ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, June 10, 2012

တကယ်ဆိုရင် စာတွေ ထုတ်တာ သင်္ဘော အစီးလိုက် လမ်းလျှောက် ဆန္ဒပြတာ ခြေဖောဝမ်းရောင် ရခိုင်က ခံရသူအတွက် မထူး

တကယ်ဆိုရင် စာတွေ ထုတ်တာ တွေ ဆန္ဒပြတာတွေ က

ဘာလုပ်ပေးလို့ ရသလည်း ဆိုတာ ကို စဉ်းစားဖို့ လိုလာပါပြီ
ဆူပူတာကို တွန်းအားပေးတာပဲရှိနေမှာပါ..

အမှန်လုပ်သင့်တာက အခက်အခဲဖြစ်နေသူတွေ ကို ဘာကြောင့် အခက်အခဲဖြစ်တာလည်း လူဦးရေ နည်းလို့ လား

 လူဦးရေဖြည့်ပြီး ကာကွယ်ပေးလို့ ရမလား နေစရာပျောက်ရင် နေစရာ နားခိုစရာ

ဘယ်လိုလုပ်ပေးရမှာလည်း တွေးရမှာပါ စားစရာ မရှိရင် စားစရာစီစဉ်ဖို့ လုပ်ရမှာပါ..

 တစ်ခုခုဆို အစိုးရ ပြဿနာလို့ တွေးရင် မှားမှာပေါ့

အခုဆို ရခိုင်လက်နက် ကိုင်တွေ က ရခိုင်တွေ ကို မကာကွယ်ပေးနိုင်ဘူးလား

 စနစ် တကျ နဲ့  အခက်အခဲဖြစ်သူတွေ ကို

ဘယ်နေရာ မှာ ဘယ်သူ ပြန်မရောက် ရောက်လာအောင် ဘယ်လို ကူညီရမဲ့ အတွေးတွေ

 ဘယ်လို ကြိုးစားရင် ဘယ်လိုသက်သာမယ် ဆိုတာတွေ ကို လုပ်ရမှာပါ.

. ကိုယ်တိုင် မသွားနိုင်ရင် အနီးအနားက လူတွေ သွားကူ နိုင်အောင် သွားလာစရိတ် ထုတ်ပေးပြီး

လူအားကူညီတာ ငွေအား ကူညီတာတွေ လုပ်ရမှာ ကို လူစုပြီး ဆူပူဖို့ ရေးနေတာ မဟုတ်ပါ

လူအင်အားဖြည့်ပြီး ရခိုင်တွေ အသက်တွေ အိုးအိမ်တွေ ကာကွယ်ဖို့ အင်အားရယ် စိတ်အဟာရ ပေးစွမ်းနိုင်ဖို့ ပါ..

 ဘယ်လိုပဲဖြစ်ဖြစ် လုပ်လို့ ရတာတွေ

 လျှောက်လုပ်နေတာထက် လုပ်သင့်တာကို လုပ်နိုင်ပါစေ..


 သတင်းတွေ တင်နေတာ က ဘယ်မှာ အကူအညီ လိုနေတယ် ဘယ်လိုအခက်အခဲ တွေ ဘယ် လို စဉ်းစား နိုင်ပါစေ အတွေးနဲ့ ပါ..

ဆူပူတာ ကို အားပေးဖို့ မဟုတ်သလို ဆူပူသူတွေ ကို ဘယ်လိုဖြေရှင်းမယ် ဆိုတဲ့ အတွေးတွေ ရှိစေချင်တာပါ..

ဟိုလုပ်ဒီလုပ် ဆိုတာထက် လုပ်ရမည့်ဟာ တွေ ကို တထစ်ချင်း တရစ်ချင်း လုပ် နိုင်ကြပါစေ..

ငဝန်နဒီ

No comments:

Post a Comment