ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, October 25, 2011

အိုင်ဖုန်း စမတ်ဖုန်း အချင်းချင်းဖုန်း ဖရီးခေါ်ရင်း နိုင်ငံတကာ ဖုန်းခေါ်ရာတွင် ခရက်ဒစ်မလို အင်တာနက်ဖုန်း ခေါ်နိုင်ပြီ

အိုင်ဖုန်းတွေ အချင်းချင်း ဘယ်နိုင်ငံကမဆို အချင်းချင်းခေါ်ဖို့  Viber ကို သုံးလို့ ရတာ အရင်က ရေးပြီးသားပါ...စမတ်ဖုန်း နဲ့  အိုင်ဖုန်း နဲ့ ခေါ်ဖို့  အိုင်ပက်စ် ကို ခေါ်နိုင်တာ Tango ကိုသုံးလို့ ရတာကို ရေးပြီးသွားတာ ကြာပါပြီ...

အိုင်ဖုန်းဆိုရင် Viber ရော Tango ရော ထည့်ထားရင် ကောင်းပါတယ်...

စမတ်စ်ဖုန်းဆိုရင်တော့ Tango ကိုထည့်ထားလျှင်အဆင်ပြေပါသည်...ဘက်ထရီစားမှာစိုးလို့  အောက်ဖက်အထိသွားပိတ်ထားသော်လည်း ဖုန်းမြည်သလိုမြည်ပေးမှာပါ...

အင်တာနက်ဖုန်းတွေ ခေါ်ရာမှာတော်တော် များများ ခရက်ဒစ်ကဒ်တွေ ဘဏ်အကောင့်တွေ ငွေလွဲဖို့ တွေ လိုကြပါတယ် အခုဟာကတော့ ခရက်စ်ဒစ် ကဒ်မလို ဘဏ်အကောင့် မလိုတာကတော့ Fring ကို ငွေထည့်ပြီးသုံးတာပါ...

င်္Fring ကတော့ Iturn ကဒ်ကိုဝယ်ပြီး အက်ပယ်စတိုး ထဲထည့်ထားရင် ရပါတယ်...

င်္Fring ကတော့ Gtalk ကို စကားပြောလို့ ရပါတယ် ဒါပေမဲ့ ဒီအတိုင်း မပိတ်ပဲ အမြဲတမ်း အွန်ထားရင်တော့ ဘက်ထရီတော်တော် စားပါတယ်..

င်္Fring out ကနေ နိုင်ငံတကာ ကို ဖုန်းခေါ်လို့ ရပါတယ်...တခါတရံမှာတော့ အဆင်မပြေတာတွေတော့ ရှိတတ်ပါတယ်...

ခရက်ဒစ်ကဒ်နဲ့ တော့ မဝယ်တာတော့ အကောင်းဆုံးပါ...ပြဿနာ ဖြစ်မှာစိုးလို့ ပါ..

ှုIturn ကဒ် ကို ဝယ်ပြီးငွေ ဖြည့်ပြီး Apple Storeမှာ သုံးရင် အကောင့် မရှိလို့ ဖြစ်ဖြစ် ခက်ခဲတာရှိတာ တွေ ရှိတတ်ပါတယ်...

အကောင့်ဖွင့်ရာမှာ အီးမေးလ် တစ်ခုရှိဖို့ ရယ် Iturn ကဒ် ရှိရပါမယ်...Password ပေးရာမှာ အဆင်မပြေတာ ရှိတာကတော့...

အင်္ဂံလိပ် စာလုံး အကြီး ပါဖို့ လိုတာရယ် အသေးတွေ ပါရောရပါမယ်..ပြီးရင် ဂဏန်း တွေ ပါ ပါရင် တခါတည်း အဆင်ပြေပြေ အကောင့် ဖွင့်လို့ ရမှာပါ...သိပြီးသားသူတွေ အတွက်မဟုတ်ပေမဲ့ ဂိမ်းကစားသူတွေ အကောင့် အသစ် ဖွင့်ဖွင့်ဆော့ရတာတွေ ရှိတတ်လို့  ထပ်ရေးရတာပါ...

စမတ်ဖုန်း အိုင်ဖုန်း သုံးပြီး မြန်မာတွေ ဖုန်း ဖိုးသက်သာစေချင်လိုသောဆန္ဒဖြင့်ရေးခြင်းသာဖြစ်ပါသည်..

Fring နဲ့  ဂျပန် ဘယ်ဖုန်း မဆိုခေါ်ရင်တမိနစ် ၇-၈ ယမ်းမကျော်ပါဘူး ဖုန်းဖိုးသက်သာသွားမှာပါ...

No comments:

Post a Comment