ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, October 5, 2011

ကျောက်ဆည် မှာ ဆည်တွေ ရေလျှံလို့  ရေတွေကြီး နေပြည်တော်မှာ လည်း ဟိုတစ်လောက ရေတွေကြီး

ကျောက်ဆည် မှာ ဆည်တွေ ရေလျှံလို့  ရေတွေကြီး နေပြည်တော်မှာ လည်း ဟိုတစ်လောက ရေတွေကြီးခဲ့ပါတယ်။

ရှမ်းကုန်းမြေမြင့်နှင့် မန္တလေးတိုင်းတွင် မိုးဆက်တိုက် သည်းထန်စွာ ရွာသွန်းပြီး ဇော်ဂျီမြစ်ရေ လျှံတက်ခြင်း၊ ကျောက်ဆည်မြို့ အနီးရှိ မင်းရဲ၊ ငပြောင်၊ နောင်ခမ်း စသည်ဆည်များမှ ရေပိုရေလျှံများ လျှောကျခြင်းတို့ကြောင့် ဒေသတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာရသည်ဟု ပြောသည်။


မြို့အနောက်ပိုင်း ရပ်ကွက်ကြီးများဖြစ်သည့် ကြက်မင်းတွန်၊ ဆူးကုန်း၊ အောက်ချိုင့်၊ ငါးဆူပတ္တာ စသည်တို့နှင့် မြို့ဦး၊ ဇီးပင်ကွင်း၊ အင်းကုန်း၊ ပြည်တော်သာ စသည့် ပတ်ဝန်းကျင် ရွာများတွင် ရေလွှမ်းမိုး ခံရကြောင်း အဆိုပါ မြို့ခံကပြောသည်။


မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ်များ၌ မိုးများခဲ့သည့်အတွက် ဆည်များမှ ရေပိုများကို ဖောက်ထုတ်လိုက်ရာ ပျဉ်းမနား၊ လယ်ဝေး၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိမြို့နယ်များရှိ ရပ်ကွက်များ၊ ကျေးရွာများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွား ခဲ့သေးသည်။

ဆည် အသေးတွေ ရဲ့ နောက်ဆက်တွဲ မထိန်းသိမ်းနိုင်တာတောင် ဒီလိုဖြစ်နေတာ ဆည်အကြီးတွေ ရဲ့ ပြဿနာဆို ပိုဆိုးမှာပါ...ဆည်က အကျိုးပြုသလို ထိန်းသိမ်းနိုင်သော နည်းစနစ်တွေ ရှိမှပါ သို့ သော် သဘာဝဘေး ကိုတော့ တခါတရံ ရင်ဆိုင်လို့ မရပါဘူး လက်လျော့ရတတ်ပါတယ်။

No comments:

Post a Comment