ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, September 16, 2012

အိုင်ဖုန်း ၅ ဝယ် ဖို့ မယ်ဆိုရင် လိုအပ်တာက.နည်းနည်း ဝယ်သင့်တာက

အိုင်ဖုန်း ၅ ကို ဝယ်ရင် သတိထားရမှာက..

ဘက္ထရီ အားသွင်း ကြိုး မတူတော့ပါ

အဲဒီမှာ Airplay ရှိတဲ့ စပီကာတွေ နဲ့ တွဲမှ အဆင်ပြေမှာပါ

အရင်လို အထိုင်ရှိ ပလေယာတွေနဲ့  အဆင်မပြေတာပါ

အဲဒီနေရာမှာ ကော်နက်တာ တဆင့်ခံတာ လိုလာပါတယ်

ကောင်းတော့ ကောင်းပါတယ်  တိုက်ရိုက်ဆက်သလောက်မကောင်းတာပါ

အိုင်ပက်စ် နဲ့ တုန်းက HDMI အတွက်တဆင့်ခံသုံးတာ ကြာတော့ သုံးရတာ လက်ဝင်လာတာပါ..

Airplay ပလေယာတွေ သုံးတာတော့ အဆင်ပြေပါတယ်

ဈေးသက်သာတာကတော့ Apple TV ဝယ်ရင်တော့ အနည်းငယ်သက်သာပါတယ် ယန်း ၈၈၀၀ တော့ ရှိတာပေါ့

ပလေယာ အထိုင်မှာ အောတီကယ် အပေါက် အဝင်ရှိရင် တော်တော် အသံကောင်းတာတွေ့ ရမှာပါ..

အဲလိုမှ မဟုတ်ရင် Airplay စက်အသစ်တွေ က ယန်း တစ်သောင်း အထက်ကနေစပြီး အသံထွက် အတန်အသင့်သာ ကောင်းတာ ကို တွေ့ ရမှာပါ..

ကြားခံ နက်ဝပ်ကော်နက်တာတွေ က တော်တော်လေး ဈေးကြီးပါတယ် ယန်း ၂သောင်းကျော်ကနေစပြီး
၂၄ Bit ပဲရမှာပါ ၃၂ Bit ဆို နောက် တစ်သောင်းလောက် ထပ် လိုက်ရမှာပါ

ဒါက အားသွင်းတာ အထိုင်လေးပြောင်းသွားတော့ နောက်က လိုက်ရမယ့် ငွေတွေပါ..

အီးယားဖုန်း အပေါက်ကနေ အသံထုတ်တာ Airplay ကလောက် မကောင်းပါဘူး

ဟိုသယ်ဒီသယ် လိုသလို နားထောင်လို့ ရတာ Airplay သုံးမှ ကောင်းမှာပါ..

နောက်တစ်ခုကတော့ အီးယားဖုန်း စတိုင်အသစ် ကို တွေ့ ရမှာပါ

အဲဒါကတော့ အိုင်ဖုန်း ၅ ကို ဝယ်သင့်ပါတယ်

နောက်တစ်မျိုးကတော့ LTE ပါ အဲဒါကတော့ တကယ့် အရေးပါတဲ့ နည်းပညာအသစ်ပါ

၁၀၀ မက်စ် အထိ အမြန်ရှိတယ်ဆိုတော့ တကယ်သုံးလို့ ရတဲ့ တိုင်းပြည်ဆိုရင် အတော်ကို အရမ်းကောင်းတဲ့

အဖြစ်ပါ..

အဲတစ်ခုနဲ့  အချိန်ကို ငွေပေးဝယ်သလိုဖြစ်ပြီး

အိုင်ဖုန်း ၅ ကိုင်လို့ အချိန် အနည်းဆုံး တစ်ရက် ကို ၁နာရီ ကနေ ၃၀ မိနစ်လောက်ကတော့ အချိန်ပိုလာ မှာပါ တစ်လဆို နာရီ ၃၀ ဆိုတော့

အိုင်ဖုန်း ၅ က ဝယ်သင့်ပါတယ်

သတိပေးတာတွေ ကဒ်တွေ သိမ်းလို့ ရတာတွေ စကရင် ကျယ်လာတွေ ကတော့ ရင်မခုန်လောက်ပါဘူး

နောက်တစ်ခု ကတော့

ကင်မရာ သွားလေရာ သယ်သူတွေ အချိန်နည်းနည်းနဲ့  ပုံကောင်းကောင်း လိုချင်သူ ကိုယ်ဘယ်ရောက်နေတာ ကို မျှဝေချင်သူတွေ ပုံ၎ ၅ ပုံ ရိုက်စရာ နေရာ မှာ တစ်ပုံနဲ့ တင် ချက်ချင်း ပို့ နိုင်တာရယ် မြင်ကွင်း လှလှ ကို တစ်ခါတည်းနဲ့  လုပ်လို့ ရတဲ့ ကင်မရာ ပါလာပေးတာပါ

ပါနိုရာ မား က အချိန်ကို သက်သာစေတာရယ် တစ်ပုံတည်းနဲ့  အဆင်ပြေတာရယ်ပါ..

နောက်တစ်ခုကတော့

Facetime ပါ ဗီဒီယို ဖုန်းခေါ်တာ ကို LTE ရယ် Iso 6 က လွယ်ကူအောင် လုပ်ဆောင်ပေးနိုင်တာပါ

ကမ္ဘာရွာ ဆိုတာ က ဘယ်ရောက်ရောက် ချက်ချင်း အများ ကို မျှဝယ်ပြသ လို့ ရတာရယ် ကျန်တဲ့သူ ပါ သူရောက်သလို ပေးစွမ်းနိုင်တာပါ ကွန်နက်ရှင် က အရမ်းကောင်းတဲ့ ဆက်သွယ်မှုဆိုတော့

အိုင်ဖုန်း ၅ က ဝယ်သင့်ပါတယ်..

နောက်တစ်ခါ ထပ်ထွက်မယ့် ဖုန်း ကျရင် ဘက်ထရီ အားသွင်း တာ ကြိုးမဲ့ ဖြစ်လာနိုင်တော့

ကြိုးမဲ့ လိုချင်သူတွေ တော့ အနည်းငယ်တော့ စောင့်ရအုံးမှာပါ..

အချုပ်ဆိုရရင်

Ear Phone အရ

LTE အရ

Facetime အရ

Panorama အရ

ဝယ်သင့်သော အချက်တွေ ပါ...

ဒီလိုရေးဖြစ်တာ က မြန်မာတွေ နည်းပညာသစ်တွေ ကို သုံးရင်း မြန်ပြည် ကို နည်းပညာ အသစ်တွေ ပေးပို့ မိတ်ဆက်စေချင် လို့ ပါ..

မြန်ပြည်မှ ကောင်းကောင်း သုံးလို့ မရနိုင်သေးတာ ဆက်သွယ်ရေး က တာဝါတိုင်တွေ အင်တာနက် စပိ ကို တင်လိုက်တာနဲ့ 

မြန်ပြည်လည်း ကမ္ဘာရွာ ချက်ချင်း ဖြစ်သွား နိုင်တာပါ..

မြန်ပြည်က ဆက်သွယ်ရေး အဆင့်မြှင့် လာရင် တိုင်းပြည် တိုးတတ်ဖို့  မဝေးပါဘူး

အိုင်ဖုန်း၅ က မြန်ပြည် အတွက်ဆို ကွန်ပျူတာ မကိုင်လိုသူ လူကြီးတွေ အတွက် တကယ်ကို သက်တောင့်သက်သာပါ...

ဂျပန်မှာကတော့ အခု ပစ္စည်းတစ်ခုထွက် ချက်ချင်း ဂျပန်လို ဘာသာပြန် ချက်ချင်းအဲဒီစာအုပ်ဝယ်လို့ ရတာပါ..

မြန်မာပြည်မှာက သိတဲ့သူ ကလည်း မမျှဝယ်ချင် တော့ ဒီလိုရေးပြီး သိသလောက်ရေး ရတာပါ..

ပြည်မြန်မာ မှာ ဆက်သွယ်ရေး က မပေးသေးလို့ ပါ ဆက်သွယ်ရေး က အင်တာနက်စပိ ဒီနေ့ တင် ဒီနေ့ ချက်ချင်း သုံးလို့ ရတဲ့ စနစ် ဟောင်း ကရှိပြီးသားပါ မသိမသာ ပိတ်ထားသေးလို့ ပါ..

အရမ်းလွယ်တဲ့နည်းပညာ ကို နှေးအောင်လုပ်ထားလို့ ပါ...

တတ်သူတွေ ကတော့ မိမိဟာမိမိ အင်တာနက် တနေရာ မှာပဲထားပြီး အဝေးကြီး မိုင် ၅၀ ကနေ လှမ်းဆွဲလို့  ရတဲ့ စက်တွေ ချက်ချင်းတတ်လို့ ရပါတယ်

ကွန်နက်ရှင်စပိ အခု အိုင်ဖုန်း ၅ လောက်တော့ ရနိုင်တာပါ...

ငဝန်နဒီ

No comments:

Post a Comment