ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, May 5, 2012

ဖုန်း SIM ကဒ် ဈေးတတ်လျှင် မြန်မာ့ဆက်သွယ်ရေး မှကုမ္ပဏီ ကို တရားစွဲ မည်..


ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချသည့် မိုဘိုင်းဖုန်း ဆင်းမ်ကဒ်များကို သတ်မှတ်
ဈေးနှုန်းထက် မြှင့်တင်ရောင်းချမှုများ ရှိနေ၍ Yadanarpon Teleport နှင့် E-lite Tech ကုမ္ပဏီတို့ကို မြန်မာ့ ဆက်သွယ်ရေးမှ ခေါ်ယူ သတိပေးထားကြောင်း မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်း က ပြောသည်။

ကျပ် နှစ်သိန်းတန် GSM ဖုန်းကဒ်များနှင့် ကျပ် နှစ်သိန်းခွဲတန် WCDMA ဖုန်းကဒ်များကို ဧပြီလ အတွင်း စတင်
ရောင်းချခဲ့သည်။ သို့သော် ဝယ်လိုအားကြောင့် ဈေးကွက်အတွင်း သတ်မှတ်ပေါက်ဈေးထက် ၁ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့သည်။ GSM တကဒ်လျှင် ကျပ် နှစ်သိန်း လေးသောင်းအထိ ဈေးမြင့်တက်သွားခြင်း
ဖြစ်သည်။

ထိုအခြေအနေများကြောင့် သတ်မှတ်ဈေးနှုန်းထက် ပိုရောင်းချနေမှုများကို ဆက်လက်တွေ့ရှိပါက တရားစွဲဆိုသွားမည်
ဖြစ်ပြီး တားမြစ်မှုများ မလိုက်နာပါက ချုပ်ဆိုထားသည့် အကျိုးအမြတ် ခွဲဝေရေးစာချုပ်များအပေါ် အကျိုးသက်ရောက်မှု ရှိလာလိမ့်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတိပေးလိုက်သည်။

No comments:

Post a Comment