ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, March 11, 2012

ဆူနာမီ တစ်နှစ် ပြည့် အိမ်ပြန်လမ်းပျောက်နေ သူ

တနှစ် ရှိခဲ့ပြီ မေ့မရနိုင်စရာတွေ ရှိနေသေးသလို အရင်နှစ်က ဒီအချိန်မှာ အိပ်မရနိုင်ချိန်တွေပါ...တစ်ချို့ နေရာတွေ မှာ မီးလောင် ဆူနာမီကြောင့် ပြေးရသူတွေ တိုကျိုမှာ ရှိသူတွေ အိမ်မပြန်နိုင်သူတွေ အဲဒီနေ့ က သောကြာနေ့ ဆိုပေမဲ့ အိမ်ပြန်ချိန် နောက်ကျတာတွေ က အကြောင်းမဟုတ်သလိုဖြစ်ခဲ့ရတယ်

ဆူနာမီကြောင့် အိမ်ပြန်လမ်းပျောက်တာထက် လောက ကနေ ထာဝရ ပျောက်ကွယ်သွားရသူတွေ အတွက် က တကယ် ကို ဝမ်းနည်းစရာပါ...

တစ်နှစ်ကြာသည် အထိ အိမ်ကောင်းနေသေးတာတောင် အိမ်ပြန်မရောက်နိုင်သူတွေ ရှိနေသေးတာပါ...အိမ်ပြန်ဖို့ အတွက် အခြေအနေ မရသေးတာပါ...

နာဂစ်ဖြစ်တုန်း က စိတ်မကောင်း ရသလို အခု နေနေသော ပတ်ဝန်းကျင် မှာ တွေ့ နေရတော့ ပိုစိတ်မကောင်းဖြစ်ရပါတယ်..

ဒီနေ့ က ဆူနာမီကြောင့် သေဆုံးရသူတွေ အတွက် တစ်နှစ် ဟုတ်သလို

သူငယ်ချင်းတစ်ယောက်ရဲ့ ဖခင် ထွက်ခွာသွားတာ တစ်လပြည့်နေ့  ဖြစ်နေပါတယ်...

တကယ်ဆို မွေးရပ်မြေ က သူငယ်ချင်းဆိုလို့  လေးယောက်ထဲ ရှိတာပါ...အကိုလိုခင်ရတဲ့ အကို ရဲ့ ဖခင်ကွယ်လွန်တော့ သူမပြန်နိုင်ခဲ့ သလို အဲလိုအဖြစ်တွေ ကြားနေရတော့ ကိုယ်ကိုတိုင်ရော အဲလိုသတင်းတွေ ကြားရင် စိတ်မကောင်းဖြစ်ရပါတယ်...

ပြီးခဲ့တဲ့လ က ကွယ်လွန်သွားတဲ့သူငယ်ချင်းရဲ့  ဖခင်ဆို လူငယ်တွေ ဘာသာဘာဝ အိမ်ပြန်နောက်ကျတာတွေ ကို စိတ်ပူပေးတတ်တာတွေ ပါ...

တစ်ခါက သူငယ်ချင်းဆီ သိပ်မရောက်ဖြစ်ပဲ သူကလည်း မလာ ဖြစ်နဲ့ မတွေ့ ဖြစ်တာ သူငယ်ချင်းအိမ်သွားတော့ သူငယ်ချင်းဖခင်က ညက မင်းတို့ ပြန်လာတာနောက်ကျတယ်နော် ဖြစ်နိုင်ရင်စောစော ပြန်လာကျ ညဘက် အခြေအနေ မကောင်းတာတွေ ကြားလို့ ကွ..

ဟုတ်ကဲ့ပါ ခင်ဗျာ လို့ ပြောလိုက် ရပေမဲ့

မနေ့ ည က ဘယ်ကို မှ မသွားတာ ကို လူကြီး ကို ပြန်မပြောတော့ ပေမဲ့..

အိမ်ပြန်နောက်မကျဖို့  ကို သတိရမိ ပါတယ်..

နောက်မှ သူငယ်ချင်းကပြောတယ် ညက မင်းနဲ့ အပြင်သွားတယ်ပြောထားတာ..အဲဒါဆိုလည်းကြိုပြောရောပေါ့ တော်ကြာ ငြင်းမိရင် မကောင်းမှာစိုးလို့ ပါ..

သူငယ်ချင်းဖခင် ကွယ်လွန်တာ တစ်လ ပြည့် ရယ် ဆူနာမီ တစ်နှစ်ပြည့် ရယ် တိုက်ဆိုင်လိုက်တာ...

အိမ်ပြန်ချိန် စိတ်ပူတတ်တာ ကို သတိရတော့...

ကိုယ်ကို တိုင်ရဲ့ အိမ်ပြန်ချိန်ရော ဘယ်တော့လည်း...အခုထိတော့ အရိပ်အရောင်တောင် မတွေ့ မိသေး

တစ်ချိန်က မွေးရပ်မြေ အိမ်ပြန်ချိန် အခုတော့ ကိုယ်နေတဲ့ တိုင်းပြည် ကို အိမ်ပြန်ချိန်ပြောနေရချိန်...

ပြန်ရင်ဘာလုပ်မှာလည်း တွေးရင်းတွေးရင်း အိမ်ပြန်ချိန် ဝေးရင်းဝေးရင်း မြန်ပြည်မှာနေသော မိခင်အတွက် လိုတာတွေ သာ လုပ်ပေးနိုင်သလောက် လုပ်ပေးဖြစ်ပေမဲ့...

ငွေကြေး က မိဘအတွက် မလိုတာ သိပေမဲ့ ဖုန်းပြောရုံလေး အားပေးရုံလေး လုပ်ပေးလို့ ရတာ လုပ်ပေးရင်း

ငွေလည်း ရှာနေတာမဟုတ်...အဝေးမှာ မပျော်ပေမဲ့ သတင်းတွေ နားစွင့်ရင်း ပယင်းရေ တွေ လောင်းထည့်ရင်း ကမ္ဘာကြီးမူးအောင် သောက်ရင်း မိုးလင်းရတဲ့ညတွေ ဆို မီးရထားဥသြသံ နားစွင့်ရင်း အိမ်ပြန်ချိန်နီးဖို့ မျှော်လင့်ရင်း...အိမ်ပြန်ချိန် ကတော့ တစ်နှစ်ပြီးတစ်နှစ် မပြည့် နိုင်တာကို တွေ့ နေရတာပါ..

ငဝန်နဒီ

1 comment:

  1. စိတ်မကောင်းဘူး ဖိုးကေးရာ။ အားပေးချင်ပေမယ့် ကိုယ်တိုင် အားမရှိတဲ့ ဘ၀မှာ ဘာမှာ အားမပေးနိုင်ပါဘူး။

    ReplyDelete