ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, September 1, 2011

ကြားရသမျှ

ဂဒါဖီ သား နှစ်ယောက် က တစ်ယောက် တစ်မျိုး ပြောနေကြတယ်။ ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်သူတွေ က လာမည့် စနေနေ့ နောက်ဆုံးလက်နက်ချ ဖို့ ပြောနေလေရဲ့ ။

နိုင်ငံ အုပ်ချုပ်ခဲ့သူ တစ်ယောက် ကို ဆုကြေးငွေ ကြော်ငြာ ပြီး အလိုရှိသည် လို့ ကြော်ငြာ ခံနေရတာကတော့ ဗုံလုံတစ်လှည့် ငါးဖျံတစ်လှည့်လေလား။ ။

စင်ကာပူမှာ ကတော့ သူ့ နိုင်ငံသား တွေ အကျိုးအတွက် နိုင်ငံခြားသားတွေ ကို အနည်းငယ်တင်းကျပ်လာနိုင်တယ်လို့ ပြောနေကြပါတယ်။

တကယ်တော့ သံယံဇာတ ဖြစ်ဖြစ်မြောက် မထွက်တဲ့ နိုင်ငံ က ကျောင်းသားတွေ လက်ခံ လုပ်အားခတွေ ကရတဲ့ ဝင်ငွေ ကနေ အခွန်ရ လူနေမှုစရိတ်တွေ ရရှိနေ မှ ဖြစ်မယ့်နိုင်ငံက နိုင်ငံခြားသားတွေ ကို အရမ်းတင်းကြပ်မယ်ဆိုတာ နှစ်ရှည်ဘယ်လိုမှ မလုပ်နိုင်ပါဘူး။

တစ်ခုရှိတာက မြန်မာ ထိုင်း ရဲ့  စီမံကိန်းကို မသိမသာ ဖိနှိပ်လိုလျှင်တော့ မပြောနိုင်ပါဘူး။

ဘာပဲဖြစ်ဖြစ် နိုင်ငံတစ်ကာ ကျောင်းတွေ က နိုင်ငံခြားသား ကျောင်းသားတွေဆီက ရတဲ့ ဝင်ငွေ တွေ နဲ့  ရပ်တည်နေကြတာပါ။
သို့ မဟုတ်ရင် ဦးနှောက်ဖောက်စား နည်းပညာတွေ ရယူ အကျိုးအမြတ်ရယူနေကြတာပါ။

ကျောင်းသားတွေ ကျောင်းတက်ဖို့ ကျပ်လာရင်ခဏပါ ဈေးမြှင့်တာတော့ ရှိကောင်းရှိမှာပါ...တစ်နည်းမဟုတ် တစ်နည်းနဲ့ လက်ခံနေရမှာပါ။

မြန်ပြည်မှာတော့ မြို့ ပတ်ရထားမှောက်လို့ ဆိုပဲ...အသေအပျောက်တော့ မရှိလောက်ဖူးထင်ပါတယ်။ကမာရွတ် နဲ့ လှည်းတန်းဘူတာကြားလို့ ပြောတာပဲ။

မြန်ပြည်ထဲ ပြန်ဝင်တဲ့ မြန်ပြည်သားတွေ ကို တခမ်းတနား ကြိုဆိုတာတွေ တော့ မကြားရသေးဘူး။

မြန်ပြည်သားတွေ သမ္မတ သစ်ကြီး ပြောတာ ကို ဇဝေဇဝါဖြစ်နေတာလား မယုံတာလား တစ်ခုခုတော့ တစ်ခုခု ဖြစ်မှာပေါ့။

လွှတ်တော်ကြီးကတော့ အဆိုတင်လိုက် ပျက်လိုက် တင်လိုက် သဘောတူလိုက် သိပ်မကြားရပေမဲ့ တင်ပြခွင့် ကို လွတ်လပ်စွာ ခွင့်ပြုတာကို ကြိုဆိုစရာပါ။

No comments:

Post a Comment