ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, January 8, 2012

စာရေး ဖို့ ကြာကြာ လာပြီ ...နှစ်သစ် အစ ငလျင်နဲ့ စ သော ဂျပန်

စာရေးဖို့  လုပ်ရင်း အမြင်မတော်တာတွေ ကြီးပဲ တွေ့ ရတော့ နှစ်သစ် မှာ စာရေးဖို့ တွန့် နေတာပါ..
အခုတော့ ငလျင် က နှစ်သစ် အစ မှာပဲ ကြိုဆို လိုက်တော့ ငလျင် ကို ကာကွယ်ရမှာလေးတွေ ရေးချင်တာနဲ့ ရေးလိုက်တာပါ..

ငလျင် လာမယ်ဆိုတာ ကြိုတင် ခန့် မှန်းချက်တွေ သတင်းတွေမှာလာနေတာကြာပါပြီ သိသူတွေ သိနေတော့ မရေးပဲနေနေတာ...
ငလျင်ကို ဘယ်လိုခန့် မှန်းသလဲကို တစ်ခါကသိလိုက်တာကတော့ ၁၁-၃-၂၀၁၁ ကငလျင် နောက်ပိုင်းမှာ သိလိုက်ရတာပါ

အဲဒီလိုငလျင်အကြီးတွေ လာဖို့ မက္ကနက်တစ်ဖီးတွေ ပေါ်လာ တာကိုငလျင်မဖြစ်ခင်က စမ်းသပ်တွေ့ ရှိရတယ်လို့ ဆိုပါတယ်...

အခု ၁-၁-၂၀၁၂ ခု အစ ကငလျင်မလာခင် ငလျင် ပြင်းအား ၇ ကနေ ၉ အထိငလျင်လာမယ်ဆိုပြီး မြေပုံနဲ့ တစ်ကွ ရှင်းပြတဲ့ သတင်းတွေ ၅ ရက် ၆ရက်လောက်စောပြီးကြော်ငြာထားတာတွေ့ ရပါတယ်...

ငလျင်လာရင်တော်တော်များများ ကြောက်ကြပါတယ်...အန္တရာယ်ကာကွယ်လို့ ရသရွှေ့ တော့လုပ်ရမှာကိုတော့ ပျင်းနေကြတယ် ဖြစ်တော့မှ ကြောက်တာက နည်းတောင်နည်းသေးတယ်..ကာကွယ်လို့ ရသရွှေ့ လုပ်ပြီးမှ ဖြစ်သွားတာတော့ ဘယ်တတ်နိုင်မလဲ...

ပင်လယ်နား နီးသူတွေ ဆူနာမီကြောက်ရမဲ့သူတွေ ကတော့ ငလျင်ဆူနာမီဒဏ်ခံ နိုင်တဲ့ သံမဏီ အလုံး ဝယ်ထားသင့်တာပေါ့ တစ်
လုံး ကို ဂျပန်ယန်း သောင်း ၃၀...(ယန်း၃သိန်း)ဈေးကြီးတယ်ဆိုတာ ဟုတ်ပါတယ် ဒါဆို သင့်အသက်က ယန်း၃ သိန်းမတန်သလို ဖြစ်သွားပါမယ်...ဒါကတော့ အိမ်မှာဆို ဆောင်ထားရမဲ့ အရာကိုပြောတာ...

ပင်လယ်နားမနီးသူတွေ ကတော့ စားပွဲခုံ ကောင်းကောင်း ကြီးကြီး တောင့်တောင့်ရှိရင် ရပါတယ် ငလျင်လှုပ်ရင် ဝင်ခိုလို့ ရအောင်လို့ လေ...တစ်တီတူးလို ကြောက်တတ်ရင်တော့ အဲဒီစားပွဲခုံအောက်မှာ အိပ်ယာထားထားပြီးအိပ် အကြောက်တရား တစ်ဝက်ကျော် သက်သာမှာသေချာတယ်

မိမိအိမ်မှာ ပစ္စည်းတွေထားတဲ့အခါ မိမိ တစ်ရပ်ကျော် မှာလေးလံတဲ့ပစ္စည်း မထားရပါဘူး တစ်ရပ်ကျော် တာနဲ့ မိမိအပေါ်ပိကျဖို့ ပဲရှိပါတယ်...

ရေခဲသေတ္တာတို့ တစ်ရပ်ကျော်ရှိရင် နောက်ဖက်မှာကြိုးနဲ့ ထိန်းထားရပါမယ် ထိန်းစရာ အပေါက်လိုမျိုး ကွင်း ပါပါတယ် သတိမထားမိလို့ နေပါလိမ့်မယ်..

တီဗီဆိုရင်လည်း နံရံကပ်လို့ ရရင်ကပ် ကပ်လို့ မရင် နောက်ထိန်းကြိုးတပ်ရပါမယ်..

အဲဒီအတွက်လည်း အထိန်းလုပ်စရာပါပါတယ် သတိမမူမိလို့ နေပါလိမ့်မယ်...

မီးခြစ်၊ဖယောင်းတိုင်ဆောင် ရေကိုဆောင် အစာခြောက်ပါ သိမ်းထားရပါမယ်

ဓာတ်မီးရေဒီယို ခရာ ရေဗူးအသေးမုန့် ခြောက် ကိုယ်နဲ့  တစ်ပါတည်း ဆောင်ရပါမယ် တစ်ကိုယ်လုံးခြုံလို့ ရတဲ့ အလျူမီနီယံ ခြုံစရာပါ အမြဲပါရပါ့မယ်...

အဲဒါဆိုရင် တစ်ခုခုဆို စိတ်ပူစရာနည်းနည်း သက်သာနေမှာပါ...

ကျန်တာတော့ သဘာဝ ဘေးဆိုတော့ ဘယ်တတ်နိုင်မလည်း...မတွေ့ ချင်လည်းတွေ့ ရမှာပေါ့ သင်က ကမ္ဘာလောကထဲမှာနေနေ တာကိုး နောက်မို့ ဆို ကမ္ဘာကြီး ပျင်းနေမှာပေါ့...သူလည်း လှုပ်လှုပ်ရှားရှား လေး နေချင်တာကို အပြစ်မဆိုပါ နဲ့ ...

No comments:

Post a Comment