ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, September 11, 2011

လွန်ခဲ့ သော ၁၀ နှစ် က အဖြစ်အပျက် မှတ်မှတ်ရရ

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် ရဲ့  လွန်ခဲ့သော ၁၀ နှစ် က ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ နေ့  က မန်းရေနံမြေ ဝင်းထဲ ကို အလုပ် ပြန်ဝင်ရန် အခန်းထဲ သို့  မဝင်ရောက် မှီ စလောင်းကြည့်ရသော အခန်း ကို ခဏ ကြည့် လိုက်စဉ် လေယာဉ် က အဆောက်အဦးထဲ ကို ဝင်တိုက်လိုက်သည် ကို...

ရုပ်ရှင် ရိုက်တာလားမသိ ထင်ယောင်ထင်မှားဖြစ်နေသောလည်း ကြည့်လိုက်တော့ BBC ဆိုတာ ထိုးထားတာတွေ့ ရတော့ သတင်း မှန်းသိရတော့သည်။အကြိမ်ကြိမ် ပြတာ တော်တော် ကို ကြာပါတယ်...

လုံးဝမထင်မှတ်ထားသော အဖြစ်အပျက် ...မယုံနိုင်စရာ သတင်း သို့ သော် တစ်ကယ်ဖြစ်ပျက်ခဲ့တာ ကတော့ အခုဆို ၁၀ နှစ် တင်းတင်းပြည့်ခဲ့သလို ......မန်းရေနံမြေ ကနေ အဝေးက နိုင်ငံ တစ်ခုမှာ ရောက်ရှိနေပေမဲ့...

မကြာသေးသလိုတောင် ထင်မှတ်မိတယ် ...ဘာပဲဖြစ်ဖြစ် ဒီလို အဖြစ်အပျက်မျိုး နောက်ထပ်မတွေ့ ရ မကြားရလိုပါ။.... အေးချမ်းသော ငြိမ်းအေးသော အရာရာ ဖြစ်စေရန် ရည်သန်လျှက်...

No comments:

Post a Comment