ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, June 15, 2012

အော်ပရေး ရှင်း

အော်ပရေးရှင်း ဆိုလို့  ဘယ်အလုပ် ကိုပဲ လုပ်လုပ် သူနေရာ နဲ့ သူ သူ့ အဆင့်ဆင့် ဆိုတာ ရှိတာပါပဲ

တစ်ဆင့်ပြီးတစ်ဆင့် သွားကြရပါတယ်

တစ်ချို့ အဆင့်တွေ ကို မသိလိုက် မသိဖာသာ ဖြတ်သွားပြီး မလုပ်တာတွေ ရှိတတ်ပေမဲ့ 

လုပ်ငန်းစဉ် တစ်ခုလုံးပြီးမြှောက် အောင်မြင်ဖို့ ဆိုရင် အဆင့်တိုင်း ဟာ အရေးကြီး အရာရောက် ရပါတယ်

အဲလိုအဆင့်ကျော်တာတွေ ရှိပြီဆိုတာနဲ့ အချိန်ကာလ အပိုင်းအခြား တိုသွားတတ်တာရှိပေမဲ့ 

အပြီးမှာပြန် ကြည့်ရင် ကျော်သွားတဲ့  အဆင့်တွေ က

လုံခြုံ စိတ်ချရအောင် လုပ်ရမည့်အပိုင်း ကို လစ်လျှုရှု ကျော်သွားတာတွေ သာ တွေ့ ရပါတယ်

အရင်က  အလုပ်လုပ်တုန်းကဆိုရင် လုံခြုံစိတ်ချရရေး ပြောဆိုချိန်တွေ ကို မသိမသာ မလုပ်တာတွေ ရှိတာတွေ့ ရတာ နေ့ တိုင်းထိတွေ့ နေရလို့ ဆိုပြီး မပြောတဲ့သူ မပြောရှိပေမဲ့ 

ပြောသင့်တဲ့ သူကို ကြိုတင်သတိပေး ပြောမှ စိတ်ချရမှာပါ ဘယ်လိုပဲ ဖြစ်ဖြစ် အန္တရာယ် ရှိသောအလုပ် ကို လုပ်နေရသရွှေ့ တော့ အနည်းနဲ့  အများ တော့အန္တရာယ် တွေ့ ကြရပါတယ်

ဒါ ကိုသတိထားမှ ရပါတယ်

ဒီနေရာ မှာ စည်းဆိုတာ ထားရပါတယ်

အဲဒီစည်းထဲ ကို မသက်ဆိုင်သူ မဝင်အောင် လုပ်ထားရသလို မသိသူတွေ ကို သတိပေးထားရပါတယ်..

နောက်ပိုင်းတွေ့ ရတာတွေ ကတော့
 အဲလို စည်းတားရင် အပို အလုပ်လို့ ထင်ရတာပါ..

ကရိန်းကားတွေ အတင်အချ လုပ်တဲ့ ပတ်ဝန်းကျင် လူနေနေရာတွေ မှာ မဝင်ရသွားလုပ်ရင် မလိုလားကြတာတွေ့ ရပါတယ်..

ဒါပေမဲ့ မဖြစ်ရင် မဖြစ်ပါဘူး ဖြစ်ပြီဆိုမှ လုပ်သူတွေ သေသေချာချာ မလုပ်ဖူးလို့  အပြစ်တင်တတ်ကြပါတယ်

အဲဒါ ကိုကြည့်ရင် ကြိုတင်စည်းတားမှု ကို မလိုလားတတ်တာ ကိုပြောရမှာပါ..

ကြိုတင်စည်းတားခွင့် ပေးမယ်ဆိုရင် အဲလိုမဖြစ်တာပါ..

ဒါပေမဲ့ စည်းတားခွင့် မပြုတာကတော့ အော်ပရေးရှင်း လုပ်ရာမှာ အရေးကြီးတာ ကို တွေ့ ရမှာပါ..

နောက်ပြီး အဆောက်အဦးဆောက် တဲ့ နေရာတွေ မှာဆို အထဲ ကို မမြင်အောင် ထားတာတွေ တွေ့ မှာပါ အပြင် ကို ပစ္စည်း မကျဖို့ သက်သက် မဟုတ်ပဲ အန္တရာယ် ရှိသော အလုပ်လုပ်နေတာ ကို မြင်နေရရင် လူတွေ အတွက် ပို အန္တရာယ် များ တာ ကို တွေ့ ရမှာ ပါ.

သိသာသိစေ မမြင်စေနဲ့ ပေါ့

နောက်ဆုံး အော်ပရေးရှင်း ကို အဆုံးသတ်ရာတွင်လည်း ဘယ် အဆင့်ထိ ပြီးမြှောက် အောင်မြင်သည်လည်း

ဘယ်လောက်ထိ အချောသတ်ပြီးဆုံးတာလည်း ဆိုတာ ပြန်တွက်ရပါတယ်..

ကုန်ကုန်ပြောရရင် တိုးတတ်မှု ဘယ်လောက် ရှိပြီး အဆုံးသတ်တာလည်း ကိုကြည့်ရမှာပါ..

ဘယ်အော်ပရေးရှင်း မဆို ပြီးဆုံး ပြီ ဆိုပေမဲ့  စိတ်ချရအောင် ထိန်းသိမ်းပြုပြင် လုပ်ဆောင်ဖို့ အတွက် ပါ ထည့်တွက် ကြရတာပါ..

အဲလိုအထိမတွက် ရင်တော့ အော်ပရေးရှင်းတော့ ပြီးသွားပါတယ် အဆောက်အဦးဖြစ်ဖြစ် လုပ်ငန်းဆောင်တာတွေ ပဲ ဖြစ်ဖြစ် ပြန်လည် ပျက်စီး ဖို့  လိုတာထက် ပို မြန်စွာပျက်စီးတာ ကို တွေ့ ရမှာပါ..

နောက်တစ်ခု က အော်ပရေးရှင်း ကို မြင်ရသူ အဖို့ လွယ်ကူတာထင်ပေမဲ့ တကယ်တန်းတွက်ချက် လုပ်ကိုင်ရသူတွေ မှာ လိုအပ်တဲ့ အရည်အချင်း ပြည့်ဝသူတွေ မှာ သာ ကောင်းသော ရလဒ် ကို တွေ့ ရတာပါ..

မသိသူတွေ က လွယ်သရောင် သိသရောင် လုပ်တတ် ပြောတတ်တာ ဓမ္မတာ ဆိုပေမဲ့  အော်ပရေးရှင်းမှာ အနှောက်အယှက် ဖြစ်တာတွေ တွေ့ ရမှာပါ..

အော်ပရေးရှင်း ကို သုံးသတ်ရာတွင်လည်း အင်ဂျင်နီယာ အလုပ် ကို အင်ဂျင်နီယာ က သုံးသတ်မှသာ အနည်းငယ် မှန်မှာပါ တော်တော်များများ မှန်ဖို့  လိုချင်ရင် အတွေ့ အကြုံ ရင့်ကျက် တဲ့ အင်ဂျင်နီယာကြီးတွေ အတတ်ပညာ ရှင်ကြီးတွေ ကမှသာ မှန်မှာပါ အဲဒါတောင် နည်းပညာ အသစ် တီထွင်မှု အသစ်တွေ အတွက်ဆိုရင် နည်းနည်းလေး တော့ လွဲ နိုင်သေးပါတယ်..

အော်ပရေး ရှင်း လုပ်ရာတွင် လိုအပ်သော လုံခြုံစိတ်ချရရေး လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး ပြီးမြှောက် အောင်မြင်ရေးတို့ ဟာ သူ့ နေရာနဲ့ သူ လိုအပ်တာတွေ ပါ..

အပြင်လူတွေ ဝင်ပါရင် ပွဲပျက်လိမ့်မယ် သီချင်းတောင် ရှိတာပဲ..

အော်ပရေးရှင်း တိုင်း လုံခြုံစိတ်ချစွာ ပြီးဆုံး နိုင်ကြပါစေ..

ငဝန်နဒီ


No comments:

Post a Comment