ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, October 30, 2011

လက်မပါနဲ့ နော် တဲ့ အိုင်ဖုန်း ၄အက်စ် က

စကား နဲ့  ခိုင်းစေ သုံးလို့ ရတာ တော်တော် လေး ကို ကောင်းပါတယ်...Note ရေးတာတောင် အတိုစာလုံးတွေ သုံးပြီးရေးရင် တောင်တော်တော် အဆင်ပြေတာတွေ့ ရပါတယ်...နောက် ဘယ်နာရီ နိုးပါတို့ အစ ကောင်းလာတာတွေ့ ရတော့

အိုင်ဖုန်း ၄အက်စ် ကတော့ လက်သိပ်ပါစရာ တွေ့ ရပါတယ်...

Softbank အိုင်ဖုန်း နဲ့  Au အိုင်ဖုန်း ဘာတွေ ကွာသလဲ ဆိုတော့ သိသေးသလောက်ကတော့ Imessage ကို Au မှာ လုံးလုံး သုံးလို့ မရသေးပါဘူး...

အဲဒီတော့ အိုင်ဖုန်း အချင်းချင်း မက်စ်စိပ် ပို့ ဖို့ ကတော့ Kakao Talk ကို အက်စ်ပယ် စတိုးမှာ ဒေါင်းပြီးသုံးရင် ဓာတ်ပုံတွေ တောင် ပို့ လို့ ရပါတယ်..

တစ်ခြားဟာတွေ ကတော့ အင်တာနက် ပိုမြန်မယ်ထင်ထားတာ နည်းနည်းတော့ ပိုလေးနေသလို ပါပဲ... သုံးပုံသုံးနည်း နည်းနည်း လိုနေသေးတာလို့ ပဲ ထင်တာပဲ..နည်းမသိသေးလို့ ထင်ပါတယ်...ဆော့စ်ဘဏ်က အိုင်ဖုန်း နဲ့  အေယူ က အိုင်ဖုန်း သုံးရတာ အတူတူလောက်ထင်ပေမဲ့ အေယူ ကဖုန်းဘေ သက်သာအောင် တော့ အဆင်ပြေနိုင်မှာပါ..အင်တာနက် သုံးရတာလေးတွေ ကို မသိမသာ ပိတ်သလို ထင်ရပေမဲ့ နည်းလမ်းတွေ ရှိနေမှာပါ..

ဆော့ဘဏ့် ကတော့နည်းပညာတွေ ကို ပိတ်တာပင်တာ လုံးလုံး မရှိတာပါပဲ...

Wednesday, October 26, 2011

အိုင်ဖုန်း ၄ နှင့် အိုင်ပက်စ် ၂ ကို အနည်းငယ်ပြောင်းစေသော Iso 5

Iso 5 ကတော့

အိုင်ဖုန်း ၄ မှာ နိုတီဖီကေးရှင်း ကို ပေါ်ကနေဆွဲချ ကြည့်လို့ ရလာသလို အိုင်ပက်စ် ၂ မှာပါ ရပါတယ်...
အဲလိုပေါ်လာတာနဲ့  ဘာပဲလုပ်နေနေ အဲပေါ်လာတာလေး ကို ထိလိုက်ပြီး ချက်ချင် မက်စ်စိပ် ပို့  ဖုန်း ကိုင် လို့ ရတာပါ..ချက်ချင်း ရီပလိုင်း လုပ်လို့ ရတာပါ..တော်တော်လေး ကို ကောင်းပါတယ် အချိန်ကုန်သက်သာ သွားတာပေါ့..

အိုင်မက်စ်စိပ် ကတော့ Iso 5 ထားသော ဖုန်း အချင်းချင်းပဲ ပို့ လို့ ရတာဆိုတော့ အိုင်ဖုန်း ကိုင်ထားသော်လည်း Iso 5 အပ်စ်ဒိပ် လုပ်ထားမထား သိသာပါတယ်..

အိုင်ပက်စ်၂ ဆာဖာရီ သုံးရတာ ပိုကောင်းလာပါတယ် အင်တာနက် အိပ်စ်ပလိုရာ သုံးရသလို အလွယ်တကူ ကောင်းလာတာပါ။

အိုင်ဖုန်း ၄ မှာတော့ ဆာဖာရီ ကတော့ ရီတာ ခေါ် စာဖတ်ချင်သော စာမျက်နှာ ကို အလွယ်တကူ သွင်းလို့ ရ ဖတ်လို့ ရတာပါ အိုင်ပက်စ် ၂ မှာ လည်း အတူတူ ရပါတယ်...

အိုင်ဖုန်း ၄ က ကင်မရာကို အပြင်ကနေ အလွယ်တကူ ရိုက်လို့ ရလာပါတယ်... အိုင်ပက်စ် ၂ မှာ တော့ နဂိုကတည်းက ဓာတ်ပုံကြည့်တာ ပါပြီးသား ဆိုလို့လားတော့ မသိ ကင်မရာ အလွယ်တကူ အပြင်ကနေ ရိုက်လို့ မရပါဘူး အရင်လို ပဲ အထဲကနေ ရိုက်ရပါတယ်...

တခုတွေ့ ရတာကတော့ Tango ထည့်ရင် ရက်စ်ဂျစ်စတာ လုပ်မှ အိုင်ပက်စ် ၂ မှာ သုံးလို့  ပိုကောင်းပြီး ဖုန်း မြည်သလို မြည်ပေး မှာပါ...အီးမေးလ် နဲ့  ဖုန်းခေါ်တာ သုံးရတာဆိုတော့ ဒါလောက်တော့ ရှိမှာပေါ့..

အင်တာနက် စာဖတ် တာတွေ ဖုန်းဘက်ထရီစားတာ ကတော့ တကယ်တမ်း သိပ်မစားပါ ဘူး အောက်ဖက်ကနေ ဟုမ်းစခရင် ကို နှစ်ချက် နှိပ်ပြီး အက်ပလီကေး ရှင်းတွေ ပြန်မပိတ်ပဲထားတော့ သတင်းတွေ က အလိုလို အပ်စ်ဒိပ်လုပ်နေတော့ ဘက်ထရီတွေ မလိုပဲ ကုန်နေတာပါ...

ဂျပန်မှာတော့ CNN ကိုတော့ ခွင့်မပြုထားပါဘူး BBC ,AP ,စသဖြင့် တော်တော် များများ ရပါတယ်..

မြန်မာ ဘလောက်စ်စာတွေ ကတော့ နည်းနည်းတော့ လေး ပေမဲ့ နှစ်ခု သုံးခု မက ရှိပြီး လေးမျိုးလောက် ထည့်ထားပြီး တစ်နေရာထဲမှာ မကြည့်ပဲ လေးမျိုးရှိလျှင်လေးမျိုး ဖွင့်ထားပြီး တစ်ခု မတတ်တုန်း နောက်တစ်ခု မှာသွားဖွင့်ပြီး ကြည့်လျှင် အဆင်ပြေပါတယ် ပိုလည်းမြန်လာမှာပါ...

Tuesday, October 25, 2011

အိုင်ဖုန်း စမတ်ဖုန်း အချင်းချင်းဖုန်း ဖရီးခေါ်ရင်း နိုင်ငံတကာ ဖုန်းခေါ်ရာတွင် ခရက်ဒစ်မလို အင်တာနက်ဖုန်း ခေါ်နိုင်ပြီ

အိုင်ဖုန်းတွေ အချင်းချင်း ဘယ်နိုင်ငံကမဆို အချင်းချင်းခေါ်ဖို့  Viber ကို သုံးလို့ ရတာ အရင်က ရေးပြီးသားပါ...စမတ်ဖုန်း နဲ့  အိုင်ဖုန်း နဲ့ ခေါ်ဖို့  အိုင်ပက်စ် ကို ခေါ်နိုင်တာ Tango ကိုသုံးလို့ ရတာကို ရေးပြီးသွားတာ ကြာပါပြီ...

အိုင်ဖုန်းဆိုရင် Viber ရော Tango ရော ထည့်ထားရင် ကောင်းပါတယ်...

စမတ်စ်ဖုန်းဆိုရင်တော့ Tango ကိုထည့်ထားလျှင်အဆင်ပြေပါသည်...ဘက်ထရီစားမှာစိုးလို့  အောက်ဖက်အထိသွားပိတ်ထားသော်လည်း ဖုန်းမြည်သလိုမြည်ပေးမှာပါ...

အင်တာနက်ဖုန်းတွေ ခေါ်ရာမှာတော်တော် များများ ခရက်ဒစ်ကဒ်တွေ ဘဏ်အကောင့်တွေ ငွေလွဲဖို့ တွေ လိုကြပါတယ် အခုဟာကတော့ ခရက်စ်ဒစ် ကဒ်မလို ဘဏ်အကောင့် မလိုတာကတော့ Fring ကို ငွေထည့်ပြီးသုံးတာပါ...

င်္Fring ကတော့ Iturn ကဒ်ကိုဝယ်ပြီး အက်ပယ်စတိုး ထဲထည့်ထားရင် ရပါတယ်...

င်္Fring ကတော့ Gtalk ကို စကားပြောလို့ ရပါတယ် ဒါပေမဲ့ ဒီအတိုင်း မပိတ်ပဲ အမြဲတမ်း အွန်ထားရင်တော့ ဘက်ထရီတော်တော် စားပါတယ်..

င်္Fring out ကနေ နိုင်ငံတကာ ကို ဖုန်းခေါ်လို့ ရပါတယ်...တခါတရံမှာတော့ အဆင်မပြေတာတွေတော့ ရှိတတ်ပါတယ်...

ခရက်ဒစ်ကဒ်နဲ့ တော့ မဝယ်တာတော့ အကောင်းဆုံးပါ...ပြဿနာ ဖြစ်မှာစိုးလို့ ပါ..

ှုIturn ကဒ် ကို ဝယ်ပြီးငွေ ဖြည့်ပြီး Apple Storeမှာ သုံးရင် အကောင့် မရှိလို့ ဖြစ်ဖြစ် ခက်ခဲတာရှိတာ တွေ ရှိတတ်ပါတယ်...

အကောင့်ဖွင့်ရာမှာ အီးမေးလ် တစ်ခုရှိဖို့ ရယ် Iturn ကဒ် ရှိရပါမယ်...Password ပေးရာမှာ အဆင်မပြေတာ ရှိတာကတော့...

အင်္ဂံလိပ် စာလုံး အကြီး ပါဖို့ လိုတာရယ် အသေးတွေ ပါရောရပါမယ်..ပြီးရင် ဂဏန်း တွေ ပါ ပါရင် တခါတည်း အဆင်ပြေပြေ အကောင့် ဖွင့်လို့ ရမှာပါ...သိပြီးသားသူတွေ အတွက်မဟုတ်ပေမဲ့ ဂိမ်းကစားသူတွေ အကောင့် အသစ် ဖွင့်ဖွင့်ဆော့ရတာတွေ ရှိတတ်လို့  ထပ်ရေးရတာပါ...

စမတ်ဖုန်း အိုင်ဖုန်း သုံးပြီး မြန်မာတွေ ဖုန်း ဖိုးသက်သာစေချင်လိုသောဆန္ဒဖြင့်ရေးခြင်းသာဖြစ်ပါသည်..

Fring နဲ့  ဂျပန် ဘယ်ဖုန်း မဆိုခေါ်ရင်တမိနစ် ၇-၈ ယမ်းမကျော်ပါဘူး ဖုန်းဖိုးသက်သာသွားမှာပါ...

Monday, October 24, 2011

အိုင်ဖုန်း အိုင်ပက်စ် ပျောက်မှာမပူရတော့ ...အိုင်မက်စိပ်ပို့ ရအောင်..

အခု ISO 5 ကတော့ အိုင်ပက်စ် ရော အိုင်ဖုန်း ပါ ဘယ်မှာ ရှိတာကို သိနိုင်တဲ့ Find iphone ကို Apple store မှာ ဒေါင်းလုဒ် လုပ်ပြီး နေရာပြတာကို ခွင့်ပြုထား ရင် အက်စ်ပယ် အကောင့်နဲ့ ဘယ်မှာ ရှိတာ သုံးနေတာကို သိနေတဲ့ အပြင် ပျောက်နေရင်တောင် လှမ်းပြီး ရပ်ထားလို့  ရပါတယ်..

အိုင်မက်စ်စိပ်ကတော့ အိုင်ဖုန်းတွေ အိုင်ပက်စ်တွေ အိုင်ပေါ့စ်တပ်စ် တွေ ISO 5 ကို အပ်စ်ဒိပ် လုပ်ထားမှ ရပါတယ် ပုံမှန် အရဆိုရင်တော့ ဖရီး ရရမှာပါ နိုင်ငံကျော် ဖရီး ရလိမ့်မယ်လို့ ထင်ပါတယ်...

SMS ပို့ တဲ့နေရာမှာ iMessage လို့ ပေါ်လာရင် အိုင်မက်စ်စိပ် ပို့ လို့ ရပါတယ်...ပုံမှန်ဆို ရင်တော့ Text Message လို့ ပဲပေါ်ပါတယ်...

Oversea ပို့ ရင်တော့ Wifi နဲ့ ပို့ ရင် ကောင်းလိမ့်မယ်ထင်တယ် ...အဲဒါဆို ရင် ပိုက်ဆံမဖြတ်နိုင်ဘူးလို့ ထင်ပါတယ် ...တကယ်တော့ ဘယ်လိုပဲဖြစ်ဖြစ် ဖရီး ရ ရမှာတွေပါ...

ဂျပန် က အိုင်ဖုန်းတွေ ကတော့ ရိုးရိုး SMS ကို Oversea ပို့ ရင် တစ်ခါကို ယမ်း ၁၀၀ ကျပါတယ် ခင်ဗျာ..

Iso 5 က ဒီလ ၁၃ ရက်နေ့ က မှ အပ်စ်ဒိပ်လုပ်လို့ ရတာပါ...

Au အိုင်ဖုန်းတွေကတော့ လောလောဆယ် iMessage မရသေးဘူးလို့ အိုင်ဖုန်း 4S မှာတော့ မရသေးဘူးလို့ ဆိုပါတယ်...

မနေ့ (၂၃.၁၀.၂၀၁၁)ကတော့ Au အိုင်ဖုန်း 4S 16GB ကို Shinjuku က Biccamera မှာ ချက်ချင်းရပါတယ်... 32GB, 64 GB ကတော့ အဖြူရောင်ရော အနက်ရောင်ရော မရသေးပါဘူးခင်ဗျာ..

Friday, October 21, 2011

အိုင်ဖုန်း ၄ နှင့် အိုင်ဖုန်း ၄အက်စ် ကကောင်းတာလေးတွေ...

အိုင်ဖုန်း ၄အက်စ် က အိုင်ဖုန်း ၄ နဲ့ ဆို အပေါ်အခွံ ကအပေါ်ပိုင်းလေး က အောက်ဖက်ကလို ကန့် ထားတာလေး ပိုပါလာတာပါပဲ...

ဒေါင်းလုဒ် လုပ်တဲ့ မြန်နှုန်းကတော့ အရင်က ရ.၂ ကနေ ၁၄.၄ အထိဖြစ်လာတာပါ...

ကင်မရာ ပိုကောင်းလာပါတယ်။

ှSiri က နဂို အသံနဲ့ ဖုန်းခေါ်လို့ ရတာတွေ သီချင်းဖွင့်လို့ ရတာတွေ ကို နေရာ မှာ အစားထိုးဝင်ရောက်လာတာပါ...

အဲဒါလေးကတော့ ဖုန်း အလန်းပေးတာတို့ တော်တော် များများလုပ်လို့ ရလာတာပါပဲ...

အဲဒါလေးတစ်ခုတော့ ပိုကောင်းလာတာပါ။အရင်ထဲကတော့ ဖုန်းခေါ်လို့  သီချင်းဖွင့်လို့ ရထက်သာလာတာပဲ ရှိလို့  အိုင်ဖုန်း ၄အက်စ် ဖြစ်သွားတာ ဖြစ်ပါလိမ့်မယ်...

Tuesday, October 18, 2011

ဟိုတယ်ဖြစ်လာမှာလား ဒူးယား ...သရဲခြောက်သော အိမ်သာ နှင့် ပိတ်ထားရသော အခန်း တစ်ခန်း

သတင်း တစ်ခုမှာ ဒူးယားဆောင်တို့  ပုပ္ပါးဆောင်တို့ ကို ဟိုတယ် လုပ်ဖို့ ကြိုးပမ်းနေတယ် ဆိုလို့ 
ဒူးယား မှာ ၁၉၉၃ ဖေဖော်ဝါရီ လ ကနေ ၁၉၉၆ အထိ အဆောင်နေလာခဲ့တော့ အဆောင် ကို စာသင်နှစ် ပုံမှန် ၄ တန်းစာပဲ နေရမှာဖြစ်ပေမဲ့
ဒူးယား မှာ အပျော်လွန်ပြီး တစ်တန်းစာ ပိုနေခဲ့ရတာကြောင့် ဒူးယား အကြောင်း တွေ့ ရမြင်ရ တာလေးတွေ ရေးချင်တာပါ။

တစ်တန်းစာ ပိုနေချိန်တွင်း မှာ နားလည်ပေးသော ကွယ်လွန်သွားပြီဖြစ်သော အဆောင်မှုးဆရာဦးဝင်းမြင့် အား ကျေးဇူးတင်အောက်မေ့သတိရလျက်ပါ...အဲဒီတုန်းက ဂျာမနီ မသွားခင်တောင် အစစ အရာရာ စီစဉ်ပေးသွားခဲ့တာပါ...ပုပ္ပါးအဆောင်မှုး ဆရာဦးစိုးလွင် ကြီးဆီတောင် အကူအညီ ရအောင် လုပ်ပေးခဲ့တာပါ...

အဲလို ဒူးယား မှာ နှစ်တွေ သူများထက်ပိုကြာရတော့ ဒူးယား ဆောင် အောက်ဆုံးထပ်က သရဲခြောက်တာလေး သတိရမိပါရဲ့ ...
အောက်ဆုံးထပ်မှာ အိမ်သာမှာ အိမ်သာတတ် အပေါ့သွား ရင် အပေါ့တွေသွား အိမ်သာတတ်ပြီး ရေတွေ လောင်းချပြီးရင် ပြန်လာတာနဲ့  အပြင် အဝရောက် ပြီဆိုတာ နဲ့  ဘယ်သူမှ အထဲမှာ မရှိဘဲ နဲ့  ရေ တွေ ဆွဲချတော့ တာပါပဲ...

အဲလိုရေဆွဲချတာ ကို ကြောက်လန့် ပြီးမယုံလို့ ဆိုပြီ တကယ်သွားကြည့်ပြီး ဖျားသွားတာ တစ်ယောက် ရှိပါတယ်...
သူကတော့ လတ်ကြီး ခေါ်တင်မောင်လတ် CIVIL နဲ့ ကျောင်းပြီးသွားပါပြီ...တကယ်ဖျားတာမဟုတ်ဖူး ထင်လို့  ထပ်စလိုက်မိတာ နောက်တစ်ခါထပ်ဖျားတော့ နောက်ဘယ်သူ ကို မှာ မပြောပဲ နေလာ လိုက်တာ အခုမှ သတိရလို့ ရေးမိတာပါ...

အဲလို အိမ်သာနဲ့ ပက်သက်လို့  အဆောင်မှာ ကဗျာရေးသူ တစ်ယောက် စာတိုလေးကို လည်း သတိရသလောက်ရေးပါရစေ ...

ခေါင်းစဉ် နဲ့ စာရေးသူ မမှတ်မိပေမဲ့ ...ကဗျာလေးကတော့....

ဝုန်းကနဲ ဖွင့်
ဒိုင်းကနဲ တွေ့ 
သရဲ ရေ မလောင်းခဲ့ ပါတကား။

....အဲဒီကဗျာလေး ကတော့ ဒူးယားမှာ မှတ်မှတ်ရရပေါ့...အဆောင် နှစ်ပတ်လည် ဒင်နာ မှာ နံရံကတ် လုပ်စဉ်မှာ တွေ့ ခဲ့ရတာပါ...
ကဗျာထဲ က မှားယွင်းမှု ရှိပါ ကအခုရေးသူ ကျွန်တော် မှားယွင်းမှုသာလို့ ပြောပါရစေ...မှတ်မိတာရေးရတာဆိုတော့လေ...

နောက်တစ်ခုကတော့
ပိတ်ထားတဲ့ အပေါ်ဆုံးထပ်က လမ်းမပေါ်ကို မြင်နေရတဲ့ အဆောင်မှုး အိမ်ဘက်ရောက်နေတဲ့ အ ပေါ်ဘက်က အခန်းပါ..
အဲဒီ အခန်း ကတော့ အစွန်ဆုံး အခန်းပါ..

အဲဒီ အခန်း ပိတ်ထားတော့ အဲဒီအခန်းကပ်နေတဲ့ သူက အဝတ်လှန်းဖို့  အခန်း ဖွင့်ချင်တယ်ဆိုလို့  ကျွန်တော် ကကောင်းပါမလားပြောပေမဲ့...
သူက ဘာမှမဖြစ်ပါဘူး ပြောတော့ အေးလေ မင်းသဘောပဲ

ဒါပေမဲ့ သူဟာသူဖွင့်တော့ မရတော့ အကူအညီတောင်းတော့ ဖွင့်တော့ ပေးလိုက်ပါတယ် အပြင်ဘက်ကသော့ခတ်ထားပေမဲ့
ဝရန်တာ ဘက်ကနေ ဖွင့်လိုက်တော့ ရပါတယ်...

ဒါပေမဲ့ စိတ်ကမသတီတော့ ခဏပဲ ကြည့်ပြီး နေလိုက်ပေမဲ့ သူကတော့ အခန်းထဲ ဝင်ပြီးဟိုရှင်းဒီရှင်းလုပ်ပြီ အဝတ်လှန်း ဖို့ လုပ်လိုက်တော့တာပါပဲ...

သူကတော့ မာမီမိုး ခေါ်အောင်လွှမ်းမိုး CIVIL နဲ့ ကျောင်းပြီးသွားလေရဲ့ ...

အဲလိုလုပ်ပြီး နောက်တစ်ရက် မှာ မာမီမိုးတစ်ယောက် ကောက်ကာငင်ကာ ဖျားတော့တာပါပဲ...

အဲလိုနဲ့  သူလည်း အခန်းတစ်ခါးပြန်စိ ပိတ်လိုက်ပြီ အခန်းထဲကို သူနေမကောင်းလို့ စားတဲ့ ပေါင်မုန့် လေးဖဲ့ ပြီး အခန်းထဲ ပစ်ထည့် လိုက်လုပ်လိုက်တော့ မှ သူလည်း သက်သာသွားတော့တယ်...

အဲလိုဖွင့်ပြီးတဲ့ညက သူ အိမ်မက်ဆိုးလိုလို ဘာလိုလို ဖြစ်တယ်တဲ့ ...

နောက်ပိုင်း အစားအစာလည်း ပေးလိုက်တော့မှ သက်သာ သွားတာတဲ့...

အဲဒီအကြောင်းကို အဆောင်မှုးကသိတော့ အဆောင်ထိန်း ဦးကျော်ကို အခန်းကို သော့ပြန်ဖွင့် ပြီး ဝရန်တာဘက်က တံခါး ကို သံနဲ့ အသေပိတ်တော့တာပါပဲ...

ဘာမေးမေး မပြောပေမဲ့... ဘယ်သူမှ ကိုလည်းမထား အသေပိတ်ထား တာပါ...

တစ်စုံတစ်ရာ အကြောင်းတော့ ရှိမှာပါ...

အခန်း ကို ဖွင့်ပေးမိတုန်း က စိတ်ထဲ တစ်မျိုး ချက်ချင်းဖြစ်သွား မိပေမဲ့ မာမီမိုးတော့ အဲလောက်ဖြစ်သွားလိမ့်မယ် မထင်ခဲ့တာပါ.. အဲဒီအခန်း ရှေ့ ကဝရန်တာ ကိုတောင်အဝတ်သွားတောင်မလှန်း ရဲတော့တာ အဲဒီ အတန်းပြီးတဲ့အထိပေါ့...

ဒီအကြောင်းတွေ ရေးတော့ တွေ့ ရတဲ့ အဖြစ်အပျက်ပါ....တခါတရံမှာ မထင်မှတ်တာတွေ ဖြစ်လာတာတွေ က အထူးအဆန်းပါ....ကြောက်စရာတွေတော့ မဟုတ်ပေမဲ့...

ကြောက်တတ်သူတွေ အတွက်တော့ စ စရာမဟုတ်သလို ...ခြောက်စရာမဖြစ်စေချင်ပါ...

ဒူးယားဆောင် ကတကယ်အဖြစ်အပျက်လေးပါ..... ဟိုတယ်လုပ်ရင်တော့ .မြန်မာပြည်ပြန်ရင်တော့ အမှတ်တရ သွားတည်းရဦးမယ်...အဆောင်က သရဲ ကြီး ရှိသေးရင် မပျင်းရဘူးပေါ့...

Sunday, October 16, 2011

ယန်ဇီမြစ်ကThe Three Gorges Dam အကျိုးဆက်

ယန်ဇီမြစ်ကThe Three Gorges Dam လို့ ခေါ်တဲ့ ရေကာတာ အကြီးကြီး တခုကြောင့် ပတ်ဝန်းကျင်ပျက်ဆီးခဲ့ ရပုံ
Yang Tzi - ယန်ဇီမြစ် ( တရုတ်လို ယန်ကျဇ်ကျန်း၊ ချန်ကျန်း ) လို့ ခေါ် တဲ့ တရုတ်ပြည်မကြီးမှာ ရှိတဲ့ မြစ်တစ်စင်းအကြောင်းရိုက်ကူးထားတဲ့ မှတ်တမ်းကားလေး တစ်ကားဖြစ်ပါသည်။မြစ်အပေါ် ပိုင်း မှာ The Three Gorges Dam လို့ ခေါ်တဲ့ ရေကာတာ အကြီးကြီး တခု တည်ဆောက်လိုက်လို့  မြစ်အကြော မှာ ရှိတဲ့ ရွာတွေ မြို့ တွေ တိမ်ကော ပြီး၊ လူနေမှုဘ၀ တွေ ကို ပြောင်းလဲသွားတဲ့ အကြောင်း ကိုရိုက်ကူးထားပါသည်



မူရင်းလင့် http://www.baymyanmar.org/2011/10/sunday-16-october-2011-1610.html

Occupy Wall Street spreads to Tokyo



People march on the streets of Tokyo to make their voices heard and express concerns for the future to those in power.

ဆည် ဆိုတာ အဆယ်လွန်တော့ ရေကြီးတာပေါ့လား

ဆည် တွေ ဆောက်တာတွေ ကတော့ မိုးခေါင်ရေ ရှားပြဿနာ ကိုတော့ ပြေလည်စေပေမဲ့ တကယ်တန်း မိုးတွေ ကြီး ရေတွေ အလျှံပယ်ဖြစ်လာတော့ ဆည်ကထိန်းထား လိုက်တော့ ရေတွေ သွားစရာမရှိ ရေထွက်နှုန်း ကရွာနေတဲ့ မိုးတွေ ကို အချိန်မှီ မထုတ်နိုင်တော့ ဆည်ပြည့် ရေလျှံ ရေတွေ ပါကြီးလာပါတော့သည်။

ထိုင်းက အဖြစ်အပျက် နေရာတစ်ချို့ ဟာ ဆည်က ရေတွေ အချိန်မှီ ရေတွေ ထွက်စရာမရှိလို့  ပိုဆိုးဝါးတာကိုတွေ့ ရတာ စိတ်မကောင်းစရာပါ...

ဆည်က အကျိုးပြုတာရှိ သလို ရေလျှံ တာပြို ဖြစ်တာတွေ ရှိတတ်ပါတယ်...

ထိုင်း ကရေကြီး မှုတွေ သက်သာလျော့ပါးနိုင်ပါစေ...လို့ မျှော်လင့်ရင်း

Thursday, October 13, 2011

အိုင်ဖုန်း ဖိုးအက်စ် ကို ရင်မခုန်စေသော အိုင်အက်စ်အို ငါး

အိုင်ဖုန်း ဖိုးအက်စ် ကတော့ မနက်ဖြန်ထွက်မှာပါ...ဒီနေ့  အိုင်အက်အို ငါး ကို အိုင်ဖုန်း ၄ နဲ့ အိုင်ပက်စ် ၂ မှာ အပ်ဒိတ်စ် လုပ်ပြီးကြည့် လိုက်တော့ မြန်မာလို ရိုက်မရသေးတာရယ် ကတော့ ၄အက်စ် ကို စိတ်ဝင်စားမှုတော့ နည်းသွားစေတာအမှန်ပါ တိဗက် ကီးဘုတ်တောင်ပါလာပြီ မြန်မာလိုတော့ ပါမလာသေးပါဘူး...

အိုင်ဖုန်း အိုင်ပက်တော့ အိုင်မက်စိပ် တော့ ပို့ လို့ ရတာလေး တော့ကောင်းလာပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ ဖောင့် ကို လွယ်လွယ်ကူကူ ရိုက်ချင်တာပါ။

au နဲ့  အိုင်ဖုန်းဝယ်ရင် softbank ဖုန်း ကို ဖရီးခေါ်လို့ ရတော့မှာပါ ...

Au အိုင်ဖုန်း အင်တာနက်ကတော့ တစ်လ ယန်း ၅၀၇၀ လို့ ပြောပါတယ် Softbank ကတော့ ယန်း ၄၄၁၀ ပါ ...

ှSoftbank ကနေ ipad2 ကိုတော့ အင်တာနက်ဖိုးကတော့ စစချင်း လ ကတော့ ယန်း ၆၆၀၀ လောက်ကျပေမဲ့ နောက်လတွေကတော့ ယန်း ၂၅၆၉ ယန်းပဲကျပါတော့တယ်။

အင်တာနက် အသက်သာဆုံးကတော့ အိုင်ပက်စ်ပါ ယန်း ၂၆၀၀ တောင်မပြည့်ပါဘူး...အခုဆို Au အိုင်ဖုန်း Softbank အိုင်ဖုန်းတွေနဲ့  ရှော့မက်စ်စိပ် ပို့ နိုင်ပါပြီ။

ကင်မရာ ဝယ်ဖို့ စိတ်ကူးနေသူဆိုရင်တော့ အိုင်ဖုန်း ၄ အက်စ် က ကင်မရာရိုက်ရတာတော်တော် အဆင်ပြေမှာပါ...ဖုန်းကိုအန်လော့ဖွင့်စရာမလို ပဲ လွယ်လွယ်ကူကူ ဓာတ်ပုံရိုက်လို့ ရပါတယ်...

ဝမ်းသာစရာ မြန်မာသီတင်းကျွှတ်

ဒီနေ့  အဘိဓမ္မာ အခါတော်နေ့  မှာ အကျဉ်းသား ၆၃၅၉ ဦးလွှတ်တာတော့ဝမ်းသာစရာပါ.. နိုင်ငံရေးအကျဉ်းသား တစ်ချို့ တွေပါ ပါလာတာတွေ့ ရပါတယ် လယ်မြေအသိမ်းခံ ရပြီး အကျဉ်းကျခံရသူတွေ ကော ပါရဲ့ လား...အများအတွက်လုပ်ရင်း ရောက်နေတာ ကြာနေပြီ ဆိုသူတွေကောပါရဲ့ လား...မွေးထားတာ မကြာသေးပဲ မိခင်နဲ့ ကွဲကွာနေရသော ကလေးတွေ ရဲ့ မိခင်တွေရောပါ ရဲ့ လား...ဘယ်လိုပဲဖြစ်ဖြစ် နောက်တော့ ပါလာနိုင်ပါစေ လို့ မျှော်လင့်ရင်း ဝမ်းသာစရာ နေ့ တစ်နေ့ တော့ မြန်မာပြည်အတွက် ဖြစ်ပါတယ်။

ထိုင်း ရေကြီးသော်လည်း ထိုင်းဝန်ကြီးချုပ် သစ် အတွက် ရေမကြီး

Friday, October 7, 2011

၂၀၀၂ မာစီးတီး ကားအဟောင်း ဈေး ဒေါ်လာ ၃၅၀၀ အောက် ကားများပုံ




အောက်ပါလင့်တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်...

http://www.tradecarview.com/used_car/japan%20car/mercedes-benz/all/?fid=1996&jid=2010&tp=1&pn=4&so=1

Steve Jobs ကပြောတယ်...

Think Different....Stay Hungry...(Steve Jobs)Apple Co-founder.

Thursday, October 6, 2011

Rest in Peace ....Steve Jobs.....၁၉၅၅-၂၀၁၁











Yahoo မှရယူပါသည်...ပန်းသီးလေး တကယ်ကို တခြမ်းပဲ့သွားပြီပဲ...ကမ္ဘာပေါ်မှာ နည်းပညာအတွက် ကြိုးစားသူ .ခေါင်းဆောင်နိုင်သူ.ဆုံးရှုံးမှုကတော့ ....သူမိတ်ဆက်ခဲ့တဲ့ အိုင်ပက်စ် ၂ နဲ့  အိုင်ဖုန်း ၄ ကို အမှတ်တရသိမ်းထားရင်း Steve Jobs ....ငြိမ်းချမ်းစွာ ...အနားယူနိုင်ပါစေ...

တရုတ်အား လစ်ဗျား ကရေနံ ရောင်းရန်မသေချာမရေရာ

ယခု နှစ် ဖေဖော်ဝါရီ လ မှ စက်တင်ဘာလ ထိ ဗိုလ်မှုးကြီး ကဒါဖီ ကို ဆန့် ကျင် သည့် လက်
နက်ကိုင် အုံကြွ မှု ဖြစ်ပွား ခဲ့ စဉ် က လစ်ဗျား ပြည်သူ များ ကို နှိပ်စက် ရန် အတွက် လက်
နက် ရောင်းချ ပေး ခဲ့ သည့် အ ပြင်
လစ်ဗျား တော် လှန်ရေး နှင့် အတိုက် အခံ များ ကို အသိ
အမှတ် မပြု သည့် တရုတ် အစိုး ရ အား လစ်ဗျား အမျိုး သား အသွင် ကူပြောင်း ရေး ကောင်
စီက ရေနံ ပြန်လည် ရောင်း ချရန် သုံး သပ် သွား မည် ဟု ဆို သည်။

လစ်ဗျား နိုင်ငံ တွင် ကဒါဖီ အုပ်ချုပ် စဉ် က တရုတ် သည် အဓိက ကျသည့် မိတ်ဖက် နိုင်ငံ ဖြစ်
သော် လည်း ကဒါဖီ ၀ရမ်း ပြေး ဘ၀ ရောက် ရှိ ပြီး နောက် လစ်ဗျား ခေါင်းဆောင် သစ် များ နှင့်
တရုတ် ၏ ဆက်ဆံ ရေး စာမျက် နှာ တွင် အပြောင်း အလဲ များ စွာ ရှိ ခဲ့ သည်။

အာဏာရှင်တွေ ကို လက်နက်ရောင်း အဲဒီနိုင်ငံပြည်သူတွေ ကို နှိပ်စက်လေ တရုတ် သူလိုတာတွေ တောင်းပြီး ကြီးပွားအောင်လုပ်နေတာ...မြန်မာက အာဏာ ရှင်တွေ နဲ့ စာချုပ်ချုပ်ထားတာတွေ ကရော ...

Wednesday, October 5, 2011

ကျောက်ဆည် မှာ ဆည်တွေ ရေလျှံလို့  ရေတွေကြီး နေပြည်တော်မှာ လည်း ဟိုတစ်လောက ရေတွေကြီး

ကျောက်ဆည် မှာ ဆည်တွေ ရေလျှံလို့  ရေတွေကြီး နေပြည်တော်မှာ လည်း ဟိုတစ်လောက ရေတွေကြီးခဲ့ပါတယ်။

ရှမ်းကုန်းမြေမြင့်နှင့် မန္တလေးတိုင်းတွင် မိုးဆက်တိုက် သည်းထန်စွာ ရွာသွန်းပြီး ဇော်ဂျီမြစ်ရေ လျှံတက်ခြင်း၊ ကျောက်ဆည်မြို့ အနီးရှိ မင်းရဲ၊ ငပြောင်၊ နောင်ခမ်း စသည်ဆည်များမှ ရေပိုရေလျှံများ လျှောကျခြင်းတို့ကြောင့် ဒေသတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာရသည်ဟု ပြောသည်။


မြို့အနောက်ပိုင်း ရပ်ကွက်ကြီးများဖြစ်သည့် ကြက်မင်းတွန်၊ ဆူးကုန်း၊ အောက်ချိုင့်၊ ငါးဆူပတ္တာ စသည်တို့နှင့် မြို့ဦး၊ ဇီးပင်ကွင်း၊ အင်းကုန်း၊ ပြည်တော်သာ စသည့် ပတ်ဝန်းကျင် ရွာများတွင် ရေလွှမ်းမိုး ခံရကြောင်း အဆိုပါ မြို့ခံကပြောသည်။


မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ်များ၌ မိုးများခဲ့သည့်အတွက် ဆည်များမှ ရေပိုများကို ဖောက်ထုတ်လိုက်ရာ ပျဉ်းမနား၊ လယ်ဝေး၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိမြို့နယ်များရှိ ရပ်ကွက်များ၊ ကျေးရွာများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွား ခဲ့သေးသည်။

ဆည် အသေးတွေ ရဲ့ နောက်ဆက်တွဲ မထိန်းသိမ်းနိုင်တာတောင် ဒီလိုဖြစ်နေတာ ဆည်အကြီးတွေ ရဲ့ ပြဿနာဆို ပိုဆိုးမှာပါ...ဆည်က အကျိုးပြုသလို ထိန်းသိမ်းနိုင်သော နည်းစနစ်တွေ ရှိမှပါ သို့ သော် သဘာဝဘေး ကိုတော့ တခါတရံ ရင်ဆိုင်လို့ မရပါဘူး လက်လျော့ရတတ်ပါတယ်။

တရုတ် တော့ ရေနံ မရမှာ စိုးလို့ ကြောက်ကြောက်နဲ့ လှူကုန်ပြီ....မြစ်ဆုံကိစ္စတရားစွဲမယ်ဆိုပြီးတော့


(Photo-Xinhua)
အောက်တိုဘာလ၃ရက်နေ့ကတရုတ်-မြန်မာ ရေနံပိုက်လိုင်းတစ်လျှောက်ရှိ ဒေသများတွင် ကျောင်း(၈) ကျောင်းဆောက်လုပ်ရန် တရုတ်ရေနံကုမ္ပဏီဖြစ်သော China National Petroleum Corporation (CNPC) က နေပြည်တော်မှာအမေရိကန်ဒေါ်လာ ၁.၃၂ သန်းလှူဒါန်းကြောင်းXinhuaသတင်းမှာဖေါ်ပြတယ်။

Tuesday, October 4, 2011

ဒီမိုကရေစီ အစိုးရသစ် အကြံ တရုတ် မခံမရပ်နိုင်


တရုတ်တွင် တနှစ် ကို ရေကာတာ တို့ ဆည်တို့ လေးခုလောက် ကို မထိန်းမသိမ်းနိုင်ဖြစ်ရသည်။

Monday, October 3, 2011

တရုတ် ကြီး မြစ်ဆုံ ဆက်ဆောက် ရဖို့ အရေး ဝါဒဖြန့်  အစိုးသစ်သမ္မတ အိန္ဒိယ သွားမည်..

တရုတ် မြန်မာအား လက်နက်ရောင်းထားခြင်း ဝါဒဖြန့် လာသည်။တရုတ် စွမ်းအင် လိုအပ်ချက် ၈၀ ရာခိုင်နှုန်း အတွက် ရေနံသယ် လမ်းကြောင်း မှာ ပင်လယ်ဓါးမြ ရန် ကြောက်ပြီး ကျောက်ဖြူ မှ စီမံကိန်း ပြုလုပ်နေသော်လည်းမအောင်မြင်မှာပါ ကိုပါ စိုးရိမ်လာ။ သို့ သော် ဖိအား မပေး ရဲ။ တရုတ် ကုမ္ပဏီ မြစ်ဆုံ စီမံကိန်း ဆက်ဆောက်နေဆဲ ဖြစ်သည်။

မြစ်ဆုံ စီမံကိန်းအား ကချင် ၈၀ ရာနှုန်း ထောက်ခံ ဟုပြောသော်လည်း စစ်ပြေးဒုက္ခသည် ကချင်များ တရုတ်ပြည်ထဲခိုလှုံ မှုကိုမူ ခွင့်မပြု အဝင်မခံပေ။

ထိုစီမံကိန်း အစီရင်ခံစာ တရုတ် ထုတ်ပြန်မှု ကို နိုင်ငံတစ်ကာ အဖွဲ့ က မထောက်ခံ ရေးသားသူများမှာ ပညာ ရှင်များမဟုတ်ဟု ပြောဆိုလိုက်သည်။

မြစ်ဆုံစီမံကိန်း အတွက် မသိမသာ ဝါဒဖြန့် လာပြီး မြန်ပြည်ပျက်စီးရေးအတွက် နည်းလမ်းသစ် ကြိုးပမ်းလာသည်။

မြန်မာ့ မြေ မြန်မာ့ လေ မြန်မာ့ ရေ မြန်မာသာ ပိုင်သည် ။ မြန်မာ ပြည်အရေး မြန်မာ နှင့်သာဆိုင်သည် ပြည်ပ ပယောဂ အလိုမရှိ။

အစိုးရသစ် အင်အားကြီးနိုင်ငံ နှစ်ခု အား အသုံးပြု ချိန်ခွင်လျှာ ညှိဖို့ ကြိုးပမ်းနေပြီး။

မြစ်ဆုံ စီမံကိန်းရပ်ခြင်း ကြောင့် တရုတ်နှင့် မည်သည့် အခက်အခဲမျှ မရှိ နိုင်ကြောင်း ပြောဆိုသည်။

တရုတ်ကြီး ရေအားလျှပ်စစ် ပျက်မယ် စိတ်ဆိုးတော့ ရေနံ တွေ ပါ မရချင်တော့ဘူးထင်တယ်

တရုတ်ကြီး က ရေကာတာစီမံကိန်းခဏ နားတာစိတ်ဆိုးရင် မြန်မာက ရေနံတွေ ပါ ပိတ်လိုက်မှာနော် ...ပိတ်မယ်ဆိုတာနဲ့  အမေရိကန်နဲ့  အိန္ဒိယ က အဆင်သင့်စောင့်နေတာနော်။

မြန်မာကတော့ သာသာပဲ... ဝတွေတောင် အကူအညီ ရနေတာတွေ ရှိနေလို့  မတိုက်တာ။

ရေကာတာရော ရေနံ ပါ ဖြစ်စေချင်ရင်တော့ တရုတ်ကြီး မြန်မာ ကို များများ ဖိအားပေးလေ မြန်မာ တရုတ်နဲ့ မဆက်ဆံလေ မြန်ပြည်က ပိုတိုးတက်လေပါ။

မြန်ပြည်သူတိုင်း ပိုကြိုဆိုနေတာပါ။

မြန်ပြည်ပျက်လေ တရုတ်ကြိုက်လေ....မြန်ပြည်သားတွေက တရုတ်နဲ့ မဆက်ဆံလေ မြန်ပြည်တိုးတက်လေ ပစ္စည်းကောင်း နည်းပညာကောင်းပိုရလေ...

အစိုးရကို တရုတ်နဲ့ တအားဆက်ဆံနေတာ ပြောမရလို့ ကြည့်နေတာ ကြာလှပေါ့...

တရုတ်က မြန်မာကိုတစ်ခုခု တုန့် ပြန်လာလျှင် ရေနံ စီမံကိန်းတွေ ပါ အလိုလို ဖျက်ရမှာပါ.. မြန်မာ ပိုအကျိုးရှိလေပါ။ အကောင်းပဲ ရှိပါသည်...ဆက်ဆံရေး ပျက်ပြားတာကလွဲလျှင်ပေါ့။တရုတ်ရေနံ ကို အနောက် အုပ်စုနောက် ရောက်သွားမှာ အခုဆို ပို စိုးရိမ်လာမှာပါ။ တင်းတင်းမာမာ ပြောလေ မြန်မာ အစိုးရသစ် ပိုကြိုက်လေ ...အပြင်မှာတော့ မပြောပါဘူး...စွမ်းအင်အရင်းအမြစ်တိုင်း ကို နိုင်ငံတိုင်းအကြိုက်လေ...ဒါကို မြန်ပြည်အစိုးရသစ် ကိုင်လှုပ်စပြုလာတာပါ။

ဒီမိုကရေစီ သမ္မတ သစ် က မြန်ပြည်သားတွေ အကျိုးအတွက် သူ့ လက်ထက်မှာ ရပ်တာပါ။တရုတ်ကို ပြတ်သားစွာ ဆုံးဖြတ်ချက် ချရဲတဲ့ သမ္မတ အသစ် ဒီတစ်ခုနဲ့ တင် မြန်မာပြည်သူတွေ တော်တော် အားရနေမှာပါ။

ပြည်သူအတွက် ခဏတာ ရပ်တည်ပေးသော သမ္မတ အသစ်အားကြိုဆိုလျှက်ပါ။