ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, July 19, 2012

ဂျပန်မှာ အသုံးပြုပြီး ကားဝယ် တာ အလိမ်ခံရတာတွေ ထက် ကားဈေးတတ်ဖို့  ဖွနေတာလား ကားက နှစ်ကုန်ခါနီးလေ အမှိုက်ဖြစ်မှာမို့ ဈေးကျလေ

ဂျပန်မှာ အသုံးပြုပြီး ကားဝယ် တာ အလိမ်ခံရတာတွေက အခုမှ မဟုတ်ပါဘူး ကြာပါပြီ အလိမ်ခံရတဲ့ ကားတွေ တောင် ဆီတွေစားလို့  သိပ်တောင် မသုံးကျဘူး ဆိုပဲ

ကားဟောင်းသံရည်ကြို  ကားပါမစ် ရ အချိန် ကတည်း က စပြီး အလိမ်ခံနေရတာတဲ့ နည်းနည်းလေးစမ်းမှာ မှာသလောက်ကို အချိန်းခံရတာ..

အခုမှ ကားတွေ ဈေးတတ်အောင် ကုန်ကျစရိတ်တွေ များအောင် လုပ်နေတာတွေ ကြားရတော့ ဒီစာ ကို ရေးချင်တာ ကြာပါပြီ

အစီးရေ တစ်သောင်းနီးပါးလောက် ငြိတာတွေ ရော အအောင်းလွန်ပြီး ကားမထုတ်နိုင်ဖြစ်နေတာတွေ ရော

သွင်းထားတဲ့ ကားတွေ ဈေးတွေ ကကျပြီးရင်းကျလာတော့ ဈေးတတ်အောင် ကုန်ကျစရိတ်ပိုတတ်အောင်လုပ်ကြည့်တာတွေ တွေ့ ရတော့

ဂျပန်မှာက အခုဆို ၂၀၁၂ ကနေ ၂၀၁၃ကို ကူးတော့မယ် ဆိုပြီး ကားမော်ဒယ် အောက်တာတွေ မြန်မြန်ရောင်းထုတ်ရပါတယ် မရောင်းရင် အမှိုက်ဈေးပဲရမှာပါ

မြန်မာပြည် ကရော ၂၀၁၂ မှာ ၂၀၀၇ မော်ဒယ် အထက် လို့ ပြောထားတော့ ၂၀၁၃ ဆို ၂၀၀၈ အထက်ပဲ လုပ်ရတော့မယ် ဆိုရင် ဘယ် အချိန်မှာ နောက်ဆုံးဆိုတာ တွက် ရတော့မှာပါ..

အခု လပိုင်းဆိုတော်သေးတယ် နောက် နည်းနည်း တစ်လ နှစ်လ လောက် စွန်းရင် ကားတွေ ကို ဈေးချသင့်တာချပြီး ရောင်းကြပါတယ်

အဲလိုမှ မရောင်းရင် နောက်နှစ် ကို ကူးသွားပြီး ဝယ်မဲ့ သူ ကလည်းမရှိ ဆို အလိုလို နေရင်း နစ်နာတာတွေ ရှိမှာစိုးရပါတယ်..

ကွန်ပျူတာတွေ ဆို အခု အရမ်းဈေးပေါနေတာ ဝင်းဒိုး ရှစ် ထွက်တော့ မှာ ဆိုတော့..

မြန်မာပြည် က ဘဏ် အကောင့် ကို ကားကိစ္စပြီး ရင် ပိတ်မယ် လို ကြားပေမဲ့ အခု ပိုလွယ် လာအောင် ခွင့်ပြုတာတွေ ရှိလာနေပါတယ်

ကားအမှန်တကယ် ဝယ်မည့် သူ အရမ်းနည်းပြီး နိုင်ငံခြားငွေ အလုံးအရင်းလိုက် ဘဏ်အကောင့်ထဲ ဝင်မလာလို ပိုဖြေလျော့ လာတာလားတော့မသိ..

ကား သွင်းတာ နိုင်ငံခြားငွေ ပြနိုင်သူတွေ တုန်းကရော သင်္ဘောသား တွေ ရော အခု လူတိုင်းခွင့်ပြုချိန်ရော စုစုပေါင်းရင် တစ်သောင်းတောင် မရှိပါဘူး

ကားဟောင်းကနေ သွင်းခွင့် ကရော ၅သောင်းကျော် လောက်ပဲ ရှိသေးတော့ ဘယ်လိုတွက်တွက် ကားအစီးရေ တစ်သိန်းတောင် မရှိသေးပါဘူး

အဲလောက်နဲ့ တင် ကားဈေးကျတာကို ဆွဲတင်ဖို့ ကြိုးစား ကြမှာပါ..

နိုင်ငံခြားငွေ အဝင် ကို လိုချင်တာရော ကားကောင်းတွေ ရောက်ဖို့ ရောဆိုရင် နောက်ထပ် ကားသွင်းတာ ကို ဖြေလျော့ မှု ထပ် လုပ်ရမှာပါ...နိုင်ငံခြား လုပ်ငန်းတွေ ဒလဟောဝင်လာရင်တော့ တစ်မျိုးပေါ့

နိုင်ငံခြား လုပ်ငန်းဝင်မလို့  ကျန်နေသူတွေ ကရော ဒေါ်လာဈေး နည်းနည်း တတ်လာရော နောက်တော့ အနည်းငယ်တွန့် သွားမှာ သေချာတယ်
 ပြီးတော့ အက်အီးစီ ကလည်းရှိနေသေးတော့  တည်ငြိမ်ဖို့ ကတော့ နည်းနည်း တော့ လိုနေတာထက် ဈေး ကစားတာတွေ ရှိနေတာ ကတော့ သိပ်တော့ မကောင်းလှပေ..

ဘဏ်တွေ ကလည်း လိုသလောက် ဒေါ်လာ ရောင်းမပေးနိုင်တာကတော့ မြန်ပြည် ငွေ လည်ပတ်တာ ကို တွေ့  နေရတာပါ...

ဒေါ်လာဈေးတတ်ရင် အိပ်စ်စပို့  အတွက် ကောင်းပေမဲ့ ပြည်းတွင်းစားသောက် ကုန်တွေ ဈေးကြီးလာနိုင်သလို

စားစရိတ်တွေ တတ်လာရင် အလုပ်သမားတွေ ဆန္ဒ တွေ ပြတာတွေ ရှိလာ နိုင်တာပါ အဲ လိုဆိုရင် နိုင်ငံခြား ရင်းနှီးမြုပ်နှံ လိုသူတွေ အဝင်နည်းလာနိုင်ပါတယ်

တစ်ခုနဲ့ တစ်ခု ကဆက်စပ်နေတာပါ..

ဘယ်လိုပဲဖြစ်ဖြစ် မြန်ပြည် လမ်းသစ်မှာ အဖုအထစ်တွေ ထက် အနှောင့်အယှက် ကင်းနိုင်သမျှကင်းနိုင်ပါစေ

ငဝန်နဒီ

No comments:

Post a Comment