ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, June 28, 2012

ကား သွင်းချင်ရင် ခြေကားယား လက်ကားယား ကားပြီးမှ သွင်းခွင့် ပေးမှာပါ

ကားသွင်းခွင့်လွတ်လပ်စွာ သွင်းခွင့် ပေးတယ် ဆိုပြီး ကားတွေ မြန်မာ ပြည်ထဲ မရောက်တာ များလာတော့ ဘာကြောင့်လည်း ဆိုတာ အခုတော့ နောက်ဆုံး ကုပ္မဏီ ကို ဖြတ်သန်းပြီးမှ ရအောင် လုပ်ထားတဲ့ မူဝါဒ အသစ်တဲ့

ကဲ ဘယ်သူ လာဘ်စားတာလည်း
ဒီမိုကရေစီ မှာ ဒါမျိုးတွေ ရှိလားပေါ့

အဲဒီကုပ္မဏီ ဘယ်သူကို ဘယ်လောက်ပေးလိုက်ရလည်းပေါ့

အကောက်ခွန် က လာဘ်စားတာပြီးယုံဘဲ ရှိသေးတာပါ

ဂျပန်မှာ အခု ခွင့်ပြုတဲ့ ကားတွေ က ၂၀၀၇ -၂၀၀၈ နှစ်ထုတ်တွေ ဆို ၁၃၅၀ စီစီအောက် ကား အထိအခိုက်ပါ ဆို ရင် မြန်မာငွေသိန်း  ၃၀ ကျော် ကနေ ၄၅သိန်းလောက်ဆိုရပါတယ်

ပို့ ခက သဘောင်္ခ က  ၁၂ သိန်းလောက် တခြားအနည်းအပါးနဲ့ ဆို ၁၅ သိန်း ကနေ ၁၈ သိန်းလောက်ဆို ရန်ကုန် ဆိပ်ကမ်းရောက်ပါတယ်

ကားဟောင်းသမားဆို မြန်မာငွေ ၁၀ သိန်း ကနေ ၂၅ သိန်းလောက် ဆို တော်ရုံကားတွေ ရပါတယ်
ရန်ကုန် အရောက် မှ သိန်း ၅၀ မကျော်ပါဘူး လူတိုင်းကားစီးနိုင်ပါတယ်

အခွန် ပုံမှန်ဆောင် သိန်း ၃၀ ကနေ သိန်း ၅၀ ဆို တော်တော်လေး ကောင်းတဲ့ ကားတွေ ရပါတယ်

သိန်း ၁၀၀ အောက်မှာဆို ရပါတယ်

အခွန် ကတော့ ဟုတ်ပါပြီ ကားဝင်လာပြီဆိုတာနဲ့  ကညန ဖြတ်သန်းတာကလည်း ဈေးအရမ်းကြီးတယ် မဆိုလိုချင်ပေမဲ့

နှစ် နှစ် တစ်ခါသက်တမ်းတိုးတာတွေ လုပ်ပြီး တစ်ခါသက်တမ်းတိုးရင် ၂ သိန်းဆို ၂သိန်း ကားသေးရင် ၁ သိန်းလောက်ဆို ကားမတော်တဆ တိုက်လို့ ဖျက်ရရင် ဒဏ်ကြေးတွေ သတ်မှတ် သံရည်ကြိုလိုက်ရင် မြန်မာပြည် မှာ ကားကောင်းတွေ ပဲ ရှိမှာပေါ့

အခုတော့ ဟိုကဖြတ် ဒီကဖြတ် ဟိုကို ငွေ ပေးရ ဒီကို ငွေ ပေးရနဲ့ ဆို ကားလိုချင်သူတွေ ခြေကားယား လက်ကားယား ကားကားကြီး ဖြစ်မှ ကားစီးရတော့မှာပေါ့
နောက်ဆုံးတော့ လုပ်စားတတ်တဲ့ အကျင့် မပျောက်သရွေ့ တော့

ကားဟောင်း ကိုစီး လာဘ်ပေးလာဘ်ယူ ကို မလုပ်ချင်လည်း လုပ် ဒီမိုကရေစီ ကား က ဟောင်းဟောင်းလေးပဲ ကောင်းပါတယ် ဖြစ်နေရင်တော့ ဟိုနားကားပျက် ဒီနားကားပျက် လမ်းတွေ ပိတ် လမ်းဆင်းလျှောက်တာက မြန်သွားမဲ့ ဒီမိုကရေစီ ကားဖြစ်နေပါမယ်

ကားကိုလည်း မြန်မာမြေပေါ် ကျပြီး နှစ် ၂၀ ကျော် ဆို သံရည်ကြိုခွင့်ပြု ရင် ကားသစ်တွေ ကြီး များနေပြီး ကားဟောင်းနှစ်သက်သူကလည်း သူကား ကို နှစ်နှစ် တစ်ခါ သက်တမ်းတိုးစီးရင်း သွားမယ်ဆိုရင် ..

ကားဟောင်း ကိုလည်း နည်းပညာသစ်တွေနဲ့ ဆက်စီးရန်သင့်မသင့် စီစစ်ပေးရင် ဘေးကင်းရန်ကွာ တိုးတတ်တဲ့ မြန်ပြည် ဒီမိုကရေစီ နဲ့ အတူ ကောင်းသော ကားတွေနဲ့ ဆို အဆင်ပြေမှာပါ..
လမ်းမပိတ် အောင် ကားကောင်းဖို့ လိုသလို စည်းကမ်းတကျ ဖြစ်ဖို့ လိုပါတယ်

ပိတ်တဲ့ ကားကို ဆွဲတဲ့ ကား ယာဉ်ထိန်းရုံး မှာအဆင်သင့် ချက်ချင်းဆွဲ ဒဏ်ကြေးဆောင် လိုင်စင် ခဏပိတ်တာတွေ နဲ့ ဆို အစစ အဆင်ပြေမှာပါ..

လမ်းဘေးရပ်ကားတွေ ကို လိုက်စစ်တဲ့ ကား က အဆင်သင့် ဆို လမ်းက မပိတ်ပါဘူး

မီးပွိုင့်တွေ မှာ ဘယ်မှာလမ်းပိတ်နေတာ တို့  ဘာကြောင့်ပိတ်တာ တို CCTV ကင်မရာတွေနဲ့ ဆို တော်တော်လေး အဆင်ပြေမှာပါ..

မြန်ပြည် အရောက် ကားတစ်စီး သိန်း ၅၀ လောက်ကို အခွန်က သတ်သတ်မှတ် မှတ် မလုပ်သရွေ့  စာရွက်ပေါ်မှာ ကလိမ်ကကျစ်လုပ်အောင် မသိမသာ လုပ်ခိုင်းနေရင်တော့
အခွန်ရှောင်သူတွေ လာဘ်ပေးလာဘ်ယူသူတွေ မဖြစ်ချင်ဘဲ ဖြစ်နေရမှာပါ..

တကယ်ဆို ရန်ကုန်မှာ မိန်းလမ်းမ ကြီး က ၄လမ်းလောက်သာရှိတာပါ..

ကားဘယ်နှစ်စီး သွားရင် အဆင်ပြေတာ ကို စစ်တမ်းမကောက် မလုပ်တတ်ရင် ကားတွေ ပိတ် နေမှာပါ..

ကားမီးပွိုင့် တစ်ခုနဲ့ တစ်ခု ကြား ဘယ်နှစ်စီး ကာ တာ ကို တွက် ရမှာပါ

ကားပိတ်တာ ဘယ်နေရာ ဘာကြောင့် ဘယ်အချိန် ဆိုတာတွက် ပြီး ဘယ်အချိန် ဆို ဘယ်ကားမဝင်ရ ဘယ်လမ်းကိုဘဲ ခွင့်ပြုတာတို့  လုပ်ရင် အဆင်ပြေပါတယ်

စီစီတီဗီ ကင်မရာတွေ များများသုံး စီးတီး အက်အမ် ကနေ ကြော်ငြာ ပေးလို့ ကတော့ ဘယ်လမ်း ကိုရှောင် ရမှာကို သိမှာပါ

ရှောင်ရမှာ သိရုံ နဲ့ မပြီးသလို ပိတ်နေသောလမ်း ဘယ်လောက်ကြာကြာပိတ်မှာ ကအစ ပြောပြနိုင်မှ အဆင်ပြေမှာပါ..

အဲဒါလည်း တွက်ထားမှာရပါတယ်
လမ်းထဲ ကားဘယ်နှစ်စီးရှိရင် ဘယ်လောက်ကြာမယ်ဆိုတာ တွက်ချက်လို့ ရပါတယ်

တစ်ခုတော့ ရှိပါတယ်..သေခါနီးလူ လမ်းကူးတာ ကို တော့ တွက်ချက်လို့ မရတာပါ..

သူက သေရမယ့် အသက်လည်းကြီးပြီ မင်းတို့ တိုက်ချင်လည်းတိုက်သွား လိုက် လို့ ဆိုရင်တော့ ဘယ်စည်းကမ်း ဘယ်အချိန် ကို မှ တွက်မရတာပါ..

အဲလိုအဖြစ်ကတော့ ရှိတော့ရှိမှာပါ ရှားမှာပါ..

မြန်ပြည် လာ ကားငှားစီမဲ့ သူတွေ တွေ ကားနံပါတ် မဖတ်တတ်ရင် ကားနံပါတ်တွေ ပြောင်းရမဲ့ ဆိုတာကတော့

မြန်မာပြည် မဟုတ်တော့ဘူး မြန်ပြည်ပြန်ရင် နိုင်ငံခြားတိုင်းပြည်ရာက်တာဖြစ်နေမှာပေါ့

မြန်မာပြည် မှာမြန်မာစာ ကသာ အဓိက ဖြစ်ရမှာ မဖတ်တတ်သူတွေ အတွက် တက္ကစီ တွေ နောက်ကမှန် မှာ ဖြစ်ဖြစ် မြန်မာလိုနံပါတ် ကို အင်္ဂလိပ်လို စတစ်ကာ နဲ့  ကပ်ထားရင် လည်းဖတ်လို့ ရပါတယ် ရှေ့ က မှန်ထောင့်ဖက်မှာလည်း အဲလိုရေးပေးထားရင် ဖတ်လို့ ရတာကို နံပါတ်ပြောင်းအောင် အင်္ဂလိပ် လက်ပါးစေတွေ ကြီးစိုးနေပြီလားပေါ့

ဘယ်နိုင်ငံမှ မိမိနိုင်ငံစာကိုဘဲ အဓိကထား လုပ်တာကြီးပါပဲ
  နိုင်ငံသား သန်း ၅၀ ဖတ်တတ်စရာ မလို ခဏလာလည်တဲ့တစ်သန်းတောင် မပြည့်တဲ့  လူတွေ ဖတ်ဖို့  လိုက်လုပ်မယ်ဆိုရင်

မြန်မာ နိုင်ငံသားတွေ အားလုံး ကို အင်္ဂလိပ်လို အမည်သစ်ပေးပွဲ လုပ်ပြီး အလည်လာသူတွေ နားလည်အောင် အမည်သစ်တွေ လုပ်လိုက်ရင် မကောင်းဘူးလား မောင်ခွေး ဆို Mr. Dog ?

ဘယ်လိုပဲဖြစ်ဖြစ် အများကောင်းဖို့ ဆိုပေမယ့် အဆင်ပြေစေဖို့ ဆိုပေမဲ့ မိမိဘယ်နိုင်ငံဆိုတာ မမေ့ရင်တော်ပါပြီ  တော်ကြာ မြန်မာပြည် ကြီး ကိုလိုနီ နိုင်ငံဘဝက မလွတ်သေးဘူးဆိုပြီး ထင်သွားမှာ စိုးရပါတယ်..

ငဝန်နဒီ

Monday, June 25, 2012

အလှမယ်ပြိုင်ပွဲဖြစ်သည့် အမျိုးသမီးကာယကြံ့ခိုင်မှုပြိုင်ပွဲ








နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်ဝတ်စားဆင်ယဉ်မှု ပြောင်းလဲကျင်းပသော အလှမယ်ပြိုင်ပွဲဖြစ်သည့် အမျိုးသမီးကာယကြံ့ခိုင်မှုပြိုင်ပွဲကို ဇွန် ၂၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပရာ Model Physique ခေါင်းစဉ်ဖြင့်ကျင်းပသော ပြိုင်ပွဲ၌ ပြိုင်ပွဲဝင်အလှမယ်များ ယှဉ်ပြိုင်စဉ်။ ထိုပြိုင်ပွဲတွင် အလှမယ် ၂၃ ဦး ၀င်ရောက်ယှဉ်ပြိုင်သည်။
7Day News Journal

Sunday, June 24, 2012

ပေးကားပေး၏ မရ

မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းပိုင်ဆိုင်ခွင့်ဥပဒေ

မြန်မာနိုင်ငံသား ဖြစ်တာ ဂုဏ်ယူစရာ အမေရိကန်သားကြီး အဆင်မပြေလို့  မြန်မာ နိုင်ငံသား က အမွေတစ်ဝက်ခွဲပေး

ကမ္ဘာမှာ အမေရိကန် မှာ ဆို အရမ်းကောင်းတယ် ဘာလေးနဲ့ ဆိုတော့ အားကျစရာလို့ ထင်နေတာ

အမေရိကန်သားဖြစ်တာတောင် ဘာတွေ အဆင်မပြေသလည်းတော့ မသိ ပြောမပြနိုင်တာတွေ တော့ ရှိချင် ရှိမှာပဲလေ...

အပြင်ပန်းကြည့်ရုံနဲ့  အဆင်ပြေတယ်ဆိုတာ ပြောမရတာ ဒီမှာတွေ့ လိုက် ရတာရယ်

ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ မြန်မာဟာ အမေရိကန်ထက် ချမ်းသာတာ ကို တွေ့ လိုက်ရပါတယ်
 မြန်မာဟာ ဒီနေရာ မှာ ဂုဏ်ယူစရာပါ

မြန်ပြည်မှာ မွေးလာတဲ့သူ နိုင်ငံခြား မှာ အဆင်မပြေလို့  အမွေတောင်းရင်တောင် ပေးနိုင်တာ တော်ရုံနိုင်ငံသား မဟုတ် အမေရိကန်နိုင်ငံသား ကိုတောင် ဂရုဏာထားကြည့်တာကိုမြင်ရတာနဲ့ တွေ့ နိုင်ပါတယ်

မြန်မာ နိုင်ငံသား ဘယ်နိုင်ငံကြီးတွေ ကိုပဲရောက် အဆင်မပြေရင် မြန်ပြည် ကို လှမ်းပြော ပေးလို့ ရတာပေးမှာပါ..

မြန်ပြည် က စိတ်ဓာတ်တွေ ဂရုဏာတွေ က အမေရိကန်ထက် သာတာကို တွေ့ ရမှာပါ..မြန်ပြည်သား ကအမေရိကန် နိုင်ငံသား ဖြစ်သွားသူထက် စိတ်ဓာတ်သာတာ ကို တွေ့ ရမှာပါ...

တရားသူကြီးက သဘောကောင်း မြန်ပြည် နေသူ ကလည်း သဘောကောင်း နောက်ဆုံးတော့

မြန်ပြည် က အမေရိကန်ထက်သာတာလေးကိုတွေ့ လိုက်ရပါတယ်...

မြန်ပြည်သား ဖြစ်ရတာ ဂုဏ်ယူစရာပါ..

ငဝန်နဒီ

ဂျပန် မှာ ကားဝယ်လိုသူများ အတွက် တော့ အဆင်ပြေနိုင်ကောင်းပါရဲ့  ဝါးတားတားတော့ ဖြစ်နေပါတယ်





တော်ဝင် နေရာ မှာ သစ်ပင် စိုက်နိုင်ခဲ့ သော မြန်မာ အမျိုးသမီး ဒီမိုကရေစီ မီးအိမ်ရှင် ဒေါ်အောင်ဆန်းစုကြည်

 The Prince of Wales and The Duchess of Cornwall welcome Aung San Suu Kyi to Clarence House

ကြားရ ဖတ်ရတာ အတော် မသက်သာ..ကလေး ငါးသလောက် အရက်သေစာ

စာက ရေးချင်တာတွေ ကတော့ များနေပါတယ် သို့ သော်

နားဝပါ မသက်သာတာတွေ ကြားရတော့ စိတ်မကောင်းလည်းဖြစ်မိပါတယ်..

ဘဏ်တွေ က ဆို ဒေါ်လာ တော့ ဝယ်ပါတယ် ပြန်ရောင်းတာ တော့ အထစ်အငြော့ တွေ ရှိတော့ ဘဏ် ဘယ်ဟုတ်တော့မှာလည်း အရင်းရှင်ငွေ ချုပ်ကိုင်ရာနေရာလို ဖြစ်နေမှာပေါ့

ရန်ကုန်မှာ သာတဲ့လ အခုတော့ အလကား ဖြစ်သွားပြီလား အဲဒီသီချင်းလေးငြီးရင်း လသာတာကို တမ်းတရမှာလား မတမ်းတရမှာလား 

စာစောင် တစ်ခုမှလည်း ကော်ရှုတာ ကို ဥပဒေထုတ်ဖို့ ရေးထားတာတွေ တွေ့ ရတော့
မှုးယစ်ဆေးဝါး ကို ဘယ်လိုသတ်မှတ်တာလဲပေါ့

တွေးမိလာတယ်... ဟုတ်ပါပြီ
..
စာရေးရင်း ထပ်တွေ့ လာတာကတော့ ၁၃ နှစ် ကလေးတွေ အလုပ်လုပ်နေတာ တွေ ကို အသင်းအဖွဲ့  လုပ်ခွင်ပြုတာတွေ ရှိတယ် လို့ ဆိုလာတော့

ဒီမိုကရေစီ လမ်းကြောင်းပေါ်သွားနေတာတောင် ကလေးလုပ်သား ကလေးအခိုင်းအစေ တွေ ကလေးစစ်သားတွေ ကို တရားဝင်ဖြစ်အောင် လုပ်နေတာမျိုးဖြစ်နေတာ တွေ့ ရပါတယ်..

ဒေါ်လာတွေ ဈေးတတ်အောင်လုပ်မှ လုပ်ငန်းအဆင်ပြေမယ် ဆိုတာတွေ ပါတွေ့ ရပါတယ်
အခုလည်း တရိပ်ရိပ် တတ်နေပါတယ်..

တကယ်တော့ ထုတ်လုပ်တဲ့ နေရာမှာ ဈေးမတန်တဆပေးပြီးဈေးတတ်အောင်လုပ်ခဲ့တဲ့စနစ် ကို တိုက်ဖျက်ရမှာပါ

ဒါမှ မြန်ပြည်နေထိုင်သူတွေ ဈေးသက်သာမှာပါ..

ပြည်သူ ကို မကြည့် ငွေရဖို့ ကိုကြည့် ဈေးမငြိမ်တာ ကို အခွင့်ကောင်းလုပ်နေရင်တော့

ဒီမိုကရေစီ တော့ မဖြစ်ပါဘူး

အခြေခံဘာပြောင်းရမှာကိုတောင် မတွက် မချက်ပဲ လုပ်နေသရွှေ့ တော့ မြန်ပြည် သားတိုင်းဆင်းရဲ လစာ ဘယ်လောက် တိုးတိုး အမွဲတိုင်းပြည် ဒီမိုကရေစီ ပြာကျ မှုသာ ရှိနေမှာပါ..

အရင်းရှင် ချမ်းသာအောင် လုပ်တာ ကို ကြည့်နေသရွှေ့ တော့ ထူးမခြားနား ပတ်ပျိုး တီးနေသလိုပါ..

အခု တစ်ခုပြောချင်တာကတော့ ငါးသလောက် တစ်ကောင် ၆၅ ကျပ်သားလောက် တစ်ကောင် ကို ဂျပန်မှာ ယမ်း ၁၆၀၀-၁၇၀၀ ဆိုတော့ မြန်မာပြည် မှာ ဈေးနဲ့ တွက် ရင် တစ်ပိတ်သာ ကို ဂျပန် ရောက်ဈေး ယမ်း ၂၀၀၀ ဝန်းကျင် မြန်မာငွေ ၂၀၀၀၀ သောင်းကျပ်ဒါဆိုတော့ မြန်မာပြည်မှာ တစ်ပိတ်သာ ၁၀၀၀၀ ကျပ်လောက် ပေးဝယ် မှာပေါ့

ဈေးတတ်အောင် လုပ်ပြီးဝယ် လိုက်တာလေ...

အဲလိုဈေးတတ်တာ ကို အားပေး များများဝယ်စားရင် မြန်ပြည် ကလူတွေ ငါးသလောက် ကို ဈေးဝယ်မရ ဖြစ်သွားမှာပေါ့
 မြန်မာပြည် က လာတဲ့ ငါးသလောက်စစ်စစ်ပါ..စာတမ်းတွေ ပါသေး ပုဇွန်လည်း အတူတူဘဲ

မြန်ပြည်မှာ သက်သာတဲ့ဈေးနဲ့ ဝယ် ပြီး ပို့ ရမှာပါ..

မွေးလို့ လည်းရပါတယ် အဲဒီအရွယ်အစားဆို ၆ လကနေ တစ်နှစ် အတွင်းမှာ ရပါတယ် ခဏလေး ပဲ ရင်းနှီးမြှပ်နှံ ရတာပါ

မြန်ပြည်သူပြည်သားတွေ ပါးစပ် အဝက ဟင်းလျာ ကို ပုတ်ချ နိုင်ငံခြားရောင်းမှ ချမ်းသာ တာထက်

ပုံမှန်ဈေးပေး စရိတ်စက သက်သာအောင် နည်းလမ်းရှာ တစ်သက်လုံးသက်သက်သာသာ ဝင်ငွေ ကို ကဲ့ယူစေချင်တာပါ..

ဒီမိုကရေစီ အစိုးရက ဒီနေရာ မှာ ဘာ လုပ်ပေးလို့ ရလည်းဆိုတော့ ပိုလျှံငါးကို ပြည်ပ ထုတ်ခွင့်ပြု ဆိုတာနဲ့  ကန့် သတ်ရပါတယ်

မွေးမြူရေးငါး ထုတ်ခွင့်ပြု ဆိုတာတွေ က အစိုးရ အလုပ် လုပ်ငန်းရှင်ဆီက လာဘ်စား ပြည်သူတွေ ငတ်သွားမှ ကောင်းတယ် လို့ ထင်နေရင် ဒီမိုကရေစီ အစိုးရ အလုပ်မလုပ်သေးတာလို့ ပဲ တွက် ရမှာပေါ့

ကောင်းတာ ကိုပဲ ရေးချင်တာပါ..လုပ်ငန်းရှင်တွေ ကိုလည်းချမ်းသာစေချင်ပါတယ် ဒေါ်လာဈေးတတ်မှ ချမ်းသာတယ် ဆိုတာကတော့ တစ်ခုခု မှားနေပါတယ်

အရင်းစစ်ရင် ဒေါ်လာဈေးတတ် ပြည်သူငတ် ဆင်းရဲ ဒီမိုကရေစီ ပျောက်ဆုံးဖြစ်နေမှာပါ..

ရေးချင်တာတွေ ရှိပါသေးတယ်..နည်းနည်းချင်းပေါ့

ရေတောင် တားမြစ်တဲ့ ဥပဒေမျိုး ထုတ်ချင်တဲ့ စာစောင်တွေ တွေ့ နေရလို့ ပါ..

ကော်ရှုတာ ကို ဥပဒေလုပ်ချင်ရင် ရေလည်း မတ်ခွက်နဲ့  ၈ခွက် ကနေ ၁၀ခွက်လောက် သောက်ရင် မူးပါတယ် အဲဒါ ကို ဥပဒေ ထုတ်မှာလားပေါ့ ပက်စ်စီ အချိုရည်တွေ ရှိတုန်းကဆို ၄ပုလင်းလောက် ဆက်သောက်ရင် မူးပါတယ်


ဆေးခြောက်တွေ ကဥပဒေ ရှိပြီးသားထားတော့
 ဆေးသမားတွေ ဆေး ပြတ်တော့ ဝယ်မရဖြစ် နေချိန်မှာ ဗူးရွက်ခြောက် ကို ရှုတာ ဆေးခြောက် လို ဖြစ်သေးတာ ထပ်တူ မကျပေမဲ့ နီးနီးဆင်တာ ဆိုတော့

ဗူးပင် ကိုရောဆေးခြောက် အပင်လို ဥပဒေထုတ်ဖို့ တင်ဖို့ ကြိုးစားမှာလား ပေါ့

ဂျာနယ်တွေ ထုတ်တာကတော့ ဟုတ်ပါတယ်  ရေးချင်တိုင်းရေးတာထက် စဉ်းစား လေ့လာ အတွေ့ အကြုံ မရှိ ရမ်းတုတ်နေရင်တော့ ပြည်သူတွေ ကို အဆိပ်ရည်တွေ လောင်းပေးနေသလိုဖြစ်နေမှာပါ...

ကလေးတွေ မူးယစ်စေတတ်တွေ သုံးတာ ကို ပိတ်ပင်ချင် ရင် ဘယ် အသက်အရွယ်ထိ ဆေးလိပ်မသောက် ရ အရက်မသောက်ရ ဆိုတာနဲ့ တင် မကောင်းမူကင်းဝေးမှာပါ..ဂျပန်မှာ အသက် ၂၀ အထိ မလုပ်ရပါဘူး

ကလေးဆိုတာ ကို ၁၆ နှစ် လောက် အထိ သတ်မှတ်ထားတာပါ လူကြီးကဒ်တွေ ဘာတွေ ထုတ်မပေးတာကို ပြောတာ ပါ..

အပေါ်မှာရေးတာ ငါးသလောက်ဈေးကြီးတာတော့ ဟုတ်ပါပြီ မြန်ပြည် ကလာတဲ့ ရှုးဖိနပ် က ယမ်း ၇၀၀၀ ကနေ တစ်သောင်း လောက်ရှိပါတယ် စလစ်ပါကတော့ ယမ်း ၄၀၀၀ ကျော်လောက် ရှိတော့ အဲဒါတွေ တော့ ဈေးတတ်တာဝယ်ပျော်ပါတယ် မြန်ပြည်သူပြည်သားတွေ အလုပ်ဝင်ငွေ တိုးတာ တွေ အလုပ်ရတာတွေ ဖြစ်လာ နိုင်တာကိုး

ဂျပန်မှာ ငါးသလောက် တစ်တုံးစားတာနဲ့  မြန်ပြည် မှာ လူဆယ်ယောက် လောက် ငါးသလောက် မစားနိုင်တာ နဲ့ တူနေသလို တွေ့ နေရတာပါ..

ဘယ်လိုပဲဖြစ်ဖြစ် မြန်ပြည်မှာလည်း အဆင်ပြေ နိုင်ငံတကာမှာ လည်းဝင်ဆန့် တာမျိုး ဖြစ်စေချင်တာ သက်သက်ပါ...

ငဝန်နဒီ

Wednesday, June 20, 2012

ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်မြို့တွင်တွေ့


ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တဦးဖြစ်သည့် တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား လန်ဒန်မြို့တွင် ဇွန်လ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo / Jeremy Russell / OHHDL)

Tuesday, June 19, 2012

အမဲ အသည်း အစိမ်းစား သုံးသူများဂျပန်တွင် ယခုလ နောက်ဆုံး နောက်လတွင် ရောင်းချခွင့်မပြုတော့

အမဲ အသည်း အစိမ်းစားသူများ ဂျပန်တွင် ယခုလ နောက်ဆုံး နောက်လ တစ်ရက်နေ့ မှ စ၍ ရောင်းချခွင့် ပိတ်ပင်တော့မည်..

ရောင်းချမည့်ဆိုင် ကို ဒဏ်ကြေး ဂျပန်ယမ်း သောင်း ၂၀၀ ယမ်း တပ်မည် ဖြစ်ပါသည်

ဆိုင် နားရခြင်းများ ပြုလုပ်မည် ဖြစ်ပါသည်...

အမှန်တကယ် စားသုံးသူများ ယခုလ အတွင်း တစ်ဝ စားသုံး နိုင်ကြပါစေ...

အမဲ အသည်း အစိမ်း ကို နှမ်းဆီ ဖြင့်နှင်းဆီ ဆား နှင့် တို့ စား တတ်ကြပါသည်..

Sunday, June 17, 2012

နော်ဝေနိုင်ငံ အော်စလိုမြို့တွင် နိုဘယ် ငြိမ်းချမ်းရေး ဆုလက်ခံရယူပြီး ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်း ဘာသာပြန် စဆုံး

(Dr ကောင်းမြတ်ကျော်) ဘာသာပြန်ဆိုသည်..




 

ဘုရင်မင်းမြတ်၊ တော်ဝင် အမျိုးအနွယ်ဝင်များ၊ အစိုးရအဖွဲ့ဝင်လူကြီးမင်းများ၊ နှင့် ဂုဏ်သရေရှိ နော်ဝေနိုင်ငံမှ နိုဘယ်ဆုပေးအပ်ရေး အဖွဲ့ဝင်များ လူကြီးမင်းများနှင့် မိတ်ဆွေသင်္ဂဟအပေါင်းတို့ရှင့်….

လွန်ခဲ့တဲ့ နှစ်တော်ကြာတုန်းက ဒါကတစ်ခါတစ်လေလည်း ဟိုးဘ၀ပေါင်းများစွာတုန်းကလို ထင်မိပါတယ်… ကျွန်မ အောက်စဖို့မှာ နေနေတုန်း Desert Island Discs လို့ခေါ်တဲ့ ရေဒီယို အစီအစဉ်လေးကို ကျွန်မရဲ့သားငယ် အလက်ဇန္ဒားနှင့် အတူတူ နားထောင်ခဲ့ဖူးတယ်။ ဒီရေဒီယိုအစီအစဉ်က တော်တော်လေး လူကြိုက်များပြီး ကျွန်မသိသလောက် အခုချိန်ထိ ဆက်လက်ထုတ်လွှင့် နေတယ်ဆိုပါတယ်။ ဒီအစီအစဉ်မှဆိုရင် လူတန်းစားပေါင်းစုံက ကျော်ကြားသူတွေကို ဖိတ်ကြားပြီး ဓါတ်ပြား ရှစ်ချပ်စာလောက် ဆွေးနွေး ပြောကြားကြတယ်။ ဒီအကြောင်းတွေကို ထုတ်ထားတဲ့ စာအုပ်ဟာဆိုရင် သမ္မာကျမ်းစာနှင့် ရှိတ်စပီယား ၀တ္ထုတွေလောက် ရောင်းအားသွက်ခဲ့ပါတယ်ပြီး လူသူအရောက်အပေါက်နည်းတဲ့ ကျွန်းမှာတစ်ယောက်တည်း ကျန်ခဲ့ရင်တောင် ကိုယ်နှင့်မကွာ ရှိနေစေချင်ကြတဲ့ အမြတ်တနိုးပစ္စည်း အသုံးအဆောင်လို့တောင် ဆိုကြပါတယ်။ ဒီအစီအစဉ်ကိုနားထောင်လို့ အပြီးမှာ သားလေးကကျွန်မကို မေမေ တစ်ချိန်ချိန်မှာ မေ့မေ့ကို Desert Island Discs မှာ ဒီလိုပြောခွင့် ရမယ်လို့ထင်လား လို့မေးပါတယ်။ ဘာလို့မရ မလဲ ဟုကျွန်မက ခပ်အေးအေးပဲ ပြန်ဖြေခဲ့ပါတယ်။ သားလေးက ဒီအစီအစဉ်တွေကို ယေဘုယျအားဖြင့် ထင်ပေါ်ကျော်ကြားတဲ့သူတွေပဲ ပါဝင်နိုင်တယ်ဆိုတာ သိရက်နှင့်ပင် ကျွန်မကို ဘာအတွက်ကြောင့် မေမေ့ကိုဖိတ်မယ်လို့ ထင်တာလဲလို့ ရိုးရိုးတန်းတန်းသိချင်တဲ့ သဘောနဲ့ ဆက်မေးခဲ့ပါတယ်။ ကျွန်မခဏလောက်စဉ်းစားလိုက်တယ် ပြီးမှ မေမေက စာပေဘက်မှာ နိုဘယ်ဆုရခဲ့ရင်ပေါ့ သားရယ်လို့ ပြောပြီး ကျွန်မတို့ ၂ ယောက်စလုံး ရယ်လိုက်ကြပါတယ်။ မှန်းချက်ကတော့ ဟုတ်နေတာပဲ ဒါပေမယ့်တကယ်ဖြစ်လာဖို့သာခက်တာပါ။

အခုတော့ကျွန်မဘာလို့ ဒီလိုဖြေခဲ့လဲဆိုတာ စဉ်းစားလို့ရပြီ အဲဒီအချိန်မတိုင်ခင်က နိုဘယ်ဆုရခဲ့တဲ့ စာအုပ်တစ်အုပ်ဖတ်ခဲ့လို့ ဖြစ်နိုင်သလို Desert Island ရဲ့ပင်တိုင်တွေဟာလည်း ကျော်ကြားတဲ့ စာရေးဆရာတွေ ဖြစ်လို့ပဲဖြစ်မှာပါ။

၁၉၈၉ တုန်းက ကျွန်မရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်း မိုက်ကယ်အဲရစ်က ကျွန်မနေအိမ်တွင်း အကျဉ်းကျခံ နေရတုန်းလာတွေ့တယ်။ သူက ဂျွန်ဖန်နစ် လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်မကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် နာမည်ပေးသွင်းထားကြောင်း ပြောပါတယ်။ အဲ့ဒီအချိန်မှာလည်း ကျွန်မရယ်ခဲ့တယ်။ ခဏလောက်တော့ မိုက်ကယ်က အံ့သြသွားတယ်. နောက်မှ ကျွန်မဘာလို့ ရယ်တာလဲ ဆိုတာကို နားလည်သွားပါတယ်။ နိုဘယ်ဆုလေ မှန်းချက်ကသာဟုတ်နေတာလေ ဖြစ်လာဖို့ဆိုတာမှ မလွယ်တာ။ ဒါကြောင့် ကျွန်မတကယ် နိုဘယ်ဆုရတဲ့အခါ ကျွန်မဘယ်လို ခံစားရသလဲ။ ဒီမေးခွန်းက ကျွန်မကို ခဏခဏမေးဘူးတယ် ဒီအချိန်မှာတော့ နိုဘယ်ဆုဆိုတာ ကျွန်မအတွက်ဘာလဲ ငြိမ်းချမ်းရေးဆိုတာ ကျွန်မဘယ်လို အဓိပ္ပာယ်ဖော်လည်းဆိုတာ ကိုပြန်လည်သုံးသပ်ရမယ့် အသင့်တော်ဆုံးအချိန်ဖြစ်နေပါပြီ။

ကျွန်မ အင်တာဗျူးတော်တော်များများမှာ လည်းအကြိမ်ကြိမ်ပြောခဲ့ဘူးပါတယ်… တစ်ညနေမှာရေဒီယိုက ကျွန်မနိုဘယ် ငြိမ်းချမ်းရေးဆုရကြောင်းကြေငြာသွားတာကြားလိုက်ရတယ်။ ကျွန်မ မအံ့သြခဲ့ပါဘူး ဒီမတိုင်ခင် ရသတ္တပါတ်က ကျွန်မဟာ နိုဘယ်ဆုအတွက် စကာတင်ထဲမှာပါတယ်ဆိုတာကို ထုတ်လွှင့်မှုတွေမှာ ဖော်ပြတာကိုကြားခဲ့ရပါတယ်။ အခု ဒီမိန့်ခွန်းတွေအတွက် စာကြမ်းစီနေတုန်းမှာပဲ ကျွန်မ ဆုကိုကြေငြာလိုက် တဲ့အချိန်ပြီးပြီးချင်း ဘယ်လိုဖြစ်သွားလည်းဆိုတာကို ကြိုးကြိုးစားစား တွေးခဲ့ပါသေးတယ်။ ကျွန်မသိပ် မသေချာဘူးလို့ထင်တယ် သြော်သူတို့တွေ ငါ့ကိုဒီဆုပေးဖို့ ဆုံးဖြတ် လိုက်တာကိုဆိုတာမျိုးလောက်ပဲ။ ဒါကလည်း သိပ်ပြီး တကယ်မဟုတ်သလိုပဲ ဘာလို့လည်းဆိုတော့ ကျွန်မကိုယ်တိုင်ကိုယ်က သိပ်ပြီး လက်တွေ့မဆန်သလို၊ တကယ်မဟုတ်သလို ခံစားခဲ့ရပါတယ်။

ကျွန်မနေအိမ်အကျယ်ချုပ်နှင့် နေရစဉ်က မကြာခဏဆိုသလို ကိုယ့်ကိုယ်ကို တကယ့် လောကကြီးနဲ့ တစ်ဆက်တည်း နေရတာမဟုတ်သလို ခံစားရတယ်။ အိမ်ကပဲကျွန်မ ရဲ့ကမ္ဘာ။ တခြားသူတွေရဲ့ မလွတ်လပ်တဲ့ ကမ္ဘာလည်း ရှိသေးတယ် ဒါပေမယ့်သူတို့ဟာ ထောင်ထဲမှာ လူအဖွဲ့အစည်းလေး တစ်ခုအနေနှင့် ရှိကြတယ်။ နောက်ပြီး လွတ်လပ်တဲ့ ကမ္ဘာဆိုတာလည်း ရှိသေးတယ်။ ဒီကမ္ဘာတွေက သူ့လမ်းကြောင်းနဲ့သူ သီးခြားစကြ၀ဠာမှာ လည်ပတ်နေသလိုပဲ။ နိုဘယ်ငြိမ်းချမ်းရေးဆုက ကျွန်မကို ကျွန်မနေတဲ့ သီးခြား ကမ္ဘာလေးထဲကနေ တစ်ဖန်ပြန်ပြီး တခြားလူသားတွေနေတဲ့ နေရာကို ပြန်ဆွဲထုတ် ပေးလိုက်သလိုပဲ၊ ပိုပြီး စစ်မှန်တဲ့ တကယ့်လက်တွေ့ ဘ၀ထဲကို ပြန်ထည့်ပေးလိုက်သလို ခံစားရပါတယ်။ ဒါကလည်း ချက်ခြင်းကြီးဖြစ်လာတာတော့ မဟုတ်သေးပါဘူး၊ ဖြတ်သန်းခဲ့ရတဲ့ နေ့လရက်အချိန်တွေ လေလှိုင်းကြားကနေ ဖြတ်လာကြတဲ့ ဒီဆုကို တုန့်ပြန်မှု သတင်းတွေနှင့် ဒီနိုဘယ်ဆုရဲ့ အရေးပါပုံကို ကျွန်မနားလည်လာ ရပါတယ်။ ဒီဆုဟာကျွန်မကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ နှင့်လူ့အခွင့်အရေး အတွက် လှုပ်ရှား ရုန်းကန်ရာမှာ ကမ္ဘာရဲ့ အာရုံစိုက်မှုကို ရစေပါတယ်။ ကျွန်မတို့ကို မေ့မသွားကြပါဘူး။

မေ့သွားကြမယ်ဆိုရင။် ပြင်သစ်လူမျိုးတွေပြောတာက ခွဲခြားထားခြင်းဟာ နည်းနည်းခြင်း သေဆုံးဖို့တဲ့။ အမေ့ခံရတယ်ဆိုတာကိုယ်တိုင်ကိုက နည်းနည်းလေး သေဆုံးပျက်စီးကြစေပဲတဲ့။ ဒီလိုသာဖြစ်မယ်ဆိုရင် ကျွန်မတို့ကိုတွယ်ဆက်ထားတဲ့ လူ့အဖွဲ့အစည်းရဲ့ ကျန်တဲ့အပိုင်းတွေနဲ့ တွယ်ဆက်ထားတဲ့နေရာ အချို့ ပြတ်တောက်သွားမှာဖြစ်ပါတယ်။ ကျွန်မ ထိုင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနှင့် ဒုက္ခသည်တွေ ဆီကို မကြာသေးမီကမှ သွားရောက်တွေ့ဆုံခဲ့ပါတယ် အဲ့ဒီမှာလူအများက ကျွန်တော်တို့ကို မေ့မထားပါနဲ့ လို့အော်ကြတယ်။ သူတို့ဆိုလိုတာက သူတို့ရဲ့ ဒုက္ခတွေကို မေ့မထားပါနဲ့၊ သူတို့ကိုကူညီနိုင်တဲ့ကိစ္စတွေကို မေ့မထားပါနဲ့၊ ကျွန်တော်တို့ကလည်း ခင်ဗျားတို့နဲ့ တစ်ကမ္ဘာတည်းနေနေတာပါဆိုတာမေ့မထားပါနဲ့ပေါ့။ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက ကျွန်မကို နိုဘယ်ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်တဲ့အခါ ကမ္ဘာက ဖိနှိပ်ခံ၊ သီးသန့်နေထိုင်နေကြတဲ့မြန်မာလူမျိုးတွေကလည်း ဒီကမ္ဘာမြေရဲ့ တစ်စိတ်တပိုင်းပါလား ဆိုတာကိုသတိပြုမိလာကြတယ်။ လူသားတွေအားလုံး အတွက်တစ်ခုတည်းဖြစ်တဲ့ လူသားချင်း စားနာထောက် ထားရမှာတွေကို သတိပြုမိလာကြတယ်။ ဒါကြောင့်ကျွန်မအတွက် နိုဘယ်ငြိမ်းချမ်းရေး ဆုရခြင်းဟာ ကျွန်မရဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို မြန်မာနိုင်ငံရဲ့ တစ်ခုတည်း အတွက် မဟုတ်ပဲနိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်လွန် ထွက်သွားစေပါတယ်။ ဒီဆုဟာ ကျွန်မ နှလုံးသား တံခါးကို ပွင့်သွားစေပါတယ်။

မြန်မာတွေရဲ့ ငြိမ်းချမ်းရေးနှင့် ပတ်သက်လို့ ခံယူချက်ကတော့ ဘေးဒုက္ခတွေနဲ့ မကောင်းမှုတွေကနေ ရပ်တန့်သွားတဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှုခံစားချက်လို့ ဆိုပါတယ်။ ငြိမ်းချမ်းဆိုတဲ့ စကားနှစ်လုံးကပဲ တိုက်ရိုက်ဘာသာပြန်ရင် မီးငြိမ်းသွားတဲ့အခါမှာ ဖြစ်တဲ့ ကောင်းမွန်တဲ့အေးချမ်းမှုလို့ ဆိုပါတယ်။ ဆင်းရဲတဲ့ခံစားမှုနှင့် အကြမ်းဖက်မှုကြောင့် ဖြစ်လာတဲ့မီးတွေဟာ ကမ္ဘာမှာ တဟုန်းဟုန်းတောက် လောင်နေပါတယ်။ ကျွန်မရဲ့ နိုင်ငံအတွင်းမှာရော မြောက်ဖက်ပိုင်းက ရန်မီးတွေကလည်း မငြိမ်းသေးသလို အနောက်ဘက်မှာလည်း အကြမ်းဖက်မှုတွေကြောင့် မီးရှို့ဖျက်စီးမှုတွေ၊ လူသတ်မှုတွေ ဟာလည်း ကျွန်မဒီခရီးမထွက်ခင် ရက်အနည်းငယ် အတွင်းကမှ ပေါ်ပေါက်လာခဲ့ပါတယ်။ ကမ္ဘာမြေရဲ့ အခြားနေရာက ရက်စက်မှုတွေရဲ့သတင်း တွေလည်း အများကြီးရှိပါတယ်။ ငတ်ပြတ်မှုသတင်းတွေ၊ ရောဂါဘယတွေ၊ တိုက်ခိုက်အနိုင်ယူတာတွေ၊ အလုပ်လက်မဲ့တွေ၊ ဆင်းရဲမွဲတေမှုတွေ၊ တရားမမျှတမှုတွေ၊ ခွဲခြားဆက်ဆံ ခံရတာတွေ၊ အယူဝါဒအစွဲတွေ၊ ကိုယ့်အယူဝါဒနဲ့မတူရင် နှိပ်ကွပ်တာတွေ ဟာဆိုရင် နေ့စဉ်တွေ့နေရပါတယ်။ နေရာတိုင်းမှာ ငြိမ်းချမ်းမှုကို တိုက်စားပစ်တဲ့ အဖျက်အမှောင့် အင်အားတွေ ဆိုတာရှိပါတယ်။ နေရာတိုင်းမှာ ကမ္ဘာကြီး ပျော်ပျော်ရွှင်ရွှင်နဲ့ စည်းချက်ညီညီ ဖွံ့ဖြိုးဖို့ထိမ်းသိမ်းရန်လိုအပ်တဲ့ ပစ္စည်းနဲ့ လူ့စွမ်းအားအရင်း အမြစ်တွေ အလဟသတ်ဆုံးရှုံးနေတယ်ဆိုတာ တွေ့နိုင်ပါတယ်။

ပထမကမ္ဘာစစ်ဟာဆိုရင် ကမ္ဘာမြေအတွက် ကောင်းတဲ့အင်အားတွေဖြစ်စေမယ့် လူငယ်တွေနဲ့ သူတို့ရဲ့ အလားအလာတွေ ဆိုးဝါးစွား ပျက်စီးဆုံးရှုံးခဲ့ရတဲ့ သာဓကတစ်ခုဖြစ်ပါတယ်။ အဲ့ဒီခေတ်က ကဗျာတွေဟာ ဆိုရင် ကျွန်မအတွက် အထူးပဲ အရေးပါလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မစဖတ်တဲ့ အချိန်ဟာဆိုရင် ဒီလို ပွင့်ခါနီးမှာ အညွန့်ချိုးခံလိုက်ရတဲ့ လူငယ်တွေ အရွယ်မို့ပါ။ ပြင်သစ်တပ်တွေနဲ့အတူတိုက်နေရတဲ့ အမေရိကန် လူငယ်လေးတစ်ယောက်ဆိုရင် ၁၉၁၆ တိုက်ပွဲမှာမကျခင် ဒီလိုရေးသားခဲ့ပါတယ် `အငြင်းပွားဖွယ်ရာ ရှေ့တန်းစစ်မျက်နှာ အချို့မှာ´ `ဒဏ်ရာများနဲ့ပြည့်နှက်နေတဲ့ စစ်မျက်နှာပြင် တောင်စောင်းတွေမှာ´ `မီးတွေတဟုန်းဟုန်း တောက်နေတဲ့ မြို့ကြီးတွေဆီမှာ´။ လူငယ်တွေနှင့် ချစ်ခြင်းမေတ္တာနှင့် ဘ၀တွေဟာဆိုရင် အေးစက်တဲ့ အဓိပ္ပာယ်မဲ့ လုပ်ရပ်တွေ အောက်မှာ မထင်မရှား၊ လူမသိ ထာဝရ တိမ်မြုပ်ခဲ့ရတယ်။ ဘာအတွက်လည်း။ ၁၀ စုနှစ်တစ်ခုသာ ကုန်ခဲ့တယ် ကျေနပ်တဲ့ အဖြေမျိုး မရသေးပါဘူး။

ကျွန်မတို့ရဲ့ လူ့ဘောင်ကြီးနှင့် အနာဂတ်ကို အကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေ၊ မရေရာမှုတွေ ကနည်းအောင်မလုပ်နိုင်ရင် ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့မခံစားရဘူးလား။ စစ်ဆိုတာ ငြိမ်းချမ်းရေး အသတ်ခံလိုက်ရတဲ့ ကြိုးဝိုင်းတစ်ခုပါပဲ။ ဘယ်လိုပဲ ဒီဒုက္ခ သုက္ခတွေ လျစ်လျူရှုခံရပါစေ ဒီလိုခံရတာတွေအတွက် အငြင်းပွားမှုတွေ၊ ခွဲခြားခံရတယ်လို့မြင်လာတာတွေ၊ မတရားခံရမှုအတွက် ဖြစ်ပေါ်လာတဲ့ မကျေနပ်ချက်တွေ၊ ဒေါသတွေ ကတော့ တစ်ချိန်ချိန်မှာ အညောင့်ပေါက်လာကြမှာပါ။

အကျယ်ချုပ် နေလိုက်ရတဲ့ ကောင်းတဲ့အချက်တစ်ခုကတော့ ကျွန်မဘ၀မှာ သိလာ ခံယူလာတဲ့အမြင်တွေ၊ နဲ့စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းတွေးဆဖို့ အချိန်အလုံ အလောက်ရခဲ့တာပါပဲ။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ဒုက္ခဆိုတဲ့ စကားလုံးကို ငယ်ငယ်တည်းက ရင်းနှီးခဲ့ပါတယ် ယေဘုယျဒုက္ခဆိုတာ ခံစားရခြင်းလို့ ဘာသာပြန်နိုင်ပါတယ်။ နေ့တိုင်းလိုလို ကျွန်မနားက လူကြီးတွေနဲ့ တစ်ချို့သိပ်မကြီးသေးတဲ့ သူတွေပါ သူတို့နည်းနည်း နာတာကျင်တာခံစားရတဲ့ အခါမှာဖြစ်ဖြစ်၊ အသေးအဖွဲ စိတ်ညစ်စရာလေးတွေ ကြုံရင်ပဲဖြစ်ဖြစ် ဒုက္ခ ဒုက္ခ ဆိုပြီး ညည်းနေကြတယ်။ ဒါပေမယ့် ကျွန်မ နေအိမ် အကျယ်ချုပ်နဲ့ နေရတဲ့အချိန်မှာမှာ ဒုက္ခဆင်းရဲခြောက်မျိုး အကြောင်းကို သေချာလေ့လာခွင့်ရခဲ့တာပါ။ ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ ချစ်ခင်သူနှင့်ခွဲခွာရခြင်း၊ မချစ်ခင်သူနဲ့ အတူတကွနေရခြင်း တို့ဖြစ်ပါတယ်။ ကျွန်မဟာ ဒီခြောက်ချက်ကို နေ့စဉ်ဘ၀မှာ ဘာသာရေးအမြင်နဲ့မဟုတ်ပဲ လောကီအမြင်နဲ့ လေ့လာပါတယ်။ ဒီဒုက္ခတွေဟာ ကျွန်မတို့ ရဲ့ဘ၀မှာ ရှောင်လို့မရနိုင်ရင်၊ လက်တွေ့ကျကျ လျော့နည်းနိုင်သမျှ နည်းအောင်လုပ်ရမယ်။ ကိုယ်ဝန်ဆောင်စဉ်နဲ့ မွေးပြီးချိန်မှာ မိခင်နှင့်ကလေး စောင့်ရှောက်မှုအတွက် အစီအစဉ်တွေကိုပိုပြီး ထိထိရောက်ရောက် ဖြစ်အောင်လုပ်ပေးရမယ်၊ သက်ကြီးရွယ်အိုတွေ အတွက် လိုအပ်တဲ့ ၀န်ဆောင်မှုတွေကိုပေးနိုင်ရမယ်၊ ကျန်းမာရေးအခြေခံစောင့်ရှောက်မှု တွေ၊ မေတ္တာစေတနာနှင့်သုနာပြုစုမှုတွေ၊ နောက်ဆုံးနေ၀င်ချိန်မှာ စောင့်ရှောက်မှုပေးတဲ့ လုပ်ငန်းတွေကို ကောင်းကောင်း ဖြည့်ဆည်းပေးရမယ်။ နောက်ကကျန်တဲ့ ချစ်သောသူနှင့် ကွေကွင်းရခြင်း မချစ်မနှစ်သက်သူနှင့် အတူနေရခြင်းဆိုတဲ့ဒုက္ခ နှစ်မျိုးကို ကျွန်မပိုပြီး စိတ်ဝင်စား အလေးပေးမိပါတယ်။ ကျွန်မတို့ရဲ့ ဗုဒ္ဓဘုရားရှင်ဟာသူကိုယ်တိုင် ဘာလို့ဒီနှစ်မျိုးကို သူဘာတွေ ကြုံတွေ့ခဲ့ဘူးလို့ ဒုက္ခထဲမှာ ထည့်ခဲ့တာပါလိမ့်။ ကျွန်မကတော့ အကျဉ်းသားတွေ၊ ဒုက္ခသည်တွေ၊ ရွေ့ပြောင်း အလုပ်သမားတွေ၊ လူကုန်ကူးခံရတာ သူတွေဟာဆိုရင် အစုလိုက်အပြုံလိုက်ကို သူတို့ရဲ့နေရာဒေသ၊ အိမ်တွေ၊ မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေဆီ ကနေပြီး လိုလိုလားလားမရှိတဲ့ တစိမ်းတရံစာ ကြားတွေထဲမှာနေဖို့ ဆွဲနှုတ်ပြောင်းရွေ့ ခံခဲ့ရသလိုပါပဲ။

ကျွန်မတို့ဟာ လူ့အခွင့်အရေးအပြည့်နှင့် အထောက်အကူ ကောင်းကောင်းနှင့် အသက်အရွယ် ကြီးသည်အထိ မိမိတို့ဆန္ဒအလျောက် ဒါမှမဟုတ် လိုအပ်ချက်အလျောက် နေရနေရမယ်ဆိုရင်ကံကောင်းပါတယ်။ ကျွန်မဟာလည်း ဒီအသက်အရွယ်ထိ ဒီလိုအကျဉ်းသားတွေရဲ့ အရေးကို နေရာတိုင်းမှာ လူတိုင်းစိတ်ဝင်စား တဲ့အချိန်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေကို တစ်ကမ္ဘာလုံး မဟုတ်တောင် တော်တော်များများက လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးဆိုပြီး လက်ခံလာတဲ့ အချိန်ထိနေရတာ ကံကောင်းပါတယ်။

နေအိမ်အကျဉ်းကျနေတဲ့ အချိန်တော်တော်များများမှာ ကျွန်မဟာ လူအခွင့်အရေး ကြေငြာစာတမ်းက အကြိုက်ဆုံး စာပိုဒ်တွေကနေပြီးတော့ အားအင်တွေ မွေးယူခဲ့ရပါတယ်။

……….လူသားတွေ ရသင့်တဲ့အခွင့်အရေးကို မရတာ မျက်ကွယ်ပြုတာဟာ ဆိုရင် ရိုင်းစိုင်းပြီး လူမဆန်တဲ့ အပြုအမူမျိုးဖြစ်ပါတယ်။ လူသားတိုင်း လွတ်လပ်စွာ ပြောဆိုယုံကြည်ခွင့်တွေရလာမယ့် အချိန်၊ အကြောက်တရားတွေ ကင်းပြီး လူသားတိုင်း ရသင့်တဲ့အမြင့်ဆုံးအခွင့်အရေးတွေ လိုအပ်ချက်တွေကို ရလာမယ့်အချိန်………

…… လူသားတွေဟာ အနန္တရာယ်ရှိတဲ့ အလုပ်မျိုးကို အဓမ္မ ခိုင်းစေခံရတာမျိုးကို ကြံရာမရလို့ဖြစ်စေ၊ အာဏာသုံး၍ မတရားခိုင်းစေတာမျိုး၊ ဖိနှိပ်တာမျိုး မဖြစ်အောင် လူ့အခွင့်အရေးကို တရားဥပဒေနဲ့ ကာကွယ်သင့် ပါတယ်….

ကျွန်မကို မြန်မာနိုင်ငံမှာ လူအခွင့်အရေး လှုပ်ရှားမှုတွေဘာကြောင့် လုပ်နေရသလဲလို့ မေးလာရင် အပေါ်က စာပိုဒ်တွေဟာအဖြေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကဒီမိုကရေစီဆန်တဲ့ အဖွဲအစည်းနှင့် လုပ်ဆောင်မှုတွေဟာ လူ့အခွင့်အရေးကို အာမခံချက်ပေးဖို့အတွက်လိုအပ်တယ်ဆိုတာကိုယုံတယ်။

ပြီးခဲ့တဲ့နှစ်တွေကဆိုရင် မြန်မာနိုင်ငံက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေဟာ ယုံကြည်သူတွေ အတွက်ဆိုရင် စတင်ပြီး အသီးအပွင့်တွေခံစားရမယ့် လက္ခဏာမျိုးတွေ့လာရပါပြီ။ ကောင်းတဲ့ဘက်ကို ပြောင်းလဲမှုမျိုးကိုမြင်နေ ရပြီ၊ ဒီမိုကရေစီစနစ်ဖြစ်ဖို့အတွက် ခြေလှမ်းတွေစတင်နေပြီလို့မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မ ဟာသတိကြီးကြီးနဲ့ အကောင်းအမြင် ၀ါဒကို လုပ်ဆောင်နေတယ် ပြောလို့ရပါတယ် ဒါဟာ ကျွန်မ နောက်အနာဂါတ်ကို မယုံလို့မဟုတ်ပါဘူး ဒါဟာကျွန်မ မျက်ကန်းမြင် ယုံကြည်မှုမျိုး မဖြစ်စေချင်လို့ သတိကြီးကြီးနဲ့ လုပ်ဆောင်နေတာပါ။ အနာဂါတ်ကို မယုံပဲနှင့်၊ ဒီမိုကရေစီ စံနှုန်းတွေအပေါ် ခိုင်မာတဲ့ ယုံကြည်ချက်မျိုးမရှိပဲနှင့် လူအခွင့်အရေး အခြေခံအချက်တွေဟာ ကျွန်မတို့လူ့အဖွဲ့အစည်းမှာ တကယ်လိုအပ်တာမက ဖြစ်နိုင်ခြေတယ် ဆိုတာမျိုးပါ မယုံပဲနှင့် ကျွန်မတို့လှုပ်ရှားမှု ဟာဒီလို ခက်ခဲကြမ်းတမ်း တဲ့နှစ်တွေမှာ ကြံ့ကြံ့ခံတည်တံ့ လာဖို့မလွယ်ပါဘူး။ တချို့တချို့သောကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်တွေ သူတို့ရဲ့ရပ်တည်ချက်တွေကနေ ပြိုလဲခဲ့တယ်၊ ကျွန်မတို့ကိုစွန့်ခွာခဲ့တယ်၊ တကယ့်ကို စိတ်ဓါတ်ခိုင်မာတဲ့ အမာခံတွေပဲ ရဲရဲဝံ့ဝံ့ ယုံယုံကြည်ကြည်နှင့် ကျန်ခဲ့ပါတယ်။ ကုန်ခဲ့တဲ့နှစ်တွေကိုပြန်ကြည့်မယ်ဆိုရင် ဒီလိုခက်ခက်ခဲခဲ ကျိုးစားလုပ်ဆောင်ရတဲ့ အချိန်တွေမှာ သစ္စာရှိရှိ ကျန်ခဲ့တဲ့သူတွေ တော်တော်များတယ် ဆိုတာကျွန်မ အံ့သြမိတယ်။ ကျွန်မတို့ရဲ့လမ်းကြောင်းအပေါ် သူတို့က မျက်ကန်းယုံတာမျိုး မဟုတ်ဖူး၊ သေချာမျက်လုံးဖွင့် လေ့လာပြီး၊ သူတို့ကိုယ်ပိုင်စွမ်းအားနဲ့ ကြံ့ကြံ့ခံပြီးမှ ကျွန်မတို့ပြည်သူတွေရဲ့ စိတ်အားထက်သန်မှုကို လေးစားတဲ့အနေနှင့် ကျန်ခဲ့တာပါ။

အခုကျွန်မ ရှင်တို့နဲ့ စကားပြောနေနိုင်တာကလဲ ကျွန်မတို့နိုင်ငံရဲ့မကြာခင်ကပြောင်လဲခဲ့မှုတွေကြောင့်ပါ။ ဒီပြောင်းလဲမှု တွေကလည်း သင်တို့ကြောင့်နှင့် တခြားသော လွတ်လပ်ရေးနှင့် တရားဥပဒေကို မြတ်နိုးသူတွေ ကနေပြီးတော့ ကျွန်မတို့အခြေအနေကို တစ်ကမ္ဘာလုံး သတိထား မိလာအောင် လုပ်ဆောင်နိုင်မှု တို့ကြောင့်ပါပဲ။

ကျွန်မနိုင်ငံ အကြောင်းဆက်မပြောခင် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကိစ္စ နည်းနည်းပြောချင်ပါတယ် ဒီလိုအကျဉ်းသားတွေ မြန်မာနိုင်ငံမှာရှိနေသေးပါတယ်။ လူသိများတဲ့ ယုံကြည်ချက်အကျဉ်းသားတွေ လွတ်လာသော်လည်း လူသိမများတဲ့ သူတွေကျန်ပါသေးတယ် သူတို့အမေ့ခံ နေရမှာကို ကြောက်မိပါတယ်။ ကျွန်မဟာအခုဒီမှာရပ်နေရတာဟာလည်း တစ်ချိန်က ကျွန်မကိုယ်တိုင် ယုံကြည်ချက် အကျဉ်းသား တစ်ယောက်ပါ။ ကျွန်မကိုကြည့်နေတုန်း ကျွန်မပြောတာ နားထောင်နေတုန်း မှာ ယုံကြည်ချက်အကျဉ်းသားဟာ တစ်ယောက်ပင်ဖြစ်ပါစေ များလွန်းတယ်ဆိုတဲ့ ဘယ်အခါမှမပြောင်းလဲတဲ့ အမှန်တရားကို သတိရကြပါ။ ကျွန်မတို့နိုင်ငံမှာ မလွတ်ကြသေးတဲ့သူတွေ၊ တရားဥပဒေ စိုးမိုးမှုမခံရသေးတဲ့ သူတွေဟာ တစ်ယောက်မက များပါတယ်။ ကျေးဇူးပြု၍ သူတို့ကိုမမေ့ပါနှင့်၊ သူတို့ကိုမြန်မြန်နှင့် ချွင်းချက်မရှိ လွတ်ပေးနိုင်ရန် သက်ရောက်စေမဲ့ မည်သည့်လုပ်ရပ်ကို မဆိုလုပ်ဆောင်ပေးကြပါ။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားတာဖြစ်ပါတယ် နိုင်ငံရဲ့ အနာဂါတ်ကို ယုံကြည်စွာနဲ့ တည်ဆောက်ဖို့ရန် တစ်ခုတည်းသောအရာမှာ စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓါတ်ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်ထဲက လွတ်လပ်ရေးရခဲ့တယ်ဆိုပေမယ့် တစ်နိုင်ငံလုံးအေးချမ်းတည်ငြိမ်မှုရှိခဲ့တယ်ဆိုတဲ့ အချိန်မျိုးမရှိခဲ့ပါဘူး။ ပြသနာတွေရဲ့အရင်းမြစ်ကို ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ယုံကြည်မှုနှင့် နားလည်းမှုကို မတည်ဆောက်နိုင်ခဲ့ပါဘူး.။ ၁၉၉၀ မှ ၂၀၁၀ ကြားအပစ်အခတ်ရပ်ဆဲရေးကြောင့် တောက်ပလာတဲ့ မျော်လင့်ချက်တွေဟာ ဆိုရင် ပြီးခဲ့တဲ့ လတွေက ဖြစ်ရပ်တွေကြောင့် ပြိုလဲခဲ့ရပါတယ်။ တစ်ချက်တည်းသော မဆင်မခြင် လုပ်ရပ်တွေဟာဆိုရင် နှစ်ပေါင်းများစွာ တည်ဆောက်လာတဲ့ အပစ်အခတ်ရပ်စဲရေး ကိုတစ်ခါတည်း ရပ်တန့်သွားနိုင်ပါတယ်။ ပြီးခဲ့တဲ့လတွေကဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ တိုးတက်အောင်မြင်တာကို တွေ့ရပါတယ်။ ကျွန်မယုံကြည်တာက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ ဟာ လူတွေရဲ့ လိုလားချက်နဲ့ ပြည်ထောင်စု စိတ်ဓါတ်အပေါ်မှာ မူတည်ပြီး နိုင်ငံရေး တည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေမှာပါ။

ကျွန်မရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကျွန်မဟာ တိုင်းရင်းသား ပြန်လည် သွေးစည်းညီညွတ်ဖို့ အတွက် ကျရာကဏ္ဍမှ ပါဝင်ရန် အသင့်ရှိပါတယ်။ ပြန်လည်သင့်မြတ်ရေး လှုပ်ရှားမှုများဟာဆိုရင် သမ္မတကြီး ဦးသိန်းစိန် အစိုးရရဲ့စတင်ပေးခဲ့ပြီး အမြဲတမ်း အကောင်အထည်ပေါ် ခိုင်မြဲနေစေဖို့ကတော့ ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ မီဒီယာတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ စီးပွားရေးအဖွဲ့အစည်းတွေ နှင့် အရေးအကြီးဆုံးဖြစ်တဲ့ ပြည်သူတစ်ရပ်လုံးက ပါးပါးနပ်နပ် ပါဝင် ဆောင်ရွက်ကြဖို့လိုပါတယ်။

ပြည်သူတွေရဲ့ ဘ၀တွေတိုးတက်မှုရှိတယ်ဆိုမှ ပြန်လည်သင့်မြတ်ပေါင်းစည်းတာအောင်မြင်တယ် လို့ ကျွန်မတို့ ဆိုနိုင်ပါလိမ့်မယ်၊ ဒီနေရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ဖွံ့ဖြိုးမှုနှင့် လူသားခြင်းစာနာထောက်ထားသောကူညီမှုများ၊ နှစ်ဦးနှစ်ဖက် သဘောတူညီမှုများနှင့် ရင်းနှီးမြုပ်နှံမှုများကိုလည်း ပူးပေါင်း ဆောင်ရွက်ပေးပြီး၊ လူမှုဘ၀တိုးတက်စေရန်၊ နိုင်ငံရေးနှင့် စီးပွားရေး တိုးတက်မှု ဘက်ညီ၍ ရေရှည်ဖြစ်စေရန် အမြဲတိုင်းတာ စောင့်ကြည့်ထိန်း သိမ်းပေးဖို့လည်းလိုပါသည်။ ကျွန်မတို့ နိုင်ငံဟာ အလားအလာ အလွန်ကောင်းတဲ့ နိုင်ငံဖြစ်တယ်။ ဒီအလားအလာကို ဖော်ထုတ်ပြီး တိုးတက်အောင် လုပ်ယူပြီး တိုးတက်တဲ့နိုင်ငံဖြစ်ယုံသာမက လူအခွင့်အရေး ပြည့်ဝတဲ့နိုင်ငံ ကျွန်မတို့ပြည်သူလူထု ငြိမ်းငြိမ်းချမ်းချမ်း၊ လွတ်လွတ်လပ်လပ်နှင့် လုံခြုံမှုရှိတဲ့ ဒီမိုကရေစီဆန်တဲ့ လူ့အဖွဲ့အစည်းမှာ နေနိုင်အောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ကျွန်မတို့ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးဟာ ခွဲခြားလို့မရပါဘူး။ ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမဆို မကောင်းတဲ့အား က ကောင်းတဲ့အားထက်သာနေရင် ကျွန်မတို့အားလုံး ဒုက္ခရောက်နိုင်ခြေရှိတယ်။ မကောင်းတဲ့အားတွေ အကုန်လုံးကိုရော ဖယ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ရိုးရှင်းတဲ့အဖြေကတော့ မထုတ်နိုင်ဘူးလို့ ပဲဖြစ်ပါတယ်။ အကောင်းနှင့်အဆိုး တွဲပြီးရှိနေတတ်တာ လူ့သဘာဝပါ။ ဒါပေမယ့် လူရဲ့ စွမ်းအားနဲ့ ကောင်းတဲ့ဘက် ပိုများလာအောင် မကောင်းတဲ့ဘက် နည်းသွားအောင်၊ ပျက်သွားအောင် လုပ်လို့ရပါတယ်။ ရာနှုန်းပြည့် ငြိမ်းချမ်းမှုကတော့ ဒီကမ္ဘာမှာ မရနိုင်တဲ့ရည်မှန်းချက်ပါ။ ဒါပေမယ့် ကျွန်မတို့ဟာ ငြိမ်းချမ်းရေးဘက်ကို ဦးတည်ပြီး ခရီးဆက်သွားရမှာဖြစ်သလို၊ မျက်လုံးတွေကလည်း ကန္တာရခရီးသွား လမ်းပြကြယ်တွေကို လမ်းမပျောက်အောင် မမှိတ်မသုန်ကြည့်နေသလို ငြိမ်းချမ်းရေးကိုဦးတည်ပြီး ကြည့်နေရပါမယ်။ ပြစ်မျိုးမှဲ့မထင် ငြိမ်းချမ်းရေးမျိုး ကဒီကမ္ဘာမှာမရှိလို့ မရနိုင်ရင်တောင် ငြိမ်းချမ်းရေးရဲ့ ရဖို့အခြေခံ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေနှင့် လူတစ်ဦးချင်း၊ နိုင်ငံတစ်ခုချင်းစီကို ယုံကြည်မှုနှင့် မိတ်ဖွဲ့နေကြမယ်ဆိုရင်၊ လုံခြုံပြီး မေတ္တာတရားနှင့် ပို၍ကြင်နာတက်သော လူ့ဘောင်အဖွဲ့အစည်းကြီး တည်ဆောက် နိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

ကျွန်မ ပို၍ကြင်နာတက်သော ဆိုတဲ့စကားလုံးကို သေချာစဉ်းစားပြီးမှ သုံးခဲ့တာပါ စဉ်းစားတာ နှစ်ပေါင်းများစွာ ကြာတယ်လို့တောင် ဆိုနိုင်ပါတယ်။ ချိုတယ်ဆိုတဲ့ အရသာအမျိုးမျိုး ရှိတဲ့အထဲက၊ ကျွန်မကို ဒီအရသာ အများကြီး မရှိဘူးလို့တောင် ပြောခွင့်ပေးပါ၊ ကျွန်မ အချိုမြိန်ဆုံးသော အရာကိုတွေ့ရှိခဲ့ပါတယ်….။ အားလုံထဲမှာမှ တန်ဖိုးလည်း အရှိဆုံး ဖြစ်တဲ့ ကျွန်မသိခဲ့ရတာကတော့ အကြင်နာ မေတ္တာတရားရဲ့တန်ဖိုးကို သိခဲ့ရတာပဲဖြစ်ပါတယ် တွေပဲဖြစ်ပါတယ်။ ကျွန်မရခဲ့သမျှ အကြင်နာမေတ္တာတွေဟာ ကြီးကြီးဖြစ်ဖြစ်၊ သေးသေးဖြစ်ဖြစ် သေချာစေတာကတော့ ဒီကမ္ဘာကြီးမှာ အကြင်နာမေတ္တာ တရားပိုသွားတယ်ဆိုတာ မရှိပါဘူး။ ကြင်နာတက်ဖို့ဆိုတာကတော့ သူုတပါး မျှော်လင့်ချက်နဲ့ လိုအပ်ချက်တွေကို စာနာနားလည်ပြီး လူသားဆန်တဲ့နွေးထွေးမှု နဲ့တုန့်ပြန်ပေးရမှာ ဖြစ်ပါတယ်။ အကြင်နာတရားနှင့် ခဏလေး ထိတွေ့ကိုင်တွယ်လိုက် တာလေးသည်ပင် နှလုံးသားကို အင်အားဖြစ်စေပါတယ်။ အကြင်နာမေတ္တာတရားက လူသားတွေရဲ့ဘ၀ကို ပြောင်းလဲစေနိုင်ပါတယ်။ နော်ဝေ နိုင်ငံဟာဆိုရင် အကြင်နာ တရားရဲ့ ပြယုဒ်တစ်ခုပါပဲ ကမ္ဘာမြေရဲ့ တစ်နေရာက အဖယ်ခံလိုက်ရတယ် သူတွေအတွက် နေစရာပေးတယ်။ သူတို့နိုင်ငံက မလွတ်လပ်လို့ မလုံခြုံလို့ တိမ်းရှောင်လာတဲ့ သူတွေကို ပုန်းအောင်းစရာ နေရာပေးတယ်။

ကမ္ဘာရဲ့ဘယ်နေရာမှာမဆို ဒုက္ခသည်ဆိုတာရှိတာပဲ. ကျွန်မ ထိုင်းနိုင်ငံ မယ်လ ဒုက္ခသည် စခန်းမှာတုန်းက တကယ့်ကိုပဲ ကိုယ့်လိုသူတွေရဲ့ဒုက္ခတွေ ပင်ပန်းဆင်းရဲမှုတွေကနေ ကင်းလွတ်အောင်လို့ နေ့တိုင်း အားကြိုးမာန်တက် လုပ်ဆောင်နေတာ တွေ့ရတယ်။ သူတို့ စိုးရိမ်တာက အလှူရှင်တွေ မရတော့မှာ သေအချာပြောရရင် စာနာထောက်ထားမှုတွေ လျော့လာမှာ။ အလှူရှင်တွေ လျော့ရင် တော့ ရန်ပုံငွေတွေ လျော့ မယ်။ နောက်တစ်ခုက ပထမတစ်ခုရဲ့ရလာဒ်ပါ စာနာထောက်ထားမှု လျော့တာ ကတော့ ဂရုစိုက်မှုတွေလျော့ကုန် တာပေါ့။ ဒါကိုကျွန်မတို့ တားနိုင်မလား။ ဒုက္ခသည်တွေရဲ့လိုအပ်ချက်က များလာပြီး မျက်လုံးကန်းတာမဟုတ်ရင် ဒုက္ခရောက်နေတာတွေကို မမြင်ခြင်ယောင်ပဲဆောင်လိုက်တာများလား။ ကမ္ဘာပေါ်မှာရှိတယ် အလှူရှင်တွေကို ကျွန်မ မေတ္တာရပ်ခံလိုတာက ခိုလှုံဖို့အတွက် မရေမရာ ရှာနေတဲ့ သူတို့ရဲ့ လိုအပ်ချက်လေးတွေကို ဖြည့်ပေးဖို့ပါ။

မယ်လမှာတုန်းကဆိုရင် ဒီစခန်းနဲ့ တခြားသော ဒုက္ခသည်စခန်းတွေရှိတဲ့ တပ်ဒေသက ထိုင်းအာဏာပိုင်တွေနှင့် အဖိုးမဖြတ်နိုင်တဲ့ ဆွေးနွေးခွင့် ရခဲ့ပါတယ်။ သူတို့က ဒုက္ခသည်စခန်းနှင့် ပတ်သတ်တဲ့ အရေးကြီးတဲ့ပြသနာတွေ ပြောပြတယ်။ သစ်တောဥပဒေ ချိုးဖောက်တာတွေ တရားမ၀င် ဆေးဝါးသုံးစွဲမှုတွေ၊ ချက်အရက်တွေ၊ ငှက်ဖျားရောဂါပြသနာတွေ၊ သွေးလွန်တုပ်ကွေးနှင့် ၀မ်းရောဂါတွေပေါ့။ အာဏာပိုင်တွေ ပူပန်တာကလည်း ဒုက္ခသည် တွေပူပန်တာလိုမျိုးပဲ။ လက်ခံတဲ့နိုင်ငံက လည်း သူတို့ရဲ့ တာဝန်ဝတ္တရားတွေနှင့် ကြုံတွေ့ရတဲ့အခက် အခဲတွေကို ဖြေရှင်းဖို့ စဉ်းစားဖို့နှင့် လက်တွေ့ကျကျ ကူညီနိုင်ဖို့လည်း လိုပါတယ်။

နောက်ပိုင်း ကျွန်မတို့ရဲ့ရည်ရွယ်ချက်က ထွက်ပြေးခိုလှုံလာတဲ့သူတွေ၊ အိမ်ရာမဲ့တွေ၊ ရည်မှန်းချက်မဲ့တွေ မရှိတော့တဲ့ ကမ္ဘာရဲ့ နေရာတိုင်းဟာ နေထိုင်သူတွေဟာ လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ့် နေရာတွေဖြစ်လာဖို့ပါ။ အတွေးတိုင်း၊ စကားတိုင်း၊ အလုပ်တိုင်းဟာ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့ ဘက်က၊ ကုသိုလ်ဘက်က ထည့်ဝင်တဲ့အားတွေဖြစ်ဖို့ လိုပါတယ်။ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီဟာ ဒီလိုလုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ်။ ကျွန်မတို့အေးချမ်းစွာ အိပ်စက်ပြီး အေးချမ်းစွာ နိုးထနိုင်မဲ့ ကမ္ဘာကြီးဖြစ်အောင် ကျွန်မတို့လက်တွေ ခိုင်မြဲစွာတွဲထားပြီး ကြိုးစားကြပါစို့…..။

(အထက်ပါတို့မှာ ဒေါ်အောင်ဆန်းစုကြည်၏ အလွန်ကောင်းသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုယူ မိန့်ခွန်းကို တတ်နိုင်သမျှ ဘာသာပြန်ထားခြင်း ဖြစ်ပါသည်…. ဘယ်လောက်ပဲ ကြိုးစားပြန်သော်လည်း လူထုခေါင်းဆောင်၏ မူရင်းအဓိပ္ပာယ်နှင့် ပါတိတ်စ အတွင်းနှင့် အပြင်လို ကွာပါသည်…… တုပ်ကွေးမိရက် တန်းလန်းနှင့် live မကြည့်နိုင်သော မြန်မာနိုင်ငံသားများအတွက် မည်သူမှ ဘာသာ မပြန်သေးသောကြောင့် နံနက် ၂း၃၀ အထိ ကြိုးစားပြန်ထားခြင်း ဖြစ်ပါသည်။ အမှားနှင့် အလွဲများရှိခဲ့ပါက ကျွန်တော့် တာဝန်သာ ဖြစ်ပါသည်။ သည်းခံကြပါ။

(Dr ကောင်းမြတ်ကျော်)

အများသိရှိနိုင်ရန် ကြိုးစားဘာသာ ပြန်ပေးသော (Dr ကောင်းမြတ်ကျော်)အား ကျေးဇူးတင်ပါသည်။။

ကားဟောင်းအပ်နှံ ကားတင်သွင်းသူများအား အခွန်လျှော့ပေါ့လိုက်

အောင်ဝင်း | တနင်္ဂနွေနေ့၊ ဇွန်လ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၅၅ မိနစ်


ရန်ကုန် (မဇ္ဈိမ)

ကားဟောင်းအပ်နှံကာ ကားတင်သွင်းမည့် သူများနှင့် အငှားယာဉ် Taxi အဖြစ် တင်သွင်းမည့် ယာဉ်များအတွက် အခွန်နှုန်းထားများကို လျှော့ပေါ့ပေးမည့် အစီအစဉ်ကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)မှ နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနကတဆင့် ဇွန်လ ၁၅ ရက်နေ့ညက ကြေညာသွားသည်။

ကညန တွင် မှတ်ပုံတင် သတ်တမ်း နှစ် ၂ဝ နှင့်အထက် ယာဉ်များကို အပ်နှံကာ ကားသစ်တင်သွင်းခွင့် ပေးမည့် အစီအစဉ်သစ်ကို လွန်ခဲ့သော မေလက ကြေညာထားခဲ့ရာ ယခုအခါတွင် “ဗ” အက္ခရာမှ စ၍ အနှစ် ၂ဝ ကျော် ယာဉ်ဟောင်များကို ကောင်း/ညံ့ မခွဲခြားတော့ဘဲ အခွန် ၆ဝ ရာခိုင်နှုန်း လျှော့ချကောက်ခံမည် ဖြစ်သည်။

ဌာနဆိုင်ရာများမှ အသုံးပြုပြီးသော ကားများကို ပုဂ္ဂလိကသို့ လေလံစနစ်ဖြင့် ရောင်းချထားသော အက္ခရာမြင့် လေလံယာဉ်များအား ပိုင်ရှင်ဆန္ဒအရ ဖျက်သိမ်း၍ အစားထိုး တင်သွင်းလိုလျှင် ကောင်း/ညံ မခွဲခြားဘဲ ၆ဝ ရာခိုင်နှုန်း လျှော့ချ၍ အခွန်ကောက်မည် ဟုလည်း ဆိုသည်။

ကားဟောင်း တက္ကစီယာဉ်ပိုင်ရှင်များအားလည်း တက္ကစီယာဉ်များအား ကိုယ်ပိုင်ယာဉ်အဖြစ် ပြောင်းလဲခွင့် မပြုဟုသော ကန့်သတ်ချက်ဖြင့် ၈ဝ ရာခိုင်နှုန်း အခွန် လျှော့ချ ကောက်ခံပါမည် ဖြစ်သည်ဟု ဖော်ပြပါရှိသည်။

ပြည်နယ်/တိုင်း အစိုးရအဖွဲ့၏ ထောက်ခံမှုဖြင့် တက္ကစီအဖြစ် အသုံးပြုရန် တင်သွင်းသော တက္ကစီယာဉ်များအား နယ်မြေ မပြောင်းရ ကိုယ်ပိုင်ယာဉ် အဖြစ် ပြောင်းလဲခွင့် မပြုဟုသော ကန့်သတ်ချက်များဖြင့် ၅ဝ ရာခိုင်နှုန်း လျှော့ချကောက်ခံပါမည် ဟုလည်း ဆိုသည်။

ရန်ကုန်တိုင်းအစိုးရ ခွင့်ပြုချက်ဖြင့် တက္ကစီ ယာဉ်များ တင်သွင်းခွင့် ပြုထားသည့် မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက် အပါအဝင် ကုမ္ပဏီပေါင်း ၁၁ ခုရှိကြောင်း ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက မေလ နောက်ဆုံးပတ်က ထုတ်ပြန်ထားခဲ့သည်။

ဇွန်လ ၁၅ ရက်နေ့ နေ့စွဲဖြင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်း ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ တက္ကစီအဖြစ် အသုံးပြုရန် တင်သွင်းသော ယာဉ်များအား ကိုယ်ပိုင်ယာဉ်အဖြစ် ပြောင်းလဲခြင်း၊ ရောင်းချ၍ အမည် ပြောင်းလဲခြင်း မပြုရဟုသော ကန့်သတ်ချက်ဖြင့် ၅ဝ ရာခိုင်နှုန်း လျှော့ချ ကောက်ခံမည်ဟု ဆိုသည်။

ကားဟောင်းအပ်နှံ ကားသစ်တင်သွင်းသည့် မူလအစီအစဉ်အရ အပ်နှံရမည့် “ပ” အက္ခရာအထိ ကားများကိုလည်း ကားကောင်း/ညံ့ မခွဲခြားတော့ဘဲ မူလက ၁ဝဝ ရာခိုင်နှုန်း အခွန် သတ်မှတ်ထားရာမှ ၄ဝ ရာခိုင်နှုန်း အခွန်လျှော့ချကောက်ခံမည် ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မှုလက ကားဟောင်းအပ်နှံသည့် အစီအစဉ်အရ အပ်နှံမည့် ကားများကို ကားဟောင်း ကားသစ် ခွဲခြားကာ ကညန အခွန် ၁ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းအထိသာ လျှော့ချပေးခဲ့ပြီး ၁၉၉၆ ခုနှစ်မော်ဒယ်မှ ၂ဝဝ၆ ခုနှစ် မော်ဒယ်အထိ တပတ်ရစ်ကားများကို တင်သွင်းခွင့် ပြုခဲ့သည်။

စက်တင်္ဘာလမှ စတင်ကာ လုပ်ဆောင်လျက်ရှိသော ကားဟောင်းအပ်နှံ ကားသစ်တင်သွင်းခွင့် အစီအစဉ်အရ ကားဟောင်းအပ်နှံမှုများကို ကညန က မူလက ကြေညာထားသည့် အတိုင်း ”ပ” အက္ခရာအထိ ယာဉ်ဟောင်းများကို လက်ခံသည့် အစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိရာ မေလမှ စတင်ကာ နိုင်ငံသားတိုင်း နိုင်ငံခြားငွေ ဘဏ်စာရင်း ဖွင့်လှစ်ကာ ၂ဝဝ၇ ခုနှစ်မော်ဒယ်နှင့်အထက် ယာဉ်များကို တင်သွင်းခွင့် ပြုခဲ့ရာ ကားဟောင်းအပ်နှံမည့် သူများ မရှိသလောက် နည်းပါးသွားခဲ့သည်။

အဆိုပါ အခွန် အရပ်ရပ် ကောက်ခံရရှိငွေများကို ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ယာဉ်ကြော ပိတ်ဆို့မှု လျော့နည်းစေရေး အတွက် တည်ဆောက်မည့် ခုံးကျော်တံတားများ တည်ဆောက်ရာတွင် ကျခံသုံးစွဲသွားမည် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ကြေညာချက်တွင် ကိုယ်ပိုင် ယာဉ်မောင်းလိုင်စင်နှင့် စပယ်ယာ လက်မှတ်များကို သုံးနှစ်မှ ငါးနှစ်သို့ တိုးမြှင့်ပေးပါမည်။ အငှားယာဉ်မောင်း လိုင်စင်များကို သုံးနှစ်သို့ ထားရှိမည် ဟုလည်း ဆိုသည်။

နာဇီရောက်သတင်းထောက် ဓာတ်ပုံ - ဥက္ကာကိုကို


ဓာတ်ပုံ - ဥက္ကာကိုကိုနာဇီဖက်က ရပ်ကွ