ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး
Friday, May 11, 2012
ကား အလှည့်ပြီးရင် အိမ်အလှည့်
မြန်ပြည် မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာ အခု ဆက်သွယ်ရေး ဆိုရင် ဖုန်းဈေး သိန်းဆယ်ဂဏန်း ကျော် ကနေ အခုတော့ ၂သိန်း အထိကျလာပါတယ်
ကားဆိုရင်လည်း သိန်းထောင်ဂဏန်း ကနေ သိန်း ရာဂဏန်း အထိကျလာပြီး သိန်းရာဂဏန်း ရှိရင် ကို ကားစီးလာနိုင်တာ ကို တွေ့ ရမှာပါ ဒါကတော့ သယ်ယူပို့ ဆောင်ရေး ကို လုပ်ဆောင်တာကနေ ရတဲ့ အကျိုးဆက်ပါ..
ဒါပေမဲ့ စားဝတ်နေရေး ဆိုတာရဲ့ အဓိက အချက် ဖြစ်တဲ့ နေရေး ကို မလုပ်သေးတာ အချိန်ကို စောင့်နေရပါတယ်
အခုတော့ နိုင်ငံတကာ မှာလေ့လာနေပါတယ်..
အကျိုးဆက်ကတော့ ကားပါကင်ကောင်းကောင်း အိမ်ကောင်းကောင်း တွေ ပေါ်လာမှာဖြစ်သလို စည်းကမ်းတကျ လုပ်ရင်း နစ်နာသူတွေ ရှိလာမှာပါ..
ဈေးတတ်လာနိုင်တယ်လို့ ထင်နေမှာပါ ..ဈေးတတ်ရခြင်း အရင်းအမြစ် ကို ကြည့်ရင် တဖက်လှည့်နဲ့  နိုင်ငံခြားသားတွေ ကို မြေ အိမ်တွေ ရောင်းနေလို့ ပါ..အသိမ်းခံနေရလို့ ပါ..
တစ်ချိန်က တိုက်အသစ်တွေ ဖော်လိုက်တာ တိုက်ခန်းဈေးက ဆောက်စရိတ်သာသာ လောက်ပဲ ဈေးဖြစ်သွားတာကို ပြန်အမှတ်ရသူတွေ ရှိနေမှာပါ..
အခုလည်း တိုက်တွေ ကို ပါကင်ရော အထပ်မြင့်ရော ဆောက်လိုက်ရင် မီးအတွက်ပါ ဆိုလာစနစ်တွေ ပါလုပ်လိုက်ရင် ဈေးတွေ ကျလာမှာပါ..
ကားလိုပဲ တစ်ဆင့်ချင်းလုပ်လာလိမ့်မှာပါ..ချက်ချင်းကြီးတော့ မပြောင်းပါဘူး ချက်ချင်းပြောင်းလိုက်ရင် အထိနာသူတွေ အတွက် အရမ်းဆိုးဝါးသွားနိုင်ပါတယ်
သမ္မတ က အရှိန်မြှင့် လုပ်ဆောင်ဖို့ တွေ ပြောနေပေမဲ့ အရမ်းမြန်လွန်းရင် ဘေးထွက်ဆိုးကျိုး တွေ က ပိုများမှာပါ..
လိုအပ်ချက်တွေ ကို တစ်ထစ်ပြီး တစ်ထစ် တွက်ချက်ပြီး လုပ်ဆောင်ရင် ပြည်သူတွေ အတွက် ကို စဉ်းစားမယ်ဆိုရင် လူတိုင်း နေစရာ ရှိရင် စားရေး ကို တစ်ဖြည်းဖြည်း စဉ်းစား လုပ်ဆောင်လို့ ရမှာပါ...
ချက်ချင်း ဆိုရင် ဒေါ်လာဈေးထိုးကျရင် အထိနာသလိုမျိုးပါဘဲ.. မနစ်နာဘူးဆိုတာ ဘူးခါငြင်းနိုင်ပေမဲ့ အကျိုးဆက်ကို အကောင်းအဆိုး ဒွန်တွဲ ရင်ဆိုင်ရတာပါ..
ကားမှာ လူဦးရေကိုတွက်ပြီး သွင်းခွင့်ပေးတာပါ အိမ် ကို လည်း လူဦးရေ နဲ့ တွက် လိုတာ လုပ်လိုက်ရင် လူတိုင်း ကိုယ်ပိုင်နေစရာတွေ နဲ့ ဖြစ်သွားမှာပါ..
စားရေး ကိုတော့ လစာ ကို ချိန်ညှိလိုက်ရင် အဆင်ပြေပါတယ်..
အနည်းဆုံး နစ်နာမှုကို ထည့်တွက်ခြင်းသည် ငြင်သာသော အပြောင်းအလဲ အတွက် အကောင်းဆုံးဖြစ်ပေမည်..
ငဝန်နဒီ
No comments:
Post a Comment