ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, July 7, 2012

အိမ်ပြန်ပို့ ကြပါလေ

ပြာလည်းကြွေ
ငါလည်းသေ

အခုထိ ဟိုရောက် ဒီရောက်
ခရီးကမပေါက်

မြန်ပြည်အလှမ်းမဝေးတာ
ဂျပန်ပြည်လေးမှာ

ငလျင်ကြောက်လိုက်ရ
ဆူနာမီပြေးမှ

ပြာဘဝမှာတောင်
မြေခမယောင်

မွေးရပ်မြေပြန်ဖို့ 
ငါအိမ်ပြန်ပို့ ။     ။

ငဝန်နဒီ

ဂျပန်တွင် ကွယ်လွန်သွားသော မိတ်ဆွေ တစ်ယောက်ရဲ့  ပြာ အခုထိ မြန်ပြည်လည်းမရောက် ရေလည်းမမျှော ဂျပန်ပြည်မှာလည်း ဂူမသွင်း ဟိုအနားထားလိုက် ဒီအနားထားလိုက် ဖြစ်နေတာ ကို ခံစားရေးဖွဲ့ ပါသည်..

No comments:

Post a Comment