ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, February 24, 2012

ကြားဖြတ်ရွေးကောက်ပွဲ နိုင်ငံတကာ စောင့်ကြည့် တာထက် မြန်ပြည်သူတွေ စိတ်ချယုံကြည် ဖို့ က ပို အရေးကြီး

သိပ်မကြာခင်လာတော့မယ့် လွတ်လပ်နေရာတွေ အတွက် စီစဉ်နေတဲ့ ကြားဖြတ် ရွေးကောက်ပွဲ ကို နိုင်ငံတကာ က စောင့်ကြည့်ခွင့်တောင်းတာတွေ က မယုံသင်္ကာ ရှိလို့ တောင်းတာတော့ ဟုတ်ပါပြီ တကယ်ဆိုရင် မြန်ပြည်သူတွေ ယုံကြည်အောင်လို့  လုပ်ပြနိုင်တာက မှ ပို အရေးကြီးတာပါ...

မယုံကြည်လို့  မဲ မထည့်ချင်သူတွေ မထည့်ချင်လည်း ရရမှာပေါ့...

ကြိုတင်မဲဆိုတာ ရှိဖို့ မှ မလိုအပ်တာ... အဲဒါမျိုးတွေ ရှိနေရင် နိုင်ငံတကာ စောင့်ကြည့်လည်း အပိုပဲ လိမ်မှာသိရဲ့ သားနဲ့ ...

မြန်ပြည်သူတွေ ကပိုသိတော့

တကယ်ဆိုရင် အကုန် CCTV ကင်မရာနဲ့  မဲရေတွက် တာ ကို ရိုက်ထားပြီး MRTV မှာ ဘယ်မဲဆန္ဒနယ်က ပါဆိုပြီး ပြန်ပြမယ် ဆိုရင် မြန်ပြည်သူတွေ နည်းနည်းတော့ ယုံလာမှာပေါ့...

အလိမ်ခံရတာတွေ များလာတော့ နည်းနည်းဖြစ်ဖြစ်လိမ်မှာပဲ ဆိုတာကြီး ကို လုံးလုံး ဖျောက် မရသေးခင်တော့ အလုံးစုံ ဘယ်လိုလုပ်ပြပြ အကုန်လုံးပုံပြီးတော့ ယုံတာတော့ မဖြစ်နိုင်သေးတာပါ..

နိုင်ငံတကာ ဘယ်အဖွဲ့ ပဲဖြစ်ဖြစ် လာကြည့် လည်း လိမ်ချင်ရင် လိမ်လို့ ရတာပဲ အဲလိုတွေ လုပ်တာထက် မြန်ပြည်သူတွေကို တိုက်ရိုက် ပြသ မဲထည့်ခွင့် ရတာကမှ မြန်ပြည် ဒီမိုကရေစီ စစ်မှာ အပြင် မြန်ပြည်အတွက် လုပ်တာပါ ဆိုတာ ပေါ်လွင်လာတော့မှာပါ...

တကယ်ဆိုရင် မြန်ပြည် အတွက် လုပ်မယ်ဆိုရင် မြန်ပြည်သူတွေ ကို အရင် ဦးစားပေးနိုင်ပါစေလို့ ရည်ရွယ်လျက်

No comments:

Post a Comment