ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, March 14, 2012

တစ်

တစ် ဆိုတာ ထိပ်ဆုံး ကို ပြောတာလား

အမှတ် တစ် ကို ပြော တာလား

တစ် နေတာ ကို ပြော တာလား

တစ်ရှေ့ မှာ သုည ရှိသလို အနှုတ်ကိန်းတွေ က အမြောက်အများ ရှိတာ ကို မေ့လို့  မရပါ...

တစ်ရှေ့ မှာ သုညတိုးလို့ မထူးပေမဲ့

အစက်တစ်စက် ကျသွားရင် တန်ဖိုးတော်တော် ကွာသွားပြီ

နောက်မှာ သုညတိုးရင်တော့ တန်ဖိုးတစ်အားတက်သွားရော..

တစ်လို့ ထင်ရတဲ့ အယူနဲ့ ဆို

ဒဿမ...တိုးသလို စစ်တွေ ဖြစ်နေရင် အနူတ်ပြနေတာ ပါ

ကားပါမစ်တွေ ဈေးကြီးလာတာ တစ်နောက်သုည တိုးသလို နဂို အကျင့်အတိုင်း

လာဘ်စား ငွေယူမဝသေးသူတွေ လုပ်စားနေကြ သုညတိုးကြည့်တာ..

တံခါး ဟစိလို့ ထင်တာ တံခါးမဟုတ်ပဲ ခုန်တတ်ကျော်တတ် မှ ရမဲ့ ပြူတင်းပေါက်ကြီး ကိုး

စီးပွားရေးကောင်းအောင်ဆိုတာသာပြောတာ တစ်ဆိုတဲ့ အတိုင်း တစ်တစ်

လစာ တော့ မတိုး အပိုကြေးလိုလို ထောက်ပံကြေးနဲ့ နှစ်သိမ့် တရုတ် နမူနာမှန်းသိသာ ဟိုလုပ်မရ ဒီလုပ်မရ

ကုန်ဈေးနှုန်းပါထိန်းမရလို့ ကတော့

နဂို လူ လုပ်တာ ဆိုတော့ နဂို လိုပဲဖြစ်မှာမဆန်းပါဘူး ဆို ကြည့် နေရုံပေါ့

စပေးဖို့ သတင်းရတော့ ဆန်တစ်တင်းစာဖိုးလောက်

ဝင်ငွေ ရလို့ ဈေးဝယ်တော့ ဆန်တစ်စိတ်တော့ ရနိုင်ကောင်းပါရဲ့ 

နောက်ဆုံးတော့ စီးပွားရေး သမား က အဘ စီးပွားရေး မကောင်းလို့ 

ကုန်ဈေးနှုန်းလေးတတ်အောင်လုပ်ရအောင် ဆော်သြော် လိုက်သလို

နောက်ဆုံး တော့ ပြည်သူ ဒုံရင်း စီးပွားရေးသမား ကားကောင်း ကို စီး

မြန်ပြည် သူပိုင်ကြွေးကြော် နေတော့ မှာ လား...

No comments:

Post a Comment