ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, March 4, 2012

တနှစ် သက်တမ်း ရှိသော အစိုးရသစ် ဆီ မှာ ဘယ်လို ဒီမိုကရေစီတွေ ရှိ

အစိုးရသစ် ကတော့ သက်တမ်းတစ်နှစ် ရှိသွားပါပြီ ဒီစာတွေ မရေးခင် ပြောချင်တာတစ်ခုက သုံးသပ်တာတို့ ဝေဖန်တာတို့ မဟုတ်တာရယ် နိုင်ငံရေး ရေးနေတာ လည်း မဟုတ်ပါဘူး နိုင်ငံသတင်း ကို ရေးနေတာ ကို ပါ..

မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာ ကို ရေးတာနဲ့  နိုင်ငံရေး လို့ ထင်နေတာဟာ တော်တော်လေးစိတ်မကောင်းစရာပါ..လူတွေ ဘဝ တွေ၊စိတ်တွေ ကို သတင်းရေးတာ ကို တောင် နိုင်ငံရေးလို့ ထင်အောင် အလုပ်ခံထားရတာ နှစ်ပေါင်း အတော်ကြာတဲ့ အပြင် တစ်ချို့ သော လူတွေ ဆို အဲလိုဘဝတွေ မှာ လူဖြစ်ရတာ ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့..

တစ်နှစ်ပြည့် မှာ ဘာတွေ ထူးလာပါသလဲပေါ့...

စနစ်တကျ နဲ့  အကြမ်းမျဉ်းဘဲ ကြည့်ရအောင် စနစ်တကျ ကတော့ နယ်မြေတစ်ခု ခြင်း၊ မြို့ နယ်တစ်ခုခြင်း၊ ရက်ကွက်တစ်ခုခြင်း၊
ရပ်ကွက်ထဲ က လမ်းတစ်လမ်းခြင်း၊ အဲဒီလမ်းထဲ က ဟိုဘက်ထိပ် ဒီဘက်ထိပ် ၊ ပြီးရင် အိမ် ၁၀ အိမ် ခြင်းစီ ၊ ပြီးရင် တစ်အိမ်ခြင်း ဆီ ၊ပြီးရင် အဲဒီအိမ်က တစ်ယောက် ခြင်းဆီ၊ ပြီးရင် လူကြီးဝင်ငွေ၊ လူငယ်ပညာရေး ၊ ကလေးငယ် ကြီးပြင်းမှုတွေ ကို စနစ်တစ်ကျ ကြည့် ရပါမယ်။

အကြမ်း မျဉ်း ကတော့ ဘာ မှ ထူးထူးခြား မရှိ ရင်တော့ ကျော်ကျော် ပြောရရင်တော့ အကြမ်း မျဉ်း ဖြစ်သွားမှာပါ...

မြန်မာပြည် မှာ ဆို ရင် အပေါ်ပိုင်း ကနေ ကြည့် ရအောင်...

ပြည်နယ် ဆိုရင် ကချင် ပြည်နယ်

ကောင်းတာ က မြစ်ဆုံ စီမံကိန်း ရပ်တာ ဧရာဝတီ မြစ် အတွက်ကောင်း သွားတာပါ..

မကောင်းတာ က စစ်ပြေးဒုက္ခသည်တွေ တိုးတိုး လာနေတာ ပြည်ထောင်စုကြီး ဖြစ်အောင်ဆိုတာ ကြာအုံးမှာလား မသိ..

ဒီမှာတွေ့ ရတာ အရပ်သား အစိုးရ အာဏာ မြစ်ဆုံ စီမံကိန်းပေါ်သက်ရောက်ပေမဲ့ စစ်တိုက်နေတာပေါ် မသက်ရောက်တာပါ..

၂၀၀၈ အခြေခံ ဥပဒေအရဆို အာဏာ ပြန်သိမ်းလို့ ရတာကို ထောက်ပြနေတာပါ..

အောက်ဖက်ဆင်းကြည့် ရင် မန္တလေး မှာဆိုရင် လူထုစည်းဝေးပွဲ ဟိုရွေ့ ဒီရွေ့ ရှိနေတာပါ...

ဒီနေရာမှာတွေ့ ရတာ အတိုက်အခံဆိုတာတွေ ရွေးကောက်ပွဲဝင်လာတာပါ..ကောင်းတာက ဒီမိုကရေစီအတွက် လမ်းပိုကောင်းလာတာပါ..

မကောင်းတာက အလိုလိုနေရင်း ၂၀၀၈ အခြေခံ ဥပဒေ ကို ထောက်ခံပြီးသားဖြစ်သွားတာပါ...ဘောင်ထဲကနေ အခွင့် အရေးတွေ အဆင့်ဆင့် လုပ်ဆောင်ရမှာတွေတွေ့ နေရတာပါ..

ထူးထူးခြားခြားတွေ့ ရတာက နိုင်ငံရေး အကျဉ်းသားတော်တော်များများလွတ်လာတာပါ..
လွတ်လပ်စွာသွားလာခွင့်ရှိနေတာပါ။

တစ်ချို့ တွေတော့ နိုင်ငံတကာထွက်ဖို့  ပတ်စ်ပို့  မရတာပါ..

ဘုန်းကြီး ကို ကျောင်းကနေ နှင်တာတွေ ထောင်ကထွက်လာသော ဘုန်းကြီး ကို ချိပ်ပိတ်တဲ့ ကျာင်းဖွင့်လို့  ဝန်ခံလက်မှတ်ထိုးရတာပါ..ဘုန်းကြီး ကဘုန်းကြီး အလုပ်လုပ်ဖို့ ပြောတာပါ...

ဘုန်းကြီးကျောင်း ကို ချိပ်ပိတ်တာ တရားဝင်ပိတ်ထားတုန်း ကို အတည်ပြုတာပါ..ဘန်းကြီး ကိုလွတ်၏ ကျောင်း ကို ဖမ်းထားဆဲပါ

မွန်နဲ့ ငြိမ်းချမ်းရေးပွဲ မှာ ဘုန်းကြီးတွေ ပါဝင်နေတာ ကတော့ ဘုန်းကြီးက ဘုန်းကြီး အရေးလုပ်တာလို့ သတ်မှတ်ပြီးခွင့်ပြုတာလားပေါ့..

ဘုန်းကြီး က ဘုန်းကြီး အလုပ်လုပ်ဖို့  ဥပဒေ က ဘယ်လိုထားလည်းဆိုတာ ပြည်သူတွေ ကို ပြောပြသင့်ပါတယ်..ပြည်သူတွေကြောင့် ဘုန်းကြီးနစ်နာမှာ စိုးရလို့ ပါ။

ချင်းဘက်မှာရော ဘာတွေထူးလာပါသလဲ လုပ်ပိုင်ခွင့် မရလို့  လွတ်တော် ကိုယ်စားလှယ် အခက်အခဲဖြစ်တာတွေ့ ရတဲ့ အပြင် ဘာမှထူးလာတာ မတွေ့ ရပါ..

ရှမ်းပြည်ဘက်ရော ငြိမ်းချမ်းရေးဆွေးနွေးလို့ ရလာတာပါ..နည်းနည်းပါးပါး တော့ ပစ်တာရှိပေမဲ့ ကောင်းတာ ကတော့ များနေတာပါ။
မြန်မာပြည် အလယ်ပိုင်းရယ် ရခိုင်ဘက်ရယ်မှာ တရုတ်အတွက် ပိုက်လိုင်းဖောက်နေတာပါ..တစ်ဖက်ကတော့ ဝင်ငွေတိုးလာတာပါ..ဆိုးလာနိုင်တာက အဲဒီပိုက်လိုင်းကနေ နိုင်ငံတစ်ကာနဲ့ မတည့်တဲ့နိုင်ငံတွေ ကရေနံတွေ မြန်မာပြည်က ဖြတ်မှာပါ..သူနိုင်သားတွေ ကို ပြန်သတ်တဲ့နိုင်ငံတွေ ကရေနံတွေ ပါလာနိုင်တာ ဆိုတော့ အလိုလို နေရင်း မြန်မာပြည်က အဲဒီနိုင်ငံက သူ့ နိုင်ငံသားတွေ သတ်တာ ကို တစ်ဖက်တစ်လမ်း အားပေးသလို ဖြစ်နေတာပါ..

မြန်မာပြည် အလယ်ပိုင်းအတွင်းဘက် ကို ကြည့်ရင် ထူးလာတာတွေ မတွေ့ ရတာပါ..

အောက်ဖက် ကိုကြည့်ရင် ထူးလာတာတွေ မရှိတော့ ထားဝယ်ဘက်ထိရောက်သွားရော ထားဝယ်စီမံကိန်း ဖြစ်လာတာပါ..ကောင်းတာရှိလာသလို မကောင်းတာ တစ်ချို့  ကို တားတာတွေ ရှိနေတာပါ ရသလိုရှိသလို မရတာရှိနေတာပါ...


ကရင်ဘက် ငြိမ်းချမ်းရေး အစ အပစ်ရပ်တာပါ တစ်ပြည်လုံးအနေကြည့်ရင် အပစ်တော်တော်များများရပ်လာတာပါ.

လမ်းပန်းဆက်သွယ်ရေးကြည့်ရင် ကားလမ်းတွေ ထူးခြားလာတာမရှိပါ..

ကားတွေ အဟောင်းအသစ်လှဲလှယ်ခွင့် ရလာတာပါ...ပါမစ်ဈေး သိန်းတစ်ရာကျော်ပေါက်တာ က တစ်ခုခုတော့ မှားနေတာပါ..ပိတ်ပင်မှုရှိနေတာပါ

သင်္ဘောသား နိုင်ငံတကာ အလုပ်လုပ်သူတွေ ဒေါ်လာတွေ အစိုးရဘဏ်ထဲထည့်ပေးရင် ကားသွင်းခွင့်ရတာပါ

ဘယ်မောင်း ထရပ်ကား ဘတ်စ်ကား သွင်းခွင့်ရတာပါ နိုင်ငံတကာက အလုပ်လုပ်သူတွေဆီက ဝင်ငွေခွန်မကောက်တော့တာပါ

ဝင်ငွေခွန်မကောက်တာ တာဝန်မယူတော့ဘူးကိုဆိုတာလည်းဖြစ်နိုင်ပါတယ်။
တွေ့ ရတာကတော့ အစိုးရ ဒေါ်လာလိုနေတာပါ ဒေါ်လာပေးသူသာ အခွင့်အရေးပေးတာပါ..

အခွန်ဆောင်သူတွေ လုပ်ငန်းရှင်တွေ ကို ၁၅ သိန်း အခွန်ဆောင် ထားရင် ကားသွင်းခွင့်ပေးတာပါ...တစ်နှစ်ရှိပါပြီ ပြည်သူအတွက်ဆိုပြီး ဝန်ထမ်းတွေ အတွက် ဆိုပြီး ကားလွတ်လပ်စွာ သွင်းခွင့် မရတာပါ..

ပြည်သူတွေ အတွက် လွတ်လပ်စွာ ကားသွင်းခွင့် မရှိသေးပါဘူး

ဆက်သွယ်ရေး
ဖုန်း ကပြောရရင် အပြောများတာက ငါးထောင်တန်ဖုန်း အဲဒီဖုန်းထက် မြန်မာပြည် နယ်တွေ နေရာတော်တော်များများ မှာ အများသုံးဖုန်း ရှိပါသလားဆိုတာပါ...အဲဒါကမှာ ပြည်သူအတွက်ဖြစ်မှာပါ

မီးသတ် ဆေးရုံ ရဲ ကို ဖရီးခေါ်လို့ ရသော လမ်းဘေးဖုန်း တစ်မိုင်ပတ်ဝန်းကျင်ထက် တစ်ရပ်ကွက် တစ်မြို့ နယ် ကို တစ်လုံးမရှိသေးတာပါ..ညဆိုရင်အဲလူတွေ အဲလိုဖုန်းတွေ မရှိတော့တာပါ...

ဖုန်းဈေး တော်တော်လေးသက်သာလာပေမဲ့ ပြည်သူတွေ အတွက် လမ်းဘေးဖုန်း လုပ်ပေးတာတွေ သိသိသာသာ မတွေ့ ရတာပါ ပြည်သူအတွက် လုံးလုံး ကြည့်တာ မတွေ့ ရတာပါ။

လမ်းဘေးငွေပေးဆက်ဖုန်း က ပြည်သူ အတွက် ဖုန်းမဟုတ်တာပါ

ကားနဲ့ လမ်းပန်းဆက်သွယ်ရေး

မိန်းကလေးတွေ အတွက် မကောင်းတာတွေ ရှိလို့  မိန်းကလေးသီးသန့်  ကားဆွဲပေးတာပါ ကောင်းပါတယ်

ယောကျာ်းလေးတွေ အတွက် လုံးဝ မကြည့်တော့တာပါ အမှန် က ကားဘာကြောင့် ကျပ်ရတာကို အဖြေရှာရမှာပါ..

ဘယ်အချိန် ဘယ်နေရာ မှာ လူအရေ အတွက် ဘယ်လောက် များတာ ကို မရေတွက် မမှတ်သား ဘဲ ကား အရေအတွက် အဲဒီအချိန်ဆို ဘယ်နှစ်စီး ရှိရမှာ ကို မတွက်တာတွေ့ ရပါတယ်..

ဥပမာ ဆူးလေမှတ်တိုင် ညနေ ၃နာရီ မှာ လူဘယ်နှစ်ယောက် ၃နာရီ ၃၀ မိနစ် မှာ ဘယ် နှစ်ယောက် ရေတွက်ရပါမယ် ကားတစ်စီးဘယ်နှစ်ယောက် ကာတာ ကို တွက်ရပါမယ်။

ဒီလိုတွက်တာ မရှိသရွေ့  ဘာမှ မထူးပါဘူး။

အနော်ရထာလမ်းကနေ လူဘယ်နှစ်ယောက်ထွက်လာမှာ ကို ရယ် ဗိုလ်ချုပ်လမ်းကဘယ်နှစ်ယောက် လာမှာ ရယ်..တွက်ရမှာပါ..

အဲဒီ အချိန် မှာ လမ်းပိတ်တတ်သော ကိုယ်ပိုင်ကားတက္ကစီ ရပ်ထားတာတွေ ရှိရင် ဆွဲမဲ့ ကားရှိဖို့ ကအစ လိုလာပါတယ်..

လမ်းမပိတ် လူနဲ့ ကားနဲ့ လောက်တယ်ဆိုရင် ဒီလို အဖြစ်ရှိတော့ မှာမဟုတ်ပါဘူး

နောက်ပြီးအဲလိုလုပ်သူတွေ ကို ကင်မရာနဲ့ ဖမ်းလို့ ရတာရယ် အလမ်းတပ်လို့ ရတာရယ် ချက်ချင်း အရေးယူတာ ကို လုပ်ရင် ဒီလို အဖြစ်ဝေးသွားမှာပါ..

ကားနည်းတာ မဖြေရှင်းနိုင်တာဆိုရင် လက်ဝါးကြီးအုပ်စနစ် ကို အစိုးသစ်ကြောက်နေရသေးတာ ကို ဆိုလိုပါတယ် အများပိုင် စီးပွားရေးဆိုတာအယောင်ပြ ပြောနေတာကို ဆိုလို တာပါ..

စားဝတ်နေရေး ကို ကြည့် ရအောင် ဝန်ထမ်းလစာ တိုးတာမဖြစ်သေး တာ ကိုတွေ့ ရတော့ ကုန်ဈေးနှုန်း ကို ထိန်းနိုင်ရမှာပါ ကုန်ဈေးနှုန်း မထိန်းနိုင်တာတွေ့ ရပါတယ်

လာဘ်စားမှု ရှိတာတွေ့ ရမှာပါ..လာဘ်စားမှုရတယ်ထားတော့ အခွန် မကောက်ရဲတာပါ အစိုးရသစ် ကုန်သည်တွေ ကို လုံးဝ မထိန်း နိုင်တာပါ

လစာ မတိုးနိုင်ရင် ကုန်ဈေးနှုန်းလည်း မထိန်း နိုင်ရင် ထူးခြားမှာမဟုတ်ပါဘူး

အစိုးရသစ် လုပ်တာ ဘာတွေလည်း ဆို မတွေ့ ရတာပါ..အခွန်ဘယ်လောက်ရတယ် ဆိုတာ ပြောနိုင်ရပါမယ်

လိုင်စင်မဲ့ကားတွေတောင် အခုထိ ရှိသေးတော့ စည်းစနစ်တကျ မစီစစ်တာတွေ့ နေရတာပါ ဘယ်မြို့ နယ် ဘယ်ရပ်ကွက် ဘယ်လမ်း အထိ စနစ်တကျ စစ်ရင် အဖြေထွက်ရမှာကို မစီစစ်တော့ တရားရေး မလုပ်ရဲတာကြောင့် ဖြစ်နေမှာပါ...

ဝင်ငွေ လစာ မလောက်တာဝန်ထမ်း အတွက် တောင် မကြည့်နိုင်သေးရင် ပြည်သူတွေ အတွက် ဝေးနေသေးတာပါ...

ကျန်းမာရေး ကို ကြည့်ရင် စနစ်အသစ် ထူးခြားလာတာမတွေ့ ရပါ...အသုံးစရိတ် ပိုချပေးတာ စနစ် ကောင်းမရှိရင် ထူးမလာပါဘူး

ပညာရေးရော ကလေးတိုင်း ကျောင်းတွေ ကို ရောက်ပြီလား ဘုန်းကြီးကျောင်းပညာရေးစနစ် ကောင်းလာလေ အစိုးရပညာရေးစနစ် အားကိုးလို့ မရတာ ကို ညွန်ပြနေတာပါ...

ကလေးတွေ အလုပ်လုပ်နေရသေးတာပါ။

မိဘဝင်ငွေ မကောင်း ကလေးဝင်ငွေ ရှာ ကျန်းမာရေး အတွက် ငွေ မရှိ ပညာရေး ပါပျောက် တာတွေ က ဆက်စပ်နေတာပါ။

ဆင်းရဲတာ ကို ငွေချေးတာ က ခဏအသုံးစရိတ် ပေးသလိုပါ အကြွေးတင်တာပဲတွေ့ ရမှာပါ

သူ့ လုပ်အားနဲ့ သူ့ ဝင်ငွေလောက်အောင် ဥပဒေ နဲ့ စည်းစနစ်တကျ မလုပ်ရင် ကလေးတွေ ကျောင်းဝေးနေမှာပါ နိုင်ငံ အနာဂတ် ဆိုးလေပါ...

အထက်ကဘယ်လောက်ကောင်းကောင်း ထူးမခြားနားသာဖြစ်နေမှာပါ...

ကုန်ဈေးနှုန်း ကို အခွန်နဲ့ ထိန်း လုပ်အားခ ကို ရသင့်တာကို ရအောင်လုပ်ရမှာပါ.

နေစရာ ပြည်သူတွေ အတွက် နေစရာတွေ ဈေးတတ်ပြီးရင်းတတ်နေတာပါ...အရင်းအမြစ်ရှာရမှာပါ...လက်ဝါးကြီးအုပ်သူတွေလက်ထဲ ကို အစိုးရပေးအပ်ထားတာတွေ့ ရပါတယ်...

အစိုးရသစ် ပြည်သူ တွေ နေစရာ ကို လုံးလုံး မစဉ်းစားထားတာ ကို ပြောသံဆိုသံ ဘာသံ မှ မကြားရတာပါ..

နိုင်ငံတကာ က ဘာတွေ ရလာသလဲတော့ မသိ မြန်မာ ပြည် မှာ ရထားလမ်းတွေ ဘာတွေ လုပ်ရင် မိုးပျံရထားဆို တံတားပေါ်ရထားပြေးရအောင်လုပ်တာ ကတော့ နည်းပညာ သိပ်မဆန်းပါဘူး မြေအောက်ရထား ကို စဉ်စားနိုင်မှသာ မြန်မာပြည်အတွက် နည်းပညာ အသစ် ရမှာပါ...မိုးပျံရထားလုပ်လာရင်တော့ အစိုးရသစ် အတွေး က တီဗီ ကို လက်နှိပ်စက် ပေါင်းတာ ကို စွဲလမ်းနေတာပါ.. တံတားပေါ် ရထားပြေးတာ ကြည့်ချင်တာလို့ တွေးရမှာရယ် မြို့ ပတ်ရထားလမ်း ကြီး ကို မထိန်းသိမ်းတော့မှာပါ...

နောက်ဆုံးကောင်းတာရေးရရင်

ကားဈေးသက်သာလာတာ ဖုန်းဈေးသက်သာလာတာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာတာ အပစ်တော်တော်ရပ်လာတာ ကောင်းလာပါတယ်

နယ်တွေ မှာ မီးမရှိတာ မရှိတာပါဘဲ..ဖုန်းဆို တာ အဝေးကြီး အက်အီးစီတောင် မဖျောက်နိုင်သေးတာ ပြည်သူတွေ အတွက် ထူးထူးခြားခြား ရှင်းရှင်းမတွေ့ ရတာပါ..

နိုင်ငံတကာ က လာတာပဲ ရှိတာပါ ထူးခြားတဲ့ အထောက် အကူပေးတာ လုံးလုံးမတွေ့ ရတာပါ...တစ်နိုင်ငံခြင်း ကို တွက်လို့ ရပါတယ်..ပြည်သူတွေ လက်ထဲ ရောက်သံ ထဲထဲဝင်ဝင် မတွေ့ ရသေးတာပါ

အကြွေးတွေတော့ ပြည်သူတွေ သိလာတာတော့ ထူးပါတယ်...အကြွေး ဆပ်ဖို့ တော့ ပြည်သူတွေ ကို သတိတရ ရှိတာတော့ တော်သေးတာပေါ့...အစိုးရသစ် က ပြည်သူကို ပေးပါ၏ ....အကြွေးစာရင်း ဆပ်လိုက်ကြစို့  ပြည်သူများ အခွင့် မရသော လည်း အကြွေး ရပါ ၏... ပြည်သူ ကတော့ ဘာပေးပေး မယူချင်လည်း ယူရပါသည်..အစိုးသစ် ပေးတာကို ရရပါသည်။ ။

No comments:

Post a Comment