ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, August 31, 2012

Black List ဆိုတာထက် ဒီမိုကရေစီနိုင်ငံဆိုရင်

အခု Black List ဆိုတာထက် မြန်ပြည်သားတွေ အတွက် ဒီမိုကရေစီနိုင်ငံဆိုတာ ကို ပြောချင်ရင်

ဘယ်နိုင်ငံမှာ မြန်ပြည်သား ဘယ်နှစ်ယောက် ဘာတွေ အကူအညီပေးတယ်ဆိုတာတွေ က အဓိက ကျမှာပါ

အခုလဲ အမဲစာရင်းမှာပါလည်း ပြန်လို့ ရတာတွေ ခွင့်ပြုတာတွေ ရှိနေပါတယ်

အချိန်တန် လက်မှတ် ခံဝန်ထိုး ပြန်လို့ ရတဲ့ မြန်ပြည်ပါ..

တစ်ခု ရှိတာက ဒီမိုကရေစီနိုင်ငံတည်ဆောက် နေပါပြီ ဆိုချိန်မှာ

အာဏာရှင်လက်ထက် က အမဲစာရင်း ကို ထုတ်ပြောလိုက်တာကမှ

စစ်အာဏာရှင် နောက်မှာ ကြိုးကိုင်နေတာ ကို မသိမသာ ဖွင့်ဟလိုက်သလိုများဖြစ်နေမလားပေါ့

ဘယ်လိုပဲဖြစ်ဖြစ်အဲလို အတွေးတွေ ခဏထားလိုက်ပြီး ဒီမိုကရေစီတည်ဆောက်နေချိန် မှာ

ဘယ်တိုင်းပြည်မှာ မြန်ပြည်သား ဘယ်နှစ်ယောက် ဘယ်နှစ်ယောက်ကတော့ ဘယ်နိုင်ငံသားခံယူသွားတာတို့ 

မြန်ပြည်သား ဘယ်သူတွေ ကို ဘယ်လို ကူညီနေတာတို့  မြန်ပြည် ကို လှူတန်းလိုသူတွေ ကို ပူးပေါင်း ကူညီဆောင်ရွက်ပေးတာတို့ ကမှ မြန်ပြည် ဒီမိုကရေစီ ခြေလှမ်း အမှန်ဖြစ်နေမှာပါ...

မြန်ပြည် ဒီမိုကရေစီ တည်ဆောက်ရာမှာ နောက်ပြဿနာ ရှင်းနေတာနဲ့ တင် နှစ်တွေ တော်တော် ကြာမှာလားပေါ့...

မြန်ပြည်သားတိုင်း၏ အကျိုး ကို အနည်းငယ်ကြည့် ယုံမျှဖြင့် ဒီမိုကရေစီ လမ်းပိုမိုဖြောင့်ဖြူးစေရန် ရည်သန်ပါသည်။

ငဝန်နဒီ

No comments:

Post a Comment