ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး
Sunday, September 30, 2012
ဒီမိုကရေစီမှာ ...ဖာ လို့ တော့ မအော်နဲ့  ခွင့်မပြုဘူး
အညာရွာက ကို အညာသား ထန်းပင်ကြီး ကြည့်ပြီး
ထန်းရည် ကလည်း ရောင်းမကောင်း ထန်းလျက် ကလည်း သိပ်မရောင်းရ ဆိုတော့
ထန်းခေါက်ဖာ တွေ ယက်ရောင်းမှ ဆိုပြီး လုပ်သတဲ့
ဒီလိုနဲ့ ထန်းခေါက်ဖာ တွေ လည်း ယက်ပြီးရော ရန်ကုန် ဆင်းပြီးရောင်းမယ် လုပ်တော့
လူတွေ က တစ်ခုခုဆို နေပြည်တော် ဆိုတာကြီး ပြောပြော နေတော့
အဲဒီမှာတော့ လူတွေ တော်တော်စည်ပြီးရောင်းကောင်းမယ်ဆိုတဲ့ အတွေးနဲ့ နေပြည်တော် ကို
ဖာတွေ ရောင်းဖို့ သွားသတဲ့
ဟိုလည်းရောက်ရော ဘယ်မှာရောင်းရမှန်းမသိဖြစ်နေသတဲ့
ဒီလိုနဲ့ လူတွေ ဝင်လိုက်ထွက်လိုက် အရမ်းများတဲ့ အဆောက်အဦး ကြီး နား ကို ရောက်သွားရောသတဲ့
လွတ်တော် ဆိုတာ ကို ကို အညာသား သိမှမသိဘဲ ကိုး
ဒီလိုနဲ့  သူ က ထန်းခေါက်ဖာတွေ ကို လူတွေ လည်းမြန်မြန်သိအောင် အတိုလည်းခေါ်လို့ ကောင်းဆိုပြီး
ဖာ လို့ အော်ပြီးရောင်းရင် ကောင်းမယ်ထင်တယ် ဆိုပြီး တွေးနေတုန်း
အဆောက်အဦးကြီး အထဲ က..
ဒီမိုကရေစီ ...ဒီမိုကရေစီ ...ဒီမိုကရေစီ  ဒီမိုကရေစီ..ဒီမိုကရေစီ ..
အော်သံတွေ ကြားတော့ ကိုအညာသား ဒီမိုကရေစီ ကို အထဲ မှာ အော်ရောင်းနေတာ ထင်ပြီး
သူကလည်း အား ကျမခံ  ဖာ...တွေရမယ်....ဖာ...ဖာ ဖာ...
အော်သတဲ့
ဒီလိုနဲ့  ဒီမိုကရေ စီ လို့  အထဲ က ကျယ်ကျယ် အော်လေ အပြင် က ဖာ လို့ ကျယ်ကျယ်အော် တော့
လမ်းသွားလမ်းလာတွေ က အထူးအဆန်းဆိုပြီး လာကြည့် ကြတော့ လူတွေ အတော် များလာသတဲ့
ဒီမိုကရေစီ ဖာ ဆိုတာကြီး ကဘာ လည်းပေါ့
အဲဒါနဲ့ လွတ်တော်ထဲ ကသိပြီး ကို အညာသား ကို ဘာလို့ ဖာ လို့ အော်တာလည်းပေါ့..
သူထန်းခေါက်ဖာ လာရောင်းတာပါ ထန်းခေါက်ဖာ ကို ဖာ ဆိုပြီးအော်ရောင်းတာပါ လို့ ပြောသတဲ့
ဒါနဲ့ လွတ်တော် က 
ဖာ လို့ အော်တာကို တော့ ခွင့်မပြုဘူး ထန်းခေါက်ဖာလို့ အော်ရောင်းမှ ခွင့်ပြုမယ် ပြောလိုက်သတဲ့...
ငဝန်နဒီ       
မြန်ပြည်ဒီမိုကရေစီ ကို လုပ်ချင်တိုင်း လုပ်ရန် အတွက် မြန်ပြည်သားတိုင်းခွင့်ပြုရန် မလိုသလို မြန်ပြည်သားတိုင်းတာဝန်ရှိပေသည်။
No comments:
Post a Comment