်အီးမေးလ် အသစ်လေး လုပ်လိုက်ပြီး သုံးရင် ဘယ်နိုင်ငံက ပဲ အီးမေးလ် ပို့ ပို့  အဲဒီပရင့်စ်တာ ကနေ အလွယ်တစ်ကူ ပရင့်စ် ထုတ်ပေးမှာပါ။

အရင်က ပရင့်စ် ရှဲ ကို သုံးကြည့်ဖူးပါတယ် သိပ်အဆင်မပြေလှပါဘူး။စာရွက် အရွက် ၂၀ ပဲ အခမဲ့ ရတာပါ။

အခုတော့ အဆင်ပြေမယ်ထင်တာပဲ။ အရည်အသွေး ကောင်းလှတဲ့ ပရင့်စ်တာတော့ မဟုတ်ပေမဲ့ လွယ်ကူသက်သာစေတဲ့ နည်းပညာလေးပါတာတော့ ကောင်းမယ်ထင်ပါတယ်။

အိုင်ဖုန်း အိုင်ပက်စ် နဲ့  ရော ကွန်ပျူတာနဲ့ ရော ကြိုးမဲ့ အလွယ်တစ်ကူ ထုတ်နိုင်ပါတယ်။

အိမ်မှာ ရှိတဲ့ CANON MP610 ကို သိမ်းထားရပေမဲ့ CD ပရင့်စ်ထုတ်ဖို့ ကိုတော့ CANON MP610 ကို သုံးမှ ရမှာပါ။
နောက်ပြီး HP ENVY 100 က ပုံထွက် စာရွက်ထွက် နှုန်းတွေ ကတော့ CANON လောက်တော့ မကောင်းပါဘူး။

အိုင်ဖုန်း အိုင်ပက်စ် အီးမေးလ် ပရင့်စ် ရယ် ဝက်စ် ပရင့်စ် ရယ် လုပ်လို့  ရတာကတော့ ကောင်းပါတယ်။

Tuesday, September 6, 2011

“သမ္မတက ခေါ်တာလည်း အမှန်တကယ်ပဲ။ ဒါပေမယ့် ဥပဒေတွေကလည်း အရင်အတိုင်း မပြောင်းလဲသေးတာလည်း အမှန်ပဲ။

လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံရပြီး ယခုအခါ အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံနေရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

သမ္မတဦးသိန်စိန်၏ ပြည်ပရောက်ရှိနေသူများ ပြန်လာနိုင်ကြောင်း ပြောဆိုပြီးနောက် ဦးစိန်ကျော်လှိုင်သည် ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းက မြန်မာ စစ်ဘက်ဆိုင်ရာလုံခြုံရေး အရာရှိတချို့ဖြင့် ညှိနှိုင်းကာ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်သွားရာမှ ဖမ်းဆီးခံရခြင်းဖြစ်သည်။

“သမ္မတက ခေါ်တာလည်း အမှန်တကယ်ပဲ။ ဒါပေမယ့် ဥပဒေတွေကလည်း အရင်အတိုင်း မပြောင်းလဲသေးတာလည်း အမှန်ပဲ။ နောက်ဆက်တွဲ ပြည်ပရောက်တွေ ပြန်လာဖို့ ဥပဒေတွေလည်း မထုတ်တော့ဘူး”

ဘယ်လိုပဲဖြစ်ဖြစ်

ဒီလ ၁၅ ရက်​နေ့​မှာ ကျ​ရောက်တဲ့​ နိုင်ငံတကာ ဒီမိုက​ရေစီ​နေ့​ (International Day of Democracy) အခမ်း​အနား​ကို အစိုး​ရ ရုံး​စိုက်ရာ ​နေပြည်​တော်မှာ ပထမဆုံး​ စတင်ကျင်း​ပ​တော့​မှာပါ။

Saturday, September 3, 2011

တိုတိုထွာထွာ

Super Custom တစ်စီး ကို ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၁၃၀၀၀ တဲ့ အံစာတုံးပုံဆို ၂၀၀၀၀ ဆိုပဲ။

ဒေါ်လာဈေးကျတာ ကို ပြန်ထိန်းပေးနေလေရဲ့ 

super Custom ကြီးပဲ ၁၂၇၁ စီး ဒဏ်ကြေး ဆောင်ရမယ်တဲ့ အစိုးရက ရမှာက စုစုပေါင်း ဒေါ်လာ ၁၂.၇ သန်းရမယ်တဲ့

မြန်မာမီနီကားတွေ ကိုတော့ သိန်း ၄၀ ထိချရောင်းလို့ ရအောင်လုပ်မယ်တဲ့။
တစ်နေ့ ကို အစီး ၃၀ ထုတ်မယ်ဆိုပဲ။

GSM ဖုန်းတွေ တော့ ၃ သိန်းနဲ့ ချပေးဖို့ တော့ ကြိုးစားနေတယ်တဲ့။

တရုတ်ကြီးကတော့ ယန်စီ ရေကာတာအလုပ်လုပ်တာ ၃ နှစ်ပဲရှိသေးတာ ဟိုဖြစ်ဒီဖြစ်တွေ ဖြစ်လာတော့ သူတစ်နိုင်ငံတည်း အဲလိုဖြစ်တာ အဖော်မရှိလို့  ဧရာဝတီ ကိုမြစ်ဆုံမှာ ရေကာတာဆောက်ပေးပြီး ဒုက္ခ အတူတူရောက်ကြရအောင်ဆိုပြီး အဖော်စပ်တာ အတော် အဆင်ပြေနေပြီလားမသိ။

အဲနေရာဒေသမှာနေ အဲမှာမွေး ကြီးစိုးနေတဲ့ လက်နက်ကိုင်တွေ တောင် မကာကွယ်နိုင်မှာတော့ ကျန်သူတွေ ကတားမြစ်ဖို့ ဆိုတာ လေသေနတ်ပစ်နေသူလိုပေါ့။သူတို့ ကလည်း တရုတ်ကြီး ကို မသိမသာ ကူညီနေရမှန်းမှမသိတာ။တရုတ်ကခြောက်ပစ်ပေးလို့ ပြောထားလားမှ မသိတာ။တစ်ခြား သူတွေ မတားနိုင်အောင်လေ။

တရုတ်ကတော့ သူအထဲ ကျောက်တွေ အရမ်းဝင်လာလို့  အခွန် ၃၀ ရာခိုင်နှုန်းဆောင်ရမယ်ဆိုပြီး ပြန်ထိန်းချုပ်နေလေရဲ့ ။

လယ်မြေတွေ ကို အရောင်းအဝယ်လုပ်ကြီးပွားသူတွေ ကို ပြန်စီစစ် ထိန်းသိမ်းတော့မယ်ပြောနေလေရဲ့ ။

လွှတ်တော်ထဲမှာလည်း လွှတ်တော် အမတ်ဆိုပေမဲ့ လက်ညိုးထောင်ခေါင်းငြိမ့်နေရသူတွေ တော်တော် များနေတုန်းပါတဲ့။

ဘယ်သူကိုကြောက်ရလည်းတော့မသိ တစ်ခုခုတော့ကြောက်နေရတယ်တဲ့။

လွတ်လပ်သော ဒီမိုကရေစီ ကို မြန်ပြည်သားတိုင်း အေးတူပူမျှ ခံစားနိုင်ကြပါစေ။

ပြန်လာချင် ပြန်လာ မလာလို့ ကတော့ နိုင်ငံတစ်ကာနဲ့ ပူးပေါင်းပြီးဖမ်းမည်

သမ္မတ ကပြောတော့ အဝေးရောက်သူတွေ ပြန်လာဖို့ ပြောတော့ သဘောထားပျော့ပျောင်းပြီး ကောင်းသော ကြိုဆိုမှုတွေ မြန်ပြည်မှာ ရှိလာပြီ ထင်နေတာ အခုတော့ ဗိုလ်ကိုကို က တရားမဝင်သွားရောက်တာ တို့  ဘာတို့ ဆိုပြီ အရေးယူလို့ ရတယ် နိုင်ငံတကာ နဲ့ ပူးပေါင်းဖမ်းတော့မယ်လို့ ပြောနေလေရဲ့ မြန်မာ့ အလင်းသတင်းမှာတော့ပါလာလေရဲ့ ။

ဘယ်လိုပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုရှိလို့  ဆိုတာ ရယ် ဒုံရင်းကဒုံရင်းအတိုင်းပါပဲ။မြန်ပြည်ကြီးကိုယ်တိုင်ကတော့ အရင်အတိုင်းပါပဲ။

Thursday, September 1, 2011

ကြားရသမျှ

ဂဒါဖီ သား နှစ်ယောက် က တစ်ယောက် တစ်မျိုး ပြောနေကြတယ်။ ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်သူတွေ က လာမည့် စနေနေ့ နောက်ဆုံးလက်နက်ချ ဖို့ ပြောနေလေရဲ့ ။

နိုင်ငံ အုပ်ချုပ်ခဲ့သူ တစ်ယောက် ကို ဆုကြေးငွေ ကြော်ငြာ ပြီး အလိုရှိသည် လို့ ကြော်ငြာ ခံနေရတာကတော့ ဗုံလုံတစ်လှည့် ငါးဖျံတစ်လှည့်လေလား။ ။

စင်ကာပူမှာ ကတော့ သူ့ နိုင်ငံသား တွေ အကျိုးအတွက် နိုင်ငံခြားသားတွေ ကို အနည်းငယ်တင်းကျပ်လာနိုင်တယ်လို့ ပြောနေကြပါတယ်။

တကယ်တော့ သံယံဇာတ ဖြစ်ဖြစ်မြောက် မထွက်တဲ့ နိုင်ငံ က ကျောင်းသားတွေ လက်ခံ လုပ်အားခတွေ ကရတဲ့ ဝင်ငွေ ကနေ အခွန်ရ လူနေမှုစရိတ်တွေ ရရှိနေ မှ ဖြစ်မယ့်နိုင်ငံက နိုင်ငံခြားသားတွေ ကို အရမ်းတင်းကြပ်မယ်ဆိုတာ နှစ်ရှည်ဘယ်လိုမှ မလုပ်နိုင်ပါဘူး။

တစ်ခုရှိတာက မြန်မာ ထိုင်း ရဲ့  စီမံကိန်းကို မသိမသာ ဖိနှိပ်လိုလျှင်တော့ မပြောနိုင်ပါဘူး။

ဘာပဲဖြစ်ဖြစ် နိုင်ငံတစ်ကာ ကျောင်းတွေ က နိုင်ငံခြားသား ကျောင်းသားတွေဆီက ရတဲ့ ဝင်ငွေ တွေ နဲ့  ရပ်တည်နေကြတာပါ။
သို့ မဟုတ်ရင် ဦးနှောက်ဖောက်စား နည်းပညာတွေ ရယူ အကျိုးအမြတ်ရယူနေကြတာပါ။

ကျောင်းသားတွေ ကျောင်းတက်ဖို့ ကျပ်လာရင်ခဏပါ ဈေးမြှင့်တာတော့ ရှိကောင်းရှိမှာပါ...တစ်နည်းမဟုတ် တစ်နည်းနဲ့ လက်ခံနေရမှာပါ။

မြန်ပြည်မှာတော့ မြို့ ပတ်ရထားမှောက်လို့ ဆိုပဲ...အသေအပျောက်တော့ မရှိလောက်ဖူးထင်ပါတယ်။ကမာရွတ် နဲ့ လှည်းတန်းဘူတာကြားလို့ ပြောတာပဲ။

မြန်ပြည်ထဲ ပြန်ဝင်တဲ့ မြန်ပြည်သားတွေ ကို တခမ်းတနား ကြိုဆိုတာတွေ တော့ မကြားရသေးဘူး။

မြန်ပြည်သားတွေ သမ္မတ သစ်ကြီး ပြောတာ ကို ဇဝေဇဝါဖြစ်နေတာလား မယုံတာလား တစ်ခုခုတော့ တစ်ခုခု ဖြစ်မှာပေါ့။

လွှတ်တော်ကြီးကတော့ အဆိုတင်လိုက် ပျက်လိုက် တင်လိုက် သဘောတူလိုက် သိပ်မကြားရပေမဲ့ တင်ပြခွင့် ကို လွတ်လပ်စွာ ခွင့်ပြုတာကို ကြိုဆိုစရာပါ။