ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, April 7, 2012

ပန်းရဲ့ လမ်း ...- ကိုရဲလွင်(မဇ္ဈိမလှိုင်း) ရဲ့ ရင်ဘတ် က တေးသံ



ပန်းရဲ့ လမ်း

စာသား..ဒီချစ်မျိုး

သံစဉ်၊တေးဆို...- ကိုရဲလွင်(မဇ္ဈိမလှိုင်း)
.......

လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်း မုန်တိုင်းမဖြစ်ဘူးဟေ့

စူးခဲ့တဲ့ ဆူးတွေ အတွက်၊ ပြန်လှည့်ရမယ်ဆိုရင်

ဒီလမ်း ကို အစကတည်း က မထွက်ခဲ့ဘူး

သူငယ်ချင်းရေ...

လက်ကမ်းကြခြင်း အတူတူ

ဆုပ်ကိုင်မိတဲ့ လက်ဖဝါးတိုင်း အင်အားမဖြစ်ဘူးဟေ့

စွန့် လွတ်ခဲ့ ထားရစ်မှု တွေ အတွက် ပြန်လှည့် ရမယ်ဆိုရင်

ဒီလမ်း ကို အစကတည်း က မထွက်ခဲ့ဘူး

ဆူးခင်းလမ်း ကို ဖြတ်ကျော်ဖို့  ရေဆန်လမ်း ကို အားစမ်းဖို့ 

မျှော်လင့်ခြင်း ကို ထမ်းပိုးလို့ 

ဆူးခင်းလမ်း ကို ဖြတ်ကျော်ဖို့  ရေဆန်လမ်း ကို အားစမ်းဖို့ 

မျှော်လင့်ခြင်း ကို ထမ်းပိုးလို့ 

မြင့်မြတ်တဲ့ တပ်မက်မှုတွေနဲ့  လေရိုင်းရေ

ဖူးပွင့် ကြခြင်း အတူတူ

မင်းခြွေလိုက်တဲ့ အခါတိုင်း ပန်းတိုင်း မကြွေဘူးဟေ့

နွမ်းကြွေမှုတွေ အတွက် စိုးရွံ့ ရမယ်ဆိုရင်

ဒီပန်းဟာ အစကတည်း က မပွင့်ခဲ့ ဘူး

ပျိုးတစ်ခင်း ကို စိုက်ပျိုးဖို့ 

ပန်းတစ်ခင်း ကို မွှေးမြဖို့ 

အာရုဏ်အလင်းကို တိုးဖက်လို့ 

ပန်းတစ်ခင်း ကို စိုက်ပျိုးဖို့ 

ပျိုးတစ်ခင်း ကို မွှေးမြဖို့ 

အာရုဏ်အလင်းကို တိုးဖက်လို့ 

အို..မြင့်မြတ်တဲ့ တပ်မက်မှုတွေ နဲ့ 

လေရိုင်းရေ...

ဖူးပွင့် ကြခြင်း အတူတူ


မင်းခြွေလိုက်တဲ့ အခါတိုင်း ပန်းတိုင်း မကြွေဘူးဟေ့

နွမ်းကြွေမှုတွေ အတွက် စိုးရွံ့ ရမယ်ဆိုရင်

ဒီပန်းဟာ အစကတည်း က

အို..နွမ်းကြွေမှုတွေ အတွက် စိုးရွံ့ ရမယ်ဆိုရင်

ဒီပန်းဟာ အစကတည်း က

မပွင့်ခဲ့ဘူး။ ။

မြန်ပြည်အတွက် အခုလို အချိန်မှာ ဒီလို စာသားတေးသံ တွေ က အင်အားဖြစ်နိုင်ပါစေ...

ငဝန်နဒီ

No comments:

Post a Comment