ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Monday, April 2, 2012

နိုင်တယ် ဆိုတာထက် လွှတ်တော် ထဲ မှာ အမှန်တကယ် ထိုင်ပြီး ပြောရေး ဆိုခွင့် ရှိမှာ ပြည်သူတွေ က စိတ်ချရမှာပါ

နှစ် ၂၀ ကျော် ကြာပါပြီ ဒီလို အောင်ပွဲ မျိုး ရှိခဲ့ပါတယ် ၁၉၉၀ ပြည့်နှစ် ကပေါ့ အာဏာလွဲ မပေးတာ ကို သတိရဖို့ လိုပါတယ်...
အခုနိုင်တော့ တကယ် လွှတ်တော်ထဲ ကို ရောက်ပြီး ထိုင်ခွင့် ရမှာ စိတ်ချရမှာပါ..

အဲဒီ အချိန်ထိ ပြည်သူတွေ စောင့်ကြည့်ရမှာပါ...

အခုကြားဖြတ်ရွေးကောက် ပွဲ မှာ ညစ်တာတွေ ကို မှတ်သားထား ဖို့ လိုပါတယ် ညစ်နေတဲ့ ကြား က ပြည်သူတွေ ဆန္ဒပြည့်ဝ သွားတာ မြင်ရတော့ ဝမ်းသာစရာပါ..ဒါပေမဲ့

အဲဒါမျိုး ညစ်တာတွေ ထပ်မဖြစ်အောင် ကြိုတင်ပြီး နောက်တစ်ခါ မခံရအောင် လုပ်ဖို့ လိုပါတယ်

အခုလည်း တော်တော် များများ ပျော်နေကြမှာပါ.. ၁၉၉၀ လို မဖြစ်ဖို့ စောင့် ကြည့် ရအုံး မှာပါ..

လွှတ်တော်ထဲ တကယ်ဝင် ထိုင်ရင်တောင် လွှတ်တော်ထဲ မှာ ထိုင်ခုံတော်တော်များများ ကို ရသေးတာ မဟုတ်ဖူးဆိုတာ သတိရှိဖို့ လိုပါတယ်..

အရေးကြီးတာ က လွှတ်တော်ထဲ မှာ ထိုင်နေပေမဲ့ နိုင်ငံပြည်သူပြည်သား တွေ အတွက် အကျိုးပြု မှု လုပ်ဆောင်နေသူတွေ ဖြစ်အောင် လွှတ်တော် ကိုယ်စားလှယ်တိုင်း ဖြစ်အောင် ဆွဲဆောင် ပြောဆို နိုင်ဖို့ လိုပါတယ်..

ပြည်သူကိုယ်စားပြု သူတိုင်းဖြစ်အောင် လုပ်ဆောင်ဖို့ လိုပါတယ်...

ထိပ်တိုက် ဖြေရှင်းမှုထက် ကန့် ကွက်တာတွေ ထက် အမှန်ကို မြတ်နိုးသူတွေ ဖြစ်အောင် အချက် အလက်နဲ့ စနစ်တကျ အကျိုး အကြောင်း ဆီလျှော် စွာ ဖြင့် တစ်ထစ်ချင်း လုပ်ဆောင်နိုင်ဖို့ မျှော်လင့် ရမှာပါ..

အခုတော့ လွှတ်တော် ထဲ အမှန်တကယ် ဝင်ထိုင်ရ မှ ၃၀ရာခိုင်နှုန်း သေချာမှာပါ...

၁၉၉၀ က အဖြစ် က သက်သေ ရှိတာ ကို မေ့မရပါ...အခုမှ ၁၀ ရာခိုင်နှုန်း လောက် အသိအမှတ် ပြုခံရတာပါ...

တစ်ခုရှိတာ က ပြည်သူတွေ က နှစ်တွေ ဘယ်လောက် ကြာကြာ သူတို့ ရဲ့ ဆန္ဒ က ၂၀၁၂ အထိ မပြောင်းသေးတာ သက်သေပါ...

ပြည်သူ့ ဆန္ဒ နှစ် ၂၀ ကျော်လည်း အရင်အတိုင်းပါပဲ...၁၉၉၀ ကို မမေ့သေးတာပါ မျိုးဆက်သစ် ကို အသိပေးဖို့ လိုပါတယ်...ဆယ်ကျော်သက်တွေ ဘာမှန်းသိမှာမဟုတ်ပါဘူး...သတိရှိနိုင်ကြပါစေ...

No comments:

Post a Comment