ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, September 14, 2011

တိုတိုထွာထွာ သတင်း များ

ထိုင်း​-မြန်မာနယ်စပ် မဲ​ဆောက်-မြဝတီမှာ ​သောင်ရင်း​မြစ် ​ရေကြီး​နေလို့​ မြန်မာဘက်ပို့​ဖို့​ ထိုင်း​ ဘက်မှာစုထား​တဲ့​ ကား​စီး​ရေ ၅,၀၀၀ ​လောက် ​ရေနစ်မြုပ်​နေပြီး​ ချစ်ကြည်​ရေး​တံတား​လည်း​ ထိခိုက်ပျက်စီး​သွားပါတယ်။

ကား​အစီး​ ၆၀ ​လောက် ​သောင်ရင်း​မြစ်​ရေထဲ ​မျောပါသွား​တယ်လို့​ သိရ​သည်။အဝေးကြီးတော့ မဟုတ်ပါဘူး။

၂၀၀၈ ခုနှစ်တုန်း​က မြန်မာတနိုင်ငံလုံး​ လိုအပ်ချက်က မဂ္ဂါဝပ် ၁၅၀၀၀ ရှိ​ပေမယ့်​ ​နေ့​စဉ် ၆၂၀၀ မဂ္ဂါဝပ်ပဲ ​ပေး​နိုင်တယ်လို့​ အမှတ် ၁ လျှပ်စစ်စွမ်း​အား​ဝန်ကြီး​ဌာနရဲ့​ အချက်အလက်​တွေကိုလည်း​ ​ဖော်ပြထား​ပါတယ်။

မြန်မာပြည်မှာ လျှပ်စစ်ဓာတ်အား​ပေး​စက်ရုံ​ပေါင်း​ ​ရေအား​လျှပ်စစ်စက်ရုံ ၉ ရုံ၊​ ဓာတ်​ငွေ့​ဓာတ်အား​ပေး​စက်ရုံ ၈ ရုံ၊​ ​ရေ​နွေး​ငွေစက်ရုံ ၆ ရုံနဲ့​ ဓာတ်အား​ခွဲစက်ရုံ ၅၂ ရုံ ရှိ​နေ​ပေမယ့်​ အများ​စု ​တွေနယ်ကလူတွေက​တော့​ ဖ​ယောင်း​တိုင်နဲ့​ ဘက်ထရီကိုပဲ အား​ကိုး​နေရတယ်လို့​ ​ဖော်ပြထား​ပါတယ်။

တရုတ်၊​ ထိုင်း​၊​ ဂျပန်နှင့်​ အိန္ဒိယ ကုမ္ပဏီ​တွေနဲ့​ စာချုပ်​တွေအရ စီမံကိန်း​က​နေ လျှပ်စစ်ဓာတ်အား​ အများ​ဆုံး​ ၂၅ရာခိုင်နှုန်း​သာ မြန်မာပြည်က ရမှာဖြစ်ပြီး​ ကျန်တဲ့​ဓာတ်အား​ကို ကုမ္ပဏီ​တွေရဲ့​ အကျိုး​စီး​ပွား​နဲ့​ နိုင်ငံခြား​ကို ​ရောင်း​စား​ဖို့​ ဖြစ်တယ်လို့​ ဆိုပါတယ်။

၂၀၀၈ ​အောက်တိုဘာလ ၂၀ ​နေ့​စွဲနဲ့​ ဝီကီလိခ်ကတဆင့်​ ​ပေါက်ကြား​တဲ့​ ​ကြေး​နန်း​စာထဲမှာ ဧရာဝတီ၊​ သံလွင်၊​ ချင်း​တွင်း​မြစ်ကြီး​တွေ​ပေါ်မှာ ၂၀၀၈ ခုနှစ်တုန်း​က ပြည်တွင်း​ပြည်ပကုမ္ပဏီ​တွေနဲ့​ ​ရေအား​လျှပ်စစ်စက်ရုံ​ပေါင်း​ ၁၉ခု ​ဆောက်လုပ်​နေပြီး​ ​နေ့​စဉ်မဂ္ဂါဝပ် ၃၀ မှ ၇၀၀၀ အထိ ထုတ်လုပ်မယ့်​ ​ရေကာ​တွေလို့​ ဆိုပါတယ်။

နောက်ထပ် စီမံကိန်း​ပေါင်း​ ၂၀ ကိုလည်း​ နိုင်ငံခြား​ကုမ္ပဏီ​တွေနဲ့​ နား​လည်မှု စာချုပ်ချုပ်ထား​တယ်လို့​ ဆိုပါတယ်။

လာမယ့်​ နှစ် ၂၀ အတွင်း​မှာ ​ရေကာ​ပေါင်း​ ၂၅၀ ခန့်​ဆောက်ဖို့​ အစိုး​ရက ​မျှော်မှန်း​ထား​ပြီး​ ​နေ့​စဉ် လျှပ်စစ်ဓာတ်အား​ မဂ္ဂါဝပ်​ပေါင်း​ ၄ ​သောင်း​လောက် ထုတ်လုပ်ဖို့​ လျာထား​တယ်လို့​ ​ကြေး​နန်း​စာထဲမှာ ​ဖော်ပြထား​ပါတယ်။

လောလော ဆယ်တော့ တောင်ငူနား က ဆည်တွေ ရေကာတာတွေ ကျိုးပေါက် မှာ စိုးလို့  ဆည်တွေ ရေကာတာတွေ ဖောက်ချနေရပါတယ်။

ဆွာချောင်းရေလှောင်တာမံ ၊ ပသိဆည် တို့ ဖောက်ချလိုက်တာကြောင့် တောင်ငူ မြို့ မှာ ရေကြီးနေပါတယ်။ မြို့ အရှေ့ ဘက် ရပ်ကွက်တွေ မှာ ဖြစ်နေတာပါ ရပ်ကွက် ၁၉။ ရပ်ကွက် ၂၀။ ရပ်ကွက် ၈။ ရပ်ကွက် ၉။ ရပ်ကွက် ၁၀ နဲ့ တော်တော် များများ မှာ ရေကြီးနေပါတယ်။

မြန်မာ့ ပင်လယ်ပြင် မှာ လှိုင်းကြီး နိုင်ပါတယ် အမြင့်ပေ ၆ ပေလောက်လို့ ခန့်မှန်းထားပါတယ်။

No comments:

Post a Comment