ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, February 11, 2012

panasonic ပဲ သုံးဖြစ်တော့မယ် ထင်တယ်...Service အရမ်းကောင်းလို့ ပါ...

အိမ် မှာဝယ်ထားသော ဘိုထိုင်အိမ်သာ ရေပန်းမလာတော့လို့  အသစ်ဝယ်ရတော့မယ် ထင်နေတာ panasonic ဆိုတော့ service center ဆီ ဖုန်းဆက် ပြီး ပြော လိုက် တော့ ဘယ်ပစ္စည်းလည်း မီးပူလား ကွန်ပျူတာလား ဘာစက်လဲ မေးတော့ အိမ်သာ ကမုဒ် လည်းဆိုရော ဟုတ်ပြီ စာရွက်တွေ မေးတော့ မရှိတော့ ဘူး မနည်းပြန်ရှာ ရအုံးမယ်ဆိုတော့ ရတယ် မလိုဘူး အမျိုးအစားပြော မော်ဒယ် ပြောဆို ပြီး နံပါတ်တွေ မှတ်ပြီး ဘယ်နေ့  ဘယ်ရက် လာပြင်မယ် ပြောတယ်...

လာပြင်တဲ့သူလာတော့ အထဲ က အိုင်စီလိုဟာလေး ပျော်သလို ပျော့နေတော့ လဲ ဖို့ လိုတယ်ဆိုပြီး သူ့ စင်တာကို ထပ်ဆက်ပြီး
ပြောတော့ ဟိုမှာချက်ချင်း မရှိသေးဘူး ရောက်မယ့်ရက်ပြောပြီး လာပြင်မဲ့ ရက် တစ်ခါထဲပြောတော့ အားတဲ့ရက်နဲ့  တိုက်ပြီး လာပြင်တော့ ဆားကေ့စ်ပြား တစ်ချပ်လုံး အသစ် တပ်ပေးသွားတယ် ..

ပြီးတာနဲ့ ပြင်တဲ့သူ က သူဖုန်းလေးနဲ့  ပရင့်တာသေးသေးလေး နဲ့  တကယ်ကို သေးသေးလေး လက်ဖဝါးစာလောက်ပဲ ရှိတာ စာရွက်ပရင့်ထုတ်ပြီး ဟမ်းကောရိုက်ပေးတယ် ဂျပန်တွေ က လက်မှတ် မထိုးကြပါ ဟမ်းကော သာသုံးကြတာပါ

ပြီးတော့ ပြင်တဲ့ အိမ်ရှင် ကနေ ဟမ်းကောတောင်းပေမဲ့ အလုပ်မှာပဲထားတော့ လက်မှတ်ထိုးပေးလို့ ရတာနဲ့  လက်မှတ်ထိုးပေးလိုက်တယ်...ပိုက်ဆံတစ်ပြားမှ မပေးရတဲ့ အပြင်

ကျေးဇူးတင်ပါတယ် ပြောတော့..သူ ကတောင် တောင်းပန်သွားသေးတယ်...တကယ် ကို တာဝန်ကျေ ပါပေတယ် panasonic ....


ဂျပန်မှာ panasonic ဆိုရင် နည်းနည်းတော့ ဈေးမသိမသာ ကြီးတာတော့ ရှိပါတယ် ဒီလိုဝန်ဆောင်မှုတအားကောင်းတာတွေ့ လိုက်ရတော့ တော်တော် အံသြသွားတယ်..ဒါကြောင့်ကိုး မှတ်ချက်ပြုမိတော့တယ်..

တစ်ခုရှိတာက..ဂျပန်မှာ တီဗီကို english လို Menu နဲ့ မှ ဆိုရင်တော့ Sharp တစ်ခုပဲရှိနေတာပါ...တစ်ခြားအမျိုးအစားတွေ မှာမရနိုင်တာပါ...

No comments:

Post a Comment