ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, February 24, 2012

မျိုးဆက်သစ် လူငယ်များနေ ရာ ရယူနိုင်ပါစေ...

အခုဆိုရင် မြန်မာပြည် နည်းနည်းလေးတော့ ပြောင်းလာသလိုရှိလာပါသည်...

လူငယ်များ ကို သိပ်မတွေ့ ရပါ...အခြေအနေအရ လေလော..
နေရာ ယူခွင့် မရရွေ့ လော တွေးစရာ ရှိလာသည်...

လူငယ်ဘာသာဘဝ အရဆိုလျှင် အေးအေးဆေးဆေး ဖြတ်သန်း ထိုးဖောက်လိုကြပါသည်.

ဆွဲဆောင်မှု မရှိသော အခြေအနေအရ သော်လည်းကောင်း နေရာ မပေးနိုင်မှု အခြေအနေအရ သော်လည်းကောင်း တွေ့ ရသည်

နေရာကောင်းရမှ နေရာ ပေးလျှင် ထိုလူငယ်အတွက် ရေပေါ်ဆီခတ်စားသူလို ကြာလျှင် အဆင်မပြေဖြစ်ပေမည်..ထိုကြောင့်အဆင်မပြေဖြစ်မှ ထိုကြောင့် နေရာ မပေးတာဟုဆိုပေမည်...

တကယ်ဆိုလျှင် အခက်အခဲ မရှိတရှိ ကို ပါ ကျော်လွှားစေခြင်းဖြင့် လူငယ်ကို ရင့်ကျက် နားလည် သိမြင် ခြင်းကသာကောင်းပေသည်..

တော်တော် များများ က လူငယ်များကို အသုံးချခံ သက်သက် နေရာပေးရန် မလို ဆိုသည် ကို တွေ့ နေရသည် မှာ စိတ်မကောင်းစရာပေ..

တခါတရံ ကန့် သတ်ချက်များပြားသည် ကို အပြစ်ဆိုနေသည် ကို တွေ့ ရလျှင် လူငယ်များ ကို အသုံးချ ဓားစာခံ သုံးရန် နည်းလမ်း ရှာ ပေမည်..အလိုအလျှောက် အဆင်ပြေစွာ ပြီးသွား ၍သာတော်တော့ သည်။

လူငယ်များ ကို အသုံးချ ယုံသက်သက် ဆိုလျှင် ကြာလျှင် မည်သည့် အခြေအနေပင်ဖြစ်စေ အလိုလို အဆင်မပြေမှုများရှိပေမည်...

မြန်ပြည် အနှံတွင် လူငယ် ပေါင်း မြောက်မြားစွာ ရှိပါသည် ...နေရာ ကောင်းရယူထားသော အပေးခံရသောလူငယ် ကို ရေတွက်လျှင် ရာဂဏန်းတောင် ရှိမည်မထင်...

ထိုသို့ ဆိုလျှင် ကြာလျှင် မြန်မာ ပြည်သည် အာဏာ ရှင်မဆန်သော်လည်း တဖက်သတ်ဆန်သော အယူအဆများ ကို ကိုင်စွဲသော အတွေးအခေါ်သစ် မလင်းလက်နိုင်ဖြစ်ပေလိမ့်မည်...

ငယ်ရွယ်သူ အတွေးသည် တစ်ခါတစ်ရံ၌ မကောင်းသည်များ ရှိသော်လည်း ထိန်းသိမ်း အသုံးချတတ်လျှင် တိုးတတ်မှု လမ်းစ ရှိပေမည်..

အချိန် အရ တွက်လျှင် လူငယ်ဘဝ ဖြတ်သန်းချိန်သည် အလွန်တိုတောင်းလှပေသည်...ထိုအချိန်တို ကို ပေးဆပ်ခြင်းသက်သက်ထက် ရဲရင့် မှု တတ်ကြွမှု တို့ ကို ရှင်သန်စေပြီး နေရာကောင်း ကို လမ်းညွှန် ပြယုံနှင့်ပင် လူကြီးများအတွက် အရံ အတား သာမက စွမ်းအားဖြစ်နေပေမည်...

ထိုစွမ်းအား တို့ သည် နောင်တွင် အားကိုး အားထားပြုရာ အရင်းအမြစ် အခြေခံပင်ဖြစ်ပေမည်..

ငယ်စဉ် က ကျောက်သင်ပုန်းကျောက်တံ အသုံးချခဲ့ရသော်လည်း နောင်တွင် ကျောက်သင်ပုန်း အကြီးကြီးပေါ်တွင် လက်ဖြင့်စာရေးနိုင်လာပါသည်...

မြေဖြူခဲကြောင့် ဆရာဆရာမ များ စိတ်မညစ်ရတော့ပေ..ဆော့စ်ပင်လည်းမင်အကုန်ခံနိုင်စရာ မလိုတော့ပေ...

စာတစ်မျက်နှာ သင်ရန်ကြာချိန်တွင် စာတစ်အုပ်နီးနီး သင်လို့ ရလောက်အောင် အချိန်သက်သာလာပေလိမ့်မည်..

ဤသို့ သော်အယူအဆများ ကို အတွေးများ ကို လူငယ်ထံတွင်သာများပြီး လူကြီးများ အပင်ပန်းခံစဉ်စားမည်မဟုတ်ပေ...

သို့ သော် လူငယ်အတွက် အခွင့်အလမ်း အရိပ်ကောင်း အမှီကောင်း မရှိလျှင် ထိုလူငယ်အတွက် အရင်းအနှီး က သူ့ လူငယ်ဘဝ၏ တဝက်ကျော်ကျော်ကို ပေးဆပ်ရပေမည်...

လူကြီးများ က လူငယ်များ ကို တွဲခေါ်ရင်း အရိပ်ကောင်း အမှီကောင်း ပေးနိုင်ကြပါစေ။ ။

No comments:

Post a Comment