ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, February 4, 2012

၂၀၁၁ အကြောင်း အဆက်..

စာမရေးဖြစ်တာ ကြာလာတော့ ဟက်စ်ကာ ကလည်း ဝင်..တကယ်တော့ ဘယ်ဆော့လ်ဝဲ နဲ့ မှ ကာကွယ်ထားတာမရှိပါဘူး ဝင်ချင်သလို ထွက်ချင်သလိုရပါတယ်...ပျက်တော့လည်း အသစ်ရတာပေါ့...မြန်မာပြည်ကသူတွေ ပြင်တာတော်သလို ကော်ပီရိုက်လည်း သိပ်တော့ မလိုသေးပါဘူး...

၂၀၁၁ ကို ဆက်ရေးရမှာက ကောင်းတာ တစ်ခုကတော့ ကျောက်သင်ပုန်း ကို အသက်ကြီးလာတဲ့အထိ ကိုင်ခွင့်ရလာတာပါ..အဲဒါကို အသက်သွင်းပေးသူကတော့ Steve Job သူကိုယ်တိုင်တော့ ၂၀၁၁ နှစ်ကုန်ကို ဖြတ်သန်းခွင့်မရတော့ပေမဲ့...သူလုပ်ခဲ့တဲ့ အရာတွေ လူတွေ ကို ဆက်သွယ်မှုကို အမျိုးမျိုး လမ်းပြသွားတာပါ...

မျက်မမြင်တွေ အတွက် အသံနဲ့ အမိန့် ပေးလို့ ရတာကို လုပ်ပေးခဲ့တယ်...
လက်ချောင်းလေးတွေ ထောက်ရုံလေးနဲ့ စာရေးလို့ ရအောင်လုပ်ပေးခဲ့တယ်...

စက်တွေသယ်နေရတာတွေ ကို သက်သာအောင် ကိုယ့်ဆီမှာ ရှိတဲ့ စက်တွေ အားလုံးမှာ သုံးလို့ ရအောင်ပါလုပ်ပေးသွားတာ..ကွန်ပျူတာကို သေးသေးလေး ကိုင်ရသလိုဖြစ်အောင်လုပ်ပေးသွားတာပါ...
ဖုန်းလေး သီချင်းနားထောင်စရာလေးတွေ ကနေ အလုပ်ခွင် လုပ်ငန်းရှင်းပြတာတွေကို လုပ်နိုင်အောင်လုပ်ပေးသွားတာပါ...

ကောင်းတာလေးတွေ ရေးပြီးတော့ ...

စိတ်မကောင်းစရာကတော့ သူရဲ့ မှုပိုင်ခွင့် နစ်နာမှုတွေ ရှိနေတာရယ် ၂၀၁၁နှစ်ကုန်ကို မဖြတ်သန်းဘဲ လောကကို စွန့် ခွာသွားတာစိတ်မကောင်းစရာပါ...

မြန်ပြည်မှာတော့ အစိုးရ နည်းနည်းပြောင်းသွားသလို ...

ကလေးတွေ ကို လူမဆန်စွာနှိပ်စက်တာတွေ ပါ...ဘာဖြစ်တာလည်းဆိုတော့..ကလေးတွေ စာမသင်ရမဲ့အရွယ်မှာ စာသင်ကျောင်းဝေးနေတာပါ..

စာမသင်ရတော့ အနည်းငယ်မယဉ်ကျေးတာတွေ ရှိမှာပါ..ဒါကို ပြောမရတော့ နှိပ်စက်တာတွေ ဖြစ်လာတာဖြစ်မှာပါ..နှိပ်စက်သူတွေ လူစိတ်မရှိတာဘာဖြစ်လို့ လည်းဆိုတော့..
နိုင်ထက်စီးနင်း ခေါင်းပုံဖြတ် အခွင့်ထူးခံတွေ စံစားချိန်မှာ အဲဒါတွေ အတုယူမိနေတာပါ...

လမ်းပေါ်မှာ လူသတ်သူတွေ အခွင့်အရေးရနေတာကို အားကျတာဖြစ်တာဖြစ်ပါလိမ့်မယ်...

အခုတော့ တဖြည်းဖြည်းသက်သာသွားမယ်ထင်ပါရဲ့ ...ဒီမိုကရေစီခြေလှမ်းစလှမ်းနေတယ်လို ဆိုလာလို့ ပါ...

နောက်တစ်ခုကတော့ တစ်ချို့ တွေ မိမိကိုယ်ကိုယ် အဆုံးသတ်တာကို လုပ်ကြတာပါ...
တကယ်တော့ မြန်မာတွေ နိုင်ငံတစ်ကာမှာ တစ်သီးတစ်ခြားနေရင်း မကောင်းသူတွေ တစ်ချို့ ကြောင့် အဲလိုဖြစ်တာတွေ ရယ်...
မြန်မာပြည်မှာပြတဲ့ ဇာတ်လမ်းတွေက အဲလိုဖြစ်အောင်ပို့ ဆောင်နေတာပါ...

အခုဆိုလည်း ဘဝအနည်းငယ်အဆင်မပြေဖြစ်ဖူးသူတွေ စတိတ်ရှိုးလက်မှတ်ကို အခန်းစီစဉ်ပေးမယ်ဆိုပြီး သူတို့ လိုဖြစ်အောင် အဖော်ခေါ် ဆွဲဆောင်လက်မှတ်ရောင်းတာတွေ ရှိနေတာပါ...သူတို့ အတွက်မထူးပေမဲ့ မိကောင်းဖခင်သားသမီးတွေ အတွက် လမ်းကြောင်းပေး အဖော်ခေါ်နေတာ စိတ်မကောင်းစရာပါ...

မိမိကိုယ်ကိုယ် စိတ်ပျက်လို့ ပဲဖြစ်ဖြစ် အဆင်မပြေရင် သူငယ်ချင်းတွေ အဖော်အပေါင်းတွေ ရှိတာကို မမေ့သင့်ပါဘူး သူတို့ ဟာ အမှီကောင်းဟုတ်ချင်မှ ဟုတ်မှာဆိုပေမဲ့ အမှီကောင်းပေးနိုင်သူတွေ မှာ မိမိရဲ့ အခက်အခဲကဘာမှ မဟုတ်သလို အလွယ်တကူ ကူညီလို့ ရနိုင်တာပါဘဲ...

တစ်ခုတော့ရှိပါတယ် မိမိ ကိုယ်တိုင်ရိုးသားဖို့ လိုပါတယ်...

နောက်ဆုံးအနေ မှ မရတော့ဘူးဆိုရင် အလုပ်လည်းမရှိ အစားအစာလည်းမရှိ ဘဝခက်ပါတယ်ဆိုသူတွေထက်ခက်တဲ့သူတွေ ကမ္ဘာပေါ်မှာ ရှိနေတာကို ပြန်သတိရပြီး...သင့်အသက်ရှင်နေမှုမှာ အဲလိုလူထက်စာရင်တော်သလို ကူညီချင်စိတ်မမွေးလိုက်ရင် သင့်ရဲ့ စိတ်တွေ အနည်းငယ်ပြောင်းသွားပြီး အသက်ရှင်ခွင့်လိုလားလာမှာပါ...

တကယ်တော့ သင့်အတ္တတွေ အရမ်းများနေလို့ ပါ..ပရဟိတစိတ်လုံးလုံးမရှိသူတွေ လုပ်တဲ့အလုပ်ပါ...ငွေရှိမှ ပရဟိတလုပ်လို့ ရတာမဟုတ်ပါဘူး...လူကြီးတစ်ယောက်ကို ကူညီတာပဲဖြစ်ဖြစ် ကလေးတစ်ယောက်ကိုဖေးမတာပဲဖြစ်ဖြစ် ဒါတွေဟာ ပရဟိတတွေပါ...ငွေမလိုပါဘူး...ထိုင်စရာကူညီပေးတာတွေရောပေါ့...

မကောင်းစိတ်တွေဝေးသွားမှာပါ...မကောင်းမှုတွေ ကို ၂၀၁၁ မှာထားပြီး ၂၀၁၂ နှစ်သစ်မှာစိတ်သစ် လူသစ်အတွေးသစ်များရှိနိုင်ကြပါစေ။

No comments:

Post a Comment