ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, January 18, 2012

ပါတီ နဲ့ နိုင်ငံရေး အခင်းအကျင်း

၁၉၈၈ လောက်က ပါတီတွေ ဖွဲ့ ဆိုတော့ နိုင်ငံရေး သမားတစ်ယောက်က ပြောတယ်...နိုင်ငံရေးသမားတွေ ကို စုစည်းပြီး ဖိနှိပ်ဖို့ ရယ်...မဖွဲ့ တဲ့သူတွေ ကို ဖမ်းလို့ လွယ်အောင်လို့ တဲ့...

သူကတော့ ...ပါတီဖွဲ့ လည်း အဖမ်းခံရမှာပဲ.. မဖွဲ့ လည်း အဖမ်းခံရမှာပဲ.ဆို တာ ဘယ်လိုနေနေ အဖမ်းခံရမှာပဲတဲ့
အဲဒီ ၁၉၉၀ ရွေးကောက်ပွဲလည်း ဖိနှိပ်ခံသက်သက် ဖြစ်ခဲ့ရတယ်...

သူကိုယ်တိုင် က ၁၉၈၈ မတိုင်ခင်ကတည်း အကြိမ်ကြိမ်ဝင်ထွက်နေရသူပါ...

အဲဒီတုန်း ကတော့ တော်တော်များ များအတွက် မှားမယ်ထင်တာ မှန်သွားတယ်...သို့ သော် အဲဒီ အမှန်က အမှားရှည်သွားလိုက်တာ နှစ် ၂၀ ကျော်ကြာတယ်...

ပြီးခဲ့တဲ့ ၂၀၁၁ မှာတော့ မှန်မယ် ထင်တာ မှားသွားတာတွေ ရှိတယ် မှားနေတဲ့ ကြားတွေ ထဲက အမှန်တွေ ထွက်လာတာ မြင်နေရတယ်...

အရင် က ပါတီစုံစနစ်တွေ ရှိပါတယ်... ပြည်တွင်းစစ်တွေ လည်းရှိနေပါတယ်...

တကယ်တော့ ပါတီဆိုတာ အဖွဲ့ အစည်း တွေ လူထုတွေ အတွက်တော့ ကိုယ်စားပြုပါတယ်...

ဒါပေမဲ့ လူထုနဲ့ တော့ တစ်သားထဲမကျပါဘူး...

လူထုအတွက် အကျိုး အရှိဆုံးကတော့ သမာသမတ်ကျတဲ့ တရားရေးပါ...ပါတီတွေက အကောင်အထည်ဖော်နိုင်ရင် လူထုအတွက် အကျိုးရှိပါတီ ကိုယ်စားပြုပါတီဖြစ်လာမှာပါ...

မမျှတတာ တစ်ခုခု ရှိတာနဲ့ လူထုဆန္ဒဖော်ထုတ် ကြမှာပါ...အဲဒီချိန်မှာ ပါတီတွေ လူထုနဲ့ ထပ်တူကြနိုင်ကြပါမလား ဆိုတာ ကတော့ လူထုနဲ့ တသားတည်းကျဖို့ ခက်ခဲ မယ်ထင်ပါတယ်...

ဘယ်လိုပဲဖြစ်ဖြစ် အကောင်းအဆိုးကတော့ရှိစမြဲပါ...

မြင်ခဲ့ရ တွေ့ နေရတာတွေ ရေးတာပါ...သိတာတတ်တာ ထင်မြင်တာတွေ မဟုတ်ပါ ဖြစ်ပျက်နေတာတွေပါ...

ဒီမိုကရေစီ မှာတော့ နိုင်ငံရေး ပါတီ...တရားရေး ...ပြည်သူရယ် အဆင်အပြေဆုံး ကြိုးစားလို့  ရနိုင်တာပါ...

ပွင့်လင်းမြင်သာသော ဒီမိုကရေစီ ဖြစ်စေရန် ရည်သန်လျက်...

No comments:

Post a Comment