ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, November 27, 2012

ဖြာထွက်သွားသော အတွေးအမျှင်

စာတွေရေးတော့ တချို့ ဟာတွေက ရေးချင်တာတွေရေးလိုက်တာ ဘယ်လို အတွေးတွေ ဘာ အတွက်ရေးတာ တွေ ကို ဘာသာ ပြန်ဖို့ လို လာ တာ ကို တွေ့ နေရပါတယ်

တလော က ဆူနာမီ က မညာ ဘူး ဆိုတာ ရေးလိုက်တာ စာလုံးပေါင်းသတ်ပုံ မှားတယ်လို့  ထင်တဲ့ သူ က ထင်လာတာ တွေ့ ရတော့ ဘာပြောရမှန်း ကို မသိ။

မညာ တာ ကို ဆို လို ချင်တာ က မှန်မှန် ကန်ကန် ဆူနာမီ ကို ဆို ချင်တာ ပါ

ပိုဆိုးသွားပြီလားမသိ

ဆူနာမီ ကောင်းတာတွေသယ်လာတာမဟုတ် ရေနဲ့ ဝါးမျို ဖို့ လာတာ အသေအပျောက် များများ
လုပ်သူပါ ပြီးရင် သူ မဟုတ်သလို နဲ့ 

ညှာတာ မှုမရှိ လို့  တော်တော် များများ က ထင်တာ

မညာဘူး မလိမ်ဘူး တည့်တည့်ဝါးဝါး ပြီးမှ နောက်ပြန်ဆုတ်တာ ဆိုတော့

မညှာတာထက်ဆိုးလို့  မညာဘူး လို့  ရေးတာပါ

အဲလို လေးတွေရေးချင်လို့  ဒီစာမျက်နှာ ဖြစ်လာတာပါ။

မနေ့ က တေးရေးဆရာ စိုင်းခမ်းလိတ်ရဲ့ စက်ဘီးတို့  ရန်ကုန်က လ ဆိုတာတွေ က ဘာပြောမှန်းမသိသူတွေ များနေမှာပါ

အဆိုတော်စိုင်းထီးဆိုင် ဆိုခဲ့တဲ့ အပြာရောင်မျက်ရည်ဆို လည်း

အပျိုစင် မိန်းကလေး ရဲ့  ချစ်သူ က သူချစ်သူ မျက်ရည် ကျတာ တစ်သက်မှာတစ်ခါ
ဒီလို မျက်ရည်ရဲ့ တန်ဖိုး က နောက်တစ်ကြိမ်ထပ်ကျလို့  မရလို့  ကျတဲ့ မျက်ရည် မသုတ်နဲ့  လို့ ပြောတာ ဘယ်လောက်ကောင်းတဲ့ တေး လည်း

မသိသူကတော့ ဘာပြောမှန်းမသိ

တေးရေး တေးဆို ထူးအိမ်သင်ဆို သူ့ တစ်သက် သူ့ နှလုံးသား ကစီးဆင်းတဲ့ တေးတွေကိုပဲ ရေးခဲ့တာပါ ဆိုခဲ့တာပါ. တစ်ပါးသူ ရင်ဘတ်တွေ အသုံးချဖို့ အတွက် ဘာမှထွက်မလာ တာ သူ လောက ကို နုတ်ဆက်သွားတဲ့ အထိပေါ့

အတွေးတွေ အမျှင်တွေက ဆုံးမယ်မထင် နောက်မှဆက်ပါမည်။

ငဝန်နဒီ

No comments:

Post a Comment