ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, November 13, 2012

ငလျင် အတွက် ဆောင်ထားရန် ရှောင်ရန် အချက်တစ်ချို့ 

ငလျင် ဖြစ်လာလျှင် တော်တော်များများ ဘာလုပ်ရမှန်းမသိဖြစ်တတ်ကြပါတယ်

ကြိုတင်ပြီး ဘာလုပ်လို့ ရသလဲ ဆိုတော့

ရေဗူး တွေ ကို အိမ်အပြင်မှာ ဆောင်ထားရပါတယ်  ၂ လီတာဗူး တွေ ကို အဆင်ပြေသလောက် တစ်ပတ်စာ သောက်စရာ ရှိအောင် မိမိ မိသားစု လူဦးရေ ကို တွက်ပြီး ဆောင်ထား သင့်ပါတယ်

အစာ ကတော့ အစာခြောက် အထုပ်တွေ အစာဗူးတွေ ကြာကြာထားလို့ ရတဲ့ အစာတွေ တစ်ပတ်စာ နှစ်ပတ်စာလောက် ဆောင်ထားသင့်ပါတယ်

အိမ်သာသုံးစက္ကူ ရယ် ပလပ်စတစ်အိတ်တွေ အလေးသွားရန် လိုအပ်လျှင်သုံးရန် ဆောင်ထားရပေမည်

အပြို အပျက်တွေ နဲ့  အလေးသွားရန် အခက်အခဲတွေ ဖြစ်တတ်ပါသည်။ ရောဂါတွေ မဖြစ်အောင်ကြိုတင်ကာကွယ်ခြင်းဖြစ်စေရန် အတွက်သာ။

အေးသောဒေသဖြစ်ပါက အလူမီနီယံစ ၃ ပေ ၆ပေ လောက် လူတစ်ကိုယ်စာ လူတစ်ယောက်လျှင် တစ်ခု နှုန်းဖြင့် ဆောင်ရပေမည်

မီးလောင်လျှင် အပူဒဏ် အေးလျှင် အအေးဒဏ် ခံနိုင်ပေမည်။

ဆေးအမြဲသောက်ရသူများ ဆေး ကို အလွယ်တကူ ထုပ်ပိုးထားပြီး မိမိ နှင့် တစ်ပါတည်းဆောင်ထားရပေမည်။အလွယ်တကူ ရနိုင်သောနေရာတွင်ထားရပေမည်။

လက်အိပ်။

နှာခေါင်းစည်း။

ကြိုး။

ဂွမ်း။

ပတ်တီး။
အရက်ပျံ။လိမ်းဆေး။ဒဏ်ရာ သက်သာစေသော ဆေး။

ပလာစတာ။

မိုးရွာလျှင်မိုးလုံစေသော ပလပ်စတစ်စ။ ၆ ပေပတ်လည်နီးပါး။

လက်လှည့် ဓာတ်မီး။ရေဒီယို။အသံပြုစက်။၃မျိုးတစ်ခါတည်းပါ။

ခရာ။

မိသားစုဝင်များကို တစ်ခုခုဆိုလျှင် ဆုံမိဆုံမှတ် ကွင်း။နေရာ။ကျောင်း။ကြိုတင်ပြောကြားထားခြင်းများရှိရပေမည်။

သတိထားရမည့် အရာကား

မိမိအိမ်တွင် မိမိ အိပ်သော နေရာထက်မြင့် ဘီဒို စင် တို့ ကို ပြောင်းပြီးအိပ်သောနေရာ နှင့်ဝေးသောနေရာတွင်ထားရပေမည်။

အိမ်တံခါးများ ကို ငလျင်လှုပ်သည်နှင့် ဖွင့်ထားရပေမည်။
ငလျင်ကြောင့်တစ်ခါးဖွင့်မရဖြစ်တတ်ပေသည်။

ဖြစ်နိုင်လျှင် မိမိထက်မြင့်သောစင် ဘီဒို ရှိသော နေရာတွင် မအိပ်အပ်ပေ။

ငလျင်လှုပ်လျှင် အိမ်အပြင်သို့  အန္တရာယ် မရှိလျှင် ပြေးထွက် နိုင်က ပြေးထွက်ပြီး ကွင်းပြင်တွင် ငလျင် ကို ရှောင်သင့်သည်။

အိမ်ထဲမှ ပြေးမထွက် နိုင်လျှင် စားပွဲခုံအောက်တွင် ခိုနေသင့်ပေသည်။

မြန်ပြည်တွင် ငလျင်ဒဏ်ခံ အဆောက်အဦး နောက်ပိုင်း ဆောက်လာလျှင် ငလျင်ဒဏ် ကို တော်ရုံဆိုလျှင် ကြောက်စရာရှိမည်မဟုတ်ပေ။

ငလျင်ဘေးမှ ကင်းဝေးနိုင်ကြပါစေ။

ငဝန်နဒီ

No comments:

Post a Comment