ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, April 21, 2012

ရေနံ တွင်းဟောင်း ပြန်လည်အသုံးပြု ပုံ

တွင်းဟောင်း တစ်ခု ပြန်လည် အသုံးပြုရန် အတွက် တွင်းပတ်လည် ပေါ်တေပယ်စ် ရစ် ရပ် ရန် တွင်းတူးစင် ထောင်နိုင် ရန် ရှင်းလင်း ရပါမည် ပြီးနောက် ဝဲလ်ဟဒ်စ် တပ်ဆင် ရပါမည်။

ပုံမှန်အားဖြင့် ၅-၁/၂ လက်မ ကေဇင် များဖြစ်ပါသည်။ ၉-၅/၈ လက်မ ကေဇင် အား မန်းရေနံ မြေ တွင် တွေ့ ဖူးပါသည်။ တွင်းအမှတ် ၅၉။

တွင်းဟောင်း ရာဇဝင် ကို အောပီရေးရှင်း အင်ဂျင်နီယာ သေချာ ဖတ်ရှုပြီး တွင်း တွင် ကျန်ရစ်ပစ္စည်း ရှိ မရှိ။

နောက်ဆုံး အထွက်နှုန်း မည်သည့်အတွက်ကြောင့် တွင်းပိတ် ရသည် ကို သိသင့်သလောက် သိရန်လိုအပ်ပါသည်။

ဝဲလ်ဟဒ်စ် အပေါ်မှ ဖလမ်း တပ်ဆင်ပြီး စပေစာ ရင်း ကြားခံပြီး

ဘလိုးအောက် ပရီပန်တာ ကို တပ်ဆင်ပြီးမှ ရစ် ကို နေရာချထား ရပါမည်။

ပုံမှန်အားဖြင့် ဘေလာ အဆမ်ပလီဖြင့် ဘေလာ ဖြင့် တွင်းသန့် ရှင်းရေး လုပ်ရပါသည်။

ဘေလာ ဆင်း တကြိမ် ဆင်းပြီးလျှင် စကေဘာ အဆမ်ဘလီ ကို ဆင်းရပါသည် ..ပြီးမှ ဘေလာထပ်ဆင်းပြီး တွင်းသန့် သလောက် ရှိသည် ဖြစ်လျှင် ကွန်ပလီရှင်း အက်စဆမ်ဘလီ ဆင်းပြီး

ပန့် အဆမ်ပလီ တပ်ပြီး တွင်း ကို အထောက်အခွာ အကြမ်းမျဉ်း တိုင်းပြီး  ထားခဲ့လျှင် ရပါသည်...

ပန့် ပီးယူနစ် ထိုင်သူ အဖွဲ့  က ပန့် ပီးယူနစ် လာရောက်တပ်ဆင် ပန့် စခုတ် ခြင်း ကို လုပ်ဆောင်ပြီး သည် နှင့် သံကန်တန်း သို့  ရေနံ စိမ်း နှင့် ရေ  ရောက်လာလျှင် တွင်းဟောင်း ပြန်လည် သုံးပြုလို့ ရပါပြီ...

No comments:

Post a Comment