ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, April 7, 2012

အစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိ မှုနှင့် တစ်ချိန်က


RFA

အစိုးရနဲ့ ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံးတို့ဟာ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ စစ်မက်ဖြစ်ပွားမှု အမြန်ဆုံး ရပ်ဆိုင်းရေး လုပ်ဆောင်သွားဖို့ သဘောတူညီချက် ရရှိသွားကြပြီလို့ သိရပါတယ်။

အထက်ပါ သတင်းလေး ကတော့ အများအတွက် ဝမ်းသာစရာ လေးပါ...

မြန်ပြည်မှာတုန်း က Golf resort မှာ မန်နေဂျာ အဖြစ်အလုပ်လုပ်တုန်း က တပ်မ ၁၁ တပ်မမှူး ဆိုတာ အပေါ်က ရန်ကုန်တိုင်းဒေသဝန်ကြီး လေ အခုလို ငြိမ်းချမ်းရေး ဆွေးနွေးမှု မှာတွေ့ ရတော့ အေးချမ်းပြီး အေးဆေးစွာ လုပ်တတ်သူ တပ်မမှူး ဘဝကနေ အခုလို နေရာ မှာတွေ့ ရတော့ မြန်ပြည် တော်တော် အေးချမ်းသာယာမယ့် လမ်း ကို တွေ့ မြင်ရသလို ခံစားမိပါတယ်...

တစ်ချိန်တုန်း က ဗိုလ်မှူး အဆင့် ရှိတဲ့ ကရင် ဗိုလ်မှူး တစ်ယောက် ကရင်စကား ပြောဖို့ အ တော်လေး သတိထား ရပြီး လူမသိအောင် ကရင်စကား ခဏလေး လာပြောတာလေး ကို အမှတ်ရမိပါတယ်...

ဒီအဖြစ်အပျက် က တကယ် ကို ဖြစ်ပျက်ခဲ့တာပါ...ငါကရင်လိုပြောတာ ဘယ်သူမှ မသိတာ အကောင်းဆုံးပါ...ကရင်စကားခဏလေး ပြောရဖို့ အရေး သူတော်လေး စွန့် စားခဲ့ရတာပါ...အခုလို ငြိမ်းချမ်းရေး လမ်းစမှာ
ရှေ့ ဆက်ဖို့ သာ ဦးတည် နိုင်ပါစေလို့ ရည်ရွယ်ရင်း...

ငဝန်နဒီ

No comments:

Post a Comment