ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, March 31, 2012

ကြားဖြတ်ရွေးကောက်ပွဲ...က ထွေက

ဒီအကြောင်း မရေးဘဲ နေမလို့ ပါ ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာမွေးလာသူဆိုတော့ အချိန်တန်ရင် နေလို့ မရပါဘူး

ရွေးကောက်ပွဲ ကော်မရှင်က ပြောတယ် ...တရားမျှတစွာ နဲ့  မှန်မှန် ကန်ကန် လုပ်မယ်...

ရွေးကောက်ပွဲ ဝင်ရောက်သူ ပါတီတွေ က မတရား မမျှတ ဘူးတဲ့..ကဲ ဘာ ကို ယုံရမှာလဲ ပေါ့

ထွေက ကလေး တော့ ပါလာတဲ့ သဘောပေါ့...

ဒီနေရာမှာ ကြည့် ရအောင်...

ဘယ်လိုမှန်မှန် ကန်ကန်လုပ်ထားတယ် ဆိုတာ အချက် အလက်နဲ့  ပြောဖို့ လိုပါတယ်...

မဲရုံ မှူး လက်မှတ် တစ်ခု က အခရာ ဖြစ်အောင်လုပ်ထားတာနဲ့  မှန်ကန်ပြီလား

ဘယ်မြို့ နယ် မှာ ဘယ်လိုလုပ်ထား တာ နှစ်ကြိမ်စစ်ဆန်ဆန် တန်ပြန်စစ်ဆေးမှု မရှိတာပါ..တစ်ယောက်ထဲ ကို မယုံသင့်လို့ ပါ..မတော်တဆ အမှားအတွက် လိုအပ်တာ ကို ဖျောက်ထားပြီး မှန်တယ် ပြောမရပါ..

အဲဒီမဲရုံမှူး က ဘယ်ပါတီ ကို အားသန်သလည်းနဲ့ တင် အဆင်မပြေ ဖြစ်မှာပါ..

ဘယ်အချိန် မှာ စ မဲပေး ရင် ဘယ်လို စည်းကမ်း ဘယ်နှစ်နာရီ မှာ အဖြေ ပေး ဥပမာ နံနက် ၈နာရီ စရင် နံနက် ၉ နာရီ ၁၀ မိနစ် မှာ တစ်ကြိမ် အဖြေ ကြော်ငြာပေး ဝင်လာတာ အယောက် ၁၀၀ မှာ အဖြေက ၁၀၀ ကျော်နေရင် မသမာ မူ ရှိပြီ..

ချက်ချင်းပြော စနစ် ဆို မကောင်းမူလျော့ မှာပါ..

ညနေ မှာ အဖြေစုစုပေါင်း ကြော်ငြာ ပေး ရင် အဖြေ ကို လူရှေ့ မှာ ရေတွက် ပယ်မဲ ကို ပြပြီးပယ် ...

ရေဒီယိုတွေ အက်အမ် တွေ ကနေ ဘယ်မြို့ နယ် ကို ဘယ် အက်အမ် က ကြော်ငြာ အဖြေထုတ် တစ်နာရီတစ်ခါ လုပ် ထား ပြီး တာဝန်ခံဘယ်သူ ဆိုတာ တာဝန်ပေးရင် ဘယ်မြို့ နယ် က ဘယ်လို အဖြေ ကို လူတိုင်းသိ ဘယ်မှာ မသမာမှု ရှိတာ ချက်ချင်းသိပြီး မှန်ကန်တယ် ဆို ဘယ်လိုမှန်ကန်တယ် ဆိုတာ ချက်ချင်း သက်သေ ပြလို့ ရပါတယ်...

မှန်ကန်တာ ကို လုပ်လို့ ရသလောက်ကလေးပေါ့ ပိုစနစ်ကျတဲ့ စနစ်တွေတော့ ရှိပါတယ် ဒီမိုကရေဒီ အစ မှာ အဲလောက်ကလေးလုပ်ရင် ကို ၂၀ ရာခိုင်နှုန်းတော့ မှန်ကန် လာမှာပါ...

မမှန်ကန် ဘူးပြောသူတွေ ကရော ကြားဖြတ်ရွေးကောက်ပွဲ လုပ်တာ ဘယ်နှစ်မြို့ နယ်

ဘယ်နေရာမှာ ဘယ်သူတာဝန်ယူ မှန်မမှန် ကြည့်သူရှိဖို့ လိုပါတယ်..

မဲရုံမစခင် မိနစ် ၃၀ ကြိုပြီး သိသင့်တာတွေ ယိုပေါက်ရှိတာတွေ ပြောနိုင်ရပါမယ်

မဲရုံမှာ လူပို ဘယ်နှစ်ယောက် အတိအကျ..၁၅ မိနစ်တစ်ကြိမ် မှတ်တမ်း လူအဝင်ဘယ်လောက် အထွက်ဘယ်လောက်...

အဖြေဘယ်လောက် သိဖို့ ရယ်မှတ်တမ်းမှတ်ရာ လိုပါတယ် ဓာတ်ပုံ ဗီဒီယို ကို ဘယ်လိုယူ ဘယ်လို သတိထားရမှာ ကို သိဖို့ လိုပါတယ်

ဝင်သွားတာ က တစ်ရာ အဖြေ က ၁၈၀ ဆိုရင် ဘယ်သူလုပ်တာလည်း ပေါ့ မဲရုံမှူးလား ဘေးလူလား အဲဒါသိဖို့ လိုပါတယ်

လူအဝင်မှတ်တမ်း ရယ် အဖြေမှတ်တမ်းရယ် ဓာတ်ပုံ ကသက်သေ ဖြစ်သလို ဗီဒီယို ကသက်သေပါ..မဲရုံနား ကပ်မရဘူးဆို မနီးမဝေး ကနေ မှန်ဘီလူး ကင်မရာတွေနဲ့ ရိုက်လို့ ရပါတယ်..

မဲထည့်လို့ ရတာ ဘယ်နှစ်မြို့ နယ် ဘယ်နှစ်ရပ်ကွက် အဖြေ က တစ်နိုင်ငံလုံး လူဦးထက်ကျော်နေ အုံးတော့ ပါးစပ်ကနေ ဘယ်ဘယ်လိုအော်အော် သက်သေ မရှိ စနစ် မရှိ ပြောနေလည်း အပိုပါဘဲ...

အတိအကျနဲ့ ဘယ်နယ် ဘယ်နေရာ ဘယ်သူတာဝန်ခံ

ဘယ်လိုလုပ်တာ

ဘယ်နာရီ ဘယ်အချိန်မှာ ဘယ်လိုလုပ်တာ သိအောင် မရရအောင် လုပ်ပါ. သေချာအောင်လုပ် ပြီးရင် ပြော...

ပြောတော့ပြောတယ် သက်သေမရှိ မှတ်တမ်းမရှိ လူမရှိလို့  ဟိုအကြောင်းပြ ဒီအကြောင်း ပြ ပျင်းနေရင်တော့ လိမ်သူကလိမ် ခံသူကခံ အော်သူကအော် နောက်ဆုံးတော့ ဒုံရင်းကဒုံရင်းဆိုရင်

ကြားဖြတ်ရွေးကောက်ပွဲ ပြီးရင် ဝိညာဉ် များနဲ့  ကခုန်တာ ကို ပျော်ပျော်ပါးပါး ကျင်းပရုံ ကလွဲ လို့  ဒီမိုကရေစီကြီး မြန်ပြည်ပေါ်မှာ မြော်လွင့်နေတော့မှာပေါ့...

ဘယ်တော့ ကျလာနိုး နဲ့ စောင့် ရင်း

မှန်ကန်တယ် ...ဘီးကျိုးတယ်.. ကျောက်ပျဉ်ကွဲတယ် ပေါ့...

မှန်ကန်သော ဒီမိုကရေစီ မြန်ပြည်တွင်ပေါ်ပေါက်ရေးသည် မြန်ပြည်သားတိုင်း၏ တာဝန်ဖြစ်သည်..

...ငဝန်နဒီ

No comments:

Post a Comment