ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, February 18, 2012

အင်တာနက် စွဲလမ်းမှုပြဿနာ.

တကယ်ဆိုရင် မြန်မာပြည်မှာတုန်း ကတော့ အင်တာနက် သုံးရဖို့ အရေး မီးလာတာစောင့်ရ ချိတ်ဆက်ရတာကို စောင့် ရ တယ်လီဖုန်း လိုင်းကောင်း တာကို စောင့်ရနဲ့  ကသိကအောက်ဖြစ်ရပါတယ်...

နိုင်ငံတကာ မှာကော တစ်ချို့ တွေ ကပြောတယ် ခဏလေးအင်တာနက် မသုံးရတော့ဘူးဆို ရင် တော်တော် အဆင်မပြေသလိုတွေ့ ရတာပါ...

အင်တာနက် စွဲလမ်းမှု ပြဿနာပါ...

တကယ်တော့ မိမိ ပတ်ဝန်းကျင် မှာ လူတွေ မအားတာတွေ ကိုယ်ကိုတိုင် အားတဲ့ အချိန် က သူများနဲ့ မတိုက်ဆိုင်တော့ ကိုယ်ပြောချင်တာ ကိုယ်ရေးချင်တာတွေ ကို အချိန်မရွေးလုပ်လို့ ရတဲ့ အင်တာနက် ကို စွဲလမ်းတာကြတာပါ...

အဲလို ဖြစ်လာရင် အိုင်ဖုန်းတို့  စမတ် ဖုန်းတို့ သုံးရင် အဆင်ပြေပါတယ် အဲတာတွေ နဲ့ လည်း စာရေး စာတင်လို့ ရတဲ့ အပြင် ဖုန်းတွေ ပါ သက်သာစွာ ခေါ်လို့ ရတာပါ...

နမြောပြီး ငြီးတွားနေရင်တော့ မိမိ စိတ်ချမ်းသာမှု မကြည့်ပဲ စိတ်ညစ်ခံ လက်ခံနေတာပါ။

အဲတာလေး ကို တွေ့ တော့ ရေနံ အင်ဂျင်နီယာ ဘာသာရပ် သင်တုန်း က အတန်းဖော် တစ် ယောက် ငပဲ့ က ဘောပင်လှည့် တာ လက်တစ်ဖက် ထဲနဲ့ လှည့် တာ တွေ့ တော့ တော်လိုက်တာကွာ ပြောလိုက်တော့
အဲနောက်တစ်ယောက် ပုသိမ်သား ဂိုင်စီပေါက် က ...ဘာ ကို တော်တာလဲပေါ့

ဘောပင်လှည့်တာ တော်တာ ပြောတာ ဆိုတော့

အဲဒါတော့ မပြောနဲ့ လေ...သူတို့ နေတဲ့ တိုက်ခန်း က ဘောလုံးလည်း ကန်မရ ပြေးမရ အိမ်ပေါ်က အိမ်အောက်ဆင်း လမ်းပေါ်ဆိုတော့...

ဆော့စရာမရှိ တော့ ဘောပင်ပဲလှည့်နေရတော့ ဒီလောက်တော့ ရရမှာပေါ့ မရရင်လည်း ငပဲ့ ဘာမှ ဆော့စရာ ရှိမှာမဟုတ်ဖူး။

ငပဲ့ ကလည်း ပြောတော့ ဂိုင်စီပေါက်.. မင်းအလှည့် ကျမှ မင်းသိမယ် ဆိုပြီး ကျိန်းနေလေရဲ့ ...

အခုလည်း နိုင်ငံခြားရောက်သူတော်တော် များများ ကတော့ အင်တာနက် လေး သုံးပြီး စိတ်သက်သာရာရှာ နေသူတွေ များများ လာတာကို တွေ့ နေရပါတယ်...

တကယ်စဉ်းစားကြည့်ရင်လည်း မိမိ အလုပ်ပြီးတော့ သူများ အလုပ်ပြီးတာနဲ့ တိုက်အုံးမှ သူမအား ကိုယ်မအား နဲ့ နောက်ဆုံးတော့ အင်တာနက် ပဲ သုံးနေကြရတာပါ..လုပ်လို့ ရတာတွေ လုပ်မရတာနဲ့ လုပ်လို့ ရတဲ့ အင်တာနက် ကို စွဲလမ်းလာကြတာပါ..

ဘယ်လိုပဲဖြစ်ဖြစ်လေ အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ...

2 comments:

  1. အများအားဖြင့်တော့ မှန်လိမ့်မယ်ကွ။ ဒါပေမယ့် ငါနဲံ့ တစ်ချို့တစ်လေအတွက်တော့ မဟုတ်လောက်ဘူး။ ငါနဲ့ တစ်ချို့ရှိတယ် ရန်ကုန်က သူငယ်ချင်းတစ်ချို့ အင်တာနက်ကို စွဲကိုစွဲနေတာ။
    ငါဆိုရင် ဟင်္သာတမှာကတည်းက အင်တာနက်ကို သုံးတတ်နေပြီ။ နက်ဝပ်ဂိမ်းကို မြန်မာပြည် တစ်ပြည်လုံးနဲ့ယှဉ်ရင် ငါ ဒုတိယ ဖွင့်တာ။ ရန်ကုန်က ဒို့ တက္ကသိုလ်ဆေးရုံဘေးက စာအုပ်ဆိုင်က ပထမ ဖွင့်တာ။ ငါက သွားကြည့်ပြီးတော့ သဘောကျပြီး ဟင်္သာတမှာ ကွန်ပျုတာ ၄လုံးတည်းနဲ့ RA2 နဲ့ဖွင့်ခဲ့တာ။ စလုံးရောက်တော့ ပိုသုံးဖြစ်တာပေါ့။ MPT mail ကို အချိန်တော်တော် စောစောကတည်းက သုံးလာတာကွာ။ ငါမှတ်မိသလောက်တော့ အီးမေးလ် အိုင်ဒီကို အက်ဖ်အီးစီ ၂၀၀ လား မသိဘူး ၀ယ်ပြီး သုံးလာတာ။ မှတ်တော့ မမှတ်မိတော့ဘူး။ :)
    ချစ်ခင်စွာဖြင့်
    သက်ဝင်း

    ReplyDelete
  2. ဘာပဲဖြစ်ဖြစ်လေ စာတွေ ဖတ်ရတာ အင်တာနက် မှာပဲ အဆင်ပြေတော့ စိတ်အာဟာရ အတွက်တော့ သုံးနေ ရအုံးမှာပဲလေ...သက်ဝင်းရေ....အင်တာနက် ဖုန်းတို့  အင်တာနက် နဲ့ အဆက်အသွယ်လုပ်တာတွေ က သက်သာနေတာ လည်းပါတာပေါ့ လေ...အေးချမ်းသော ညချမ်းများ ပိုင်ဆိုင်နိုင်ပါစေ...

    ReplyDelete