ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, July 13, 2012

အိမ်ဈေးတွေ ကို ကားဈေးလို ကျအောင်ချမည်

အိမ်ဈေး ကို ကားဈေးလို ကျအောင် ချမယ် ဆိုတော့ မီဒီယာ တစ်ခု က အခွန်တွေ တိုးကောက်မယ် ဘာတွေ ရေးလာတာတွေ့ ရပါတယ်

အခွန်တိုးကောက်တော့ အခွန်ကောက်တာ ကာမိအောင် ဈေးပိုတင်ရမှာပေါ့ ဈေးတောင်ပိုတတ်သွားပါဦးမယ်

အမှန်အကန်စာချုပ်စီစစ်ဖို့ တောင်လိုလာပါမယ်..

ဂျပန်မှာတော့ အိမ်ဈေးတွေ ကကြီးပါတယ် သို့ သော် နေရာတစ်ခုပတ်ဝန်းကျင်မှာပဲ ရှိတာတွေ့ ရတော့

ကြားရတာလေးတွေ နဲ့  ရေးပါမယ် မှန်တယ်လို မဆိုပါဘူး

အိမ်ဈေးတွေ က အသစ်မှာ ဈေးကြီးပါတယ် ပြီးရင် ၅ နှစ်လောက်လည်းကြာရော ဈေး က ၁၀% နှုန်းလောက် ကို ကျသွားတော့တာပါပဲ ၂၅ နှစ်လောက်ဆိုရင် ၅၀% နှုန်းလောက်ပဲ ရှိတော့တာပါ

ဒါဟာ တကယ်ဈေးတွေ ပါ ဘာကြောင့် လျော့သွားတာလည်းပေါ့

အစိုးရက အိမ်ကို ၄၅ နှစ် သက်တမ်းပဲ သတ်မှတ်ထားတာပါ ကျော်ရင် ထိန်းသိမ်းပြုပြင်ပြီး သက်တမ်းထပ်တိုးရတယ်ပြောပါတယ်..

နောက်တစ်ကြိမ်ပဲ တိုးခွင့် ပေးတယ် ပြုပြင်ထိန်းသိမ်းစရိတ် ကလည်း စစချင်းအိမ်ထက် ၄ဆ ၅ဆ လောက်ကို တတ်သွားတာ အိမ်ငှားနေတာရဲ့ သုံးပုံတစ်ပုံလောက်ကို ရှိတာပါ

အဲလိုဆိုတော့ နေထိုင်သူတွေ အတွက် စိတ်လည်းချရပါတယ် အိမ်ဈေးကလည်း ဝယ်ပြီးတာနဲ့ နေသလောက် တန်ဖိုးက ကျပြီးရင်းကျလာပါတယ်..

အိမ်အသစ်တွေလည်း ထပ်ထပ်ဆောက် ဒီဇိုင်းအသစ်အဟောင်း ကအစ ဘယ်နှစ်ခုနှစ်လောက်က ဆောက်တာကို ပါ မှန်းလို့ ရပါတယ်..

ရေစိမ်ကန် ပုံစံ ဘယ်လိုဆို ဘယ်နှစ်ခုနှစ် က ဘယ်နှစ်နှစ် ကြာပြီဆိုတာ မှန်းလို့ ရသလို အိမ်ရဲ့ ရာဇဝင် ကို အိမ်ရောင်းတာနဲ့  ပြန်ပြင်ရင် ပြန်ပြင်တဲ့ ခုနှစ် ကို ရေးပြီးမှ ရောင်းရပါတယ်

မြန်မာပြည် မှာ ကားဈေး ကျသလို အိမ်ဈေးပါ အဲလို ကျလာရင် လူတွေ တော်တော် များများအတွက် အဆင်ပြေမှာပါ..

အစိုးရဝန်ထမ်း လခစားဝန်ထမ်းတို့  မြန်မာနိုင်ငံသား ဆို ပြီး အိမ်ကို အစိုးရ က ဆောက်ပြီးသားတွေ အရစ်ကျ ရောင်း လို့ ကတော့ အိမ်ဆိုတာ ဝယ်ထားစရာမလို ဖြစ်သွားမှာပါ..

အစိုးရလည်းပြည်သူပြည်သားတွေ ကို ကြည့်သလို ပြည်သူတွေ ကလည်း အစိုးရကို အခွန်ထမ်းသူတွေ ဖြစ်လာမှာပါ..

မြေကွက်ပေးပြီးအိမ်ဈေးတတ်အောင် လုပ်ပြီးပြီဆိုတော့  အိမ်ခန်းတွေ အကောင်းတွေ အရင်ဆောက် ဈေးပေါပေါ ချလိုက်ရင် အိမ်ဈေး တွေ မြေဈေးတွေ လူတိုင်းလက်လှမ်းမှီနိုင်တော့မှာပါ..

ကားဈေးတွေ ကျပေမဲ့ လူတွေ သိပ်မစီးသေးတာ က လူတွေ က လက်ထဲ ကို ကိုယ်တိုင်ဝယ်ခွင့် မလွယ်ကူသေးလို့ ပါ..

ကိုယ်တိုင် အော်ဒါမှာကိုယ်တိုင် အခွန်ဆောင် ဆို ဝယ်စီးမယ့် သူတွေ များလာမှာပါ

လွတ်လပ်ခွင့်နဲ့  အတူ  တိုးတက်ခေတ်မှီ တာတွေ က လိုက်လာမှာပါ..

ငဝန်နဒီ

No comments:

Post a Comment