ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, September 12, 2012

အီလယ်လယ် ဒီမိုကရေစီ မဖြစ်စေဖို့ ထွေထွေရာရာ ပြည်မြန်မာ

စာ ကတော့ ရေးချင်တာ အတော်ကြာပါပြီ ဟိုအပြစ်တင် ဒီအပြစ်တင် စာတွေ မရေးချင်တာရယ် အပြုသဘောဆောင်တာတွေ ကို ပဲ ရေးချင်တာပါ

မြန်ပြည် ဒီမိုကရေစီ မှာ အခု ဆို အီလယ်လယ် ဖြစ်နေတာတွေ့ ရပါတယ်

အရင် က တရား ဥပဒေ စိုးမိုးရေး အရေးကြီးတယ် ပြောနေကြတာတွေ

တကယ် ဥပဒေ ကို ကိုင်တွယ် ပြင်ဖို့  အခွင့် ရတော့ အခုဆို ရက်အတော်ကြာပါပြီ

ထူးထူးခြားခြား ဘာမှ မကြားရပါဘူး

တကယ်တော့ ပြင် မယ်ဆိုတာနဲ့  အခွင့် အာဏာ ရှိရုံ နဲ့  လုပ်မရတာ သက်သေ တစ်ခုတွေ့ ရမှာပါ

သိလို့ တတ်လို့ ရေးနေတာ မဟုတ်ပါဘူး

တကယ်သိတဲ့ တတ်တဲ့ သူတွေ ကို နေရာ မပေးတာ ကို တွေ့ ရလို့  ဒီမိုကရေဒီ အီလယ်လယ် ဖြစ်လာတာ တွေ့ လို့ ပါ...

ဥပဒေ ကို ပြင်ရင် တကယ့်ပညာရှင် ဘယ်သူတွေ ရှိတယ် သူတို့ ပြောတဲ့ အတိုင်း လုပ်ဖို့ မဟုတ်ပါဘူး အကြံဥာဏ် ယူဖို့  ပြောတာပါ အသုံးချတတ်အောင် လုပ်ဆောင်တတ်ဖို့ ပဲ လိုပါတယ်..

ဘယ်နေရာ ကစပြင်မှာတို့ ကို ကြည့် ရမှာပါ..

အခြေ ကို စပြင် ရမှာ ဆိုပေမဲ့ အထိအရှ အနည်းဆုံး ကိုစဉ်းစား ပြီး ပြင်ရမှာပါ..

ဒီမိုကရေစီမှာ လူတစ်ဦးချင်း ကို ကြည့်မလား

အဖွဲ့ အစည်း ကို ကြည့်မလား  တိုင်း အလိုက် ပြည်နယ်အလိုက် ကြည့်မလား နိုင်ငံတော် အပိုင်း ကို ကြည့်မလားပေါ့

ဘယ်သူ ကဘယ်တာဝန် ဘယ်သူက ဘယ်တာဝန် အပိုင်းခွဲ  ဒီ တစ်ပတ် ဘာအပိုင်းဆွေးနွေး အဆုံးသတ် ပြီးရင် အမှန် အမှား တစ်ရက်ကနေ နှစ်ရက် အချိန်ပေး လုပ်ရင် တစ်ပတ် တစ်မျိုး တော့ အဖြေရမှာပါ..

အမှန်ကြီးပဲ ထွက်လာနိုင်တာတော့ မဖြစ်နိုင်ပါဘူး ဘယ်နိုင်ငံမှာမဆို ပြီးပြည့်စုံတာတော့ မဟုတ်ပါဘူး
အခြေအနေ အချိန် အခါ နဲ့ ပြောင်းနေမှာ ပါ မကောင်းရင် နောက်လူတွေ ထပ် ပြင် ရမှာပါ..

မိမိလက်ထက် မှာ အမှား အနည်းဆုံးလုပ်ပေးဖို့ သာ အရေးကြီးတာပါ..

ဒီမိုကရေစီ နိုင်ငံ ဖြစ်ဖို့ တောင် နှစ်နှစ်ဆယ်ကျော် ကြာတာတော့ မဆန်းပေမဲ့ ရတာ ကို အမြန်ဆုံး အသုံးချ တတ်သူတွေ လိုနေတာ ကို ဆွဲယူ အသုံးချ နေရာပေးဖို့  လိုနေပါတယ်..

ကွန်ပျူတာနဲ့ ရေးမှ ဥပဒေ ထွက် မှာ မဟုတ်ပါဘူး စာရွက်တွေ ခဲတံတွေ ဘောပင်တွေ ကလည်း ပေထက် အက္ခရာ တင်လို့ ရပါတယ် အရေးကြီးတာ အကျိုးပြု ဥပဒေ မြန်ဆန်ဖို့ လိုတာပါ..

ဒီနေရာ မှာတစ်ခု ရှိတာက

မြန်မာ ပြည်ဟာ မြန်မာပြည်သား တွေ ကို တန်ဖိုးထားတာ မြန်ပြည်သားတွေ သိဖို့ လိုပါတယ်

သမ္မတတောင် နိုင်ငံခြား အထောက်အပံ ပတ်သက်ရာ ဆွေမျိုးနီးစပ်ရှိရင်တောင် ဖြစ်ခွင့်မရှိတာပါ

နိုင်ငံကြီးတဲ့ အမေရိကန်နဲ့ မတူတာက ကိုယ့် တိုင်းပြည် ကိုယ်လူမျိုး ကို အလေးထားတာပါ

မြန်မာပြည်မှာမွေးဖွားသူဖြစ်ပါစေ တိုင်းတစ်ပါးနိုင်ငံသားခံ ယူသွားပါက မြန်မာဒီမိုကရေဒီရေး ကို အကြံပြုလို့ ရပေမဲ့

မြန်ပြည်က လိုက်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ မြန်မာ နိုင်ငံသားတွေ သဘောပါ..

လိုတာထက်ပိုလာရင် မြန်ပြည်မှာမွေးလည်း တိုင်းတစ်ပါးသားဖြစ်သွားသူ ဖြစ်တဲ့အတွက် မြန်မာ ဒီမိုကရေစီရေး ကို ဝင်စွက်ဖက်တာ ဖြစ်နေမှာပါ..

မြန်ပြည်အရေး ကို မြန်ပြည်သားစစ်စစ်တွေ သာ ရေးသားလုပ်ဆောင်ခွင့်ရှိတာပါ..

တိုင်းတစ်ပါး အလံ အလေးပြုပြီးရင် မြန်ပြည် အရေး ကို လိုသလောက်သာ အကြံပြုခွင့်ရှိတာပါ..

နိုင်ငံတိုင်းဟာ သူနိုင်ငံသား အရေးသာ နံပါတ်တစ်ပါ..တိုင်းတစ်ပါးသား ကို ကြည့်သင့်သလောက်သာကြည့်မှာပါ..

နိုင်ငံခြားသားလက်ခံမှ နိုင်ငံတကာဝင်ဆန့် တယ် ဆိုတာ ဘယ်နိုင်ငံမှာမှ မရှိသေးပါဘူး..

နိုင်ငံတကာရောက် မြန်မာတွေ မြန်မာ အရေး ပြောချင်ရေးချင် ရင် ဘယ်တိုင်းပြည်ရောက်ရောက် ဘယ်လောက်ကောင်းကောင်း မြန်မာပြည်သား ဆိုတဲ့ အရာကို မစွန့် လွတ်မချင်း ပြောဆိုရေးသားလို့ ရနေမှာပါ..

ငဝန်နဒီ

No comments:

Post a Comment